မြန်မာ့ကျောက်မျက် အရောင်အသွေး အပိုင်း ၁ (စိန်၊ ပတ္တမြားနဲ့ နီလာ)

In this photo from the Smithsonian Institution,The Hope Diamond is seen in Washington. The famed diamond glows a mysterious red when exposed to ultraviolet light, a finding that scientists say can help them "fingerprint" diamonds and tell the real ones fr

ဒီတပတ်တော့ စိန်ရဲ့ အရောင်အသွေးတွေနဲ့ မြန်မာ့ အဖိုးတန်ကျောက်မျက်ဖြစ်တဲ့ ပတ္တမြားနဲ့ နီလာတွေရဲ့ အရောင်အသွေးနဲ့ ပတ်သက်တဲ့ ပရိယါယ်တွေကို GSC ကျောက်မျက် သင်တန်းကျောင်းက ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းက ပြောပြပေးမှာပါ။

Your browser doesn’t support HTML5

မြန်မာ့ကျောက်မျက် အရောင်အသွေး အပိုင်း ၁ (စိန်၊ ပတ္တမြားနဲ့ နီလာ)

စိန်ဟာ အရောင်အသွေးအမျိုးမျိုး ရှိပါတယ်။ စိန်ရဲ့ အရောင်ကို ဘယ်လိုစံသတ်မှတ် ခွဲခြားပါသလဲ။

စိန်အများစုက အဝါရည် ဆွတ်တာကိုး။ အဝါရည် နဲလေ တန်ဖိုး ကြီးလေပဲ၊ ဖြူဆွတ်လေ တန်ဖိုးကြီးလေပါပဲ။ အရမ်းဖြူတဲ့ စိန်ကို exceptional white ချွင်းချက် အနေနဲ့ကို ဖြူတာမျိုးပါ။ အမေရိကန်က GIA ရဲ့ စံနစ် အတိုင်းဆို D- grade လို့သတ်မှတ်ပါတယ်။ သူက အကောင်းဆုံးကို D လို့ သတ်မှတ်ပါတယ်။ alphabetical order စာစဉ်အတိုင်း သတ်မှတ်တာပါ။ D- E- F- G ဆိုပြီး စသဖြင့် သတ်မှတ်ပါတယ်။

အဲဒီမှာ D ကတော့ exceptional white မှာမှ plus + ပါ။ ဒါကတော့ နဂိုက ဥရောပက သတ်မှတ်ထားတဲ့ စံပါ။ တကယ့်ကို ချွင်းချက်နဲ့ကို ဖြူဖွေးသောစိန်ပေါ့။ အဲဒီ D- grade ကတော့ အကောင်းဆုံးပါ။ အဲဒီ D တို့ E တို့ F တို့ ကို ခွဲမယ်ဆိုရင် master stone လို့ ခေါ်တဲ့ စံကျောက်တွေ ရှိဖို့လိုပါတယ်။ အဲဒီစံကျောက်တွေနဲ့ နှိုုင်းယှဉ်ပြီး အရောင် အဆင့် color grade ကိုခွဲတာပါ။

GIA ကိုတော့ အကောင်းဆုံး၊ သူ့ကို အားလုံးက အယုံကြည်ဆုံး၊လူသုံး အများဆုံး စံနစ် အဖြစ် သတ်မှတ်စ်ပါတယ်။ GIA က ထုတ်ပေးတဲ့ လက်မှတ် certificate မှာ D grade/ E grade လို့သတ်မှတ်ပေးလိုက်ရင် ဒီသတ်မှတ်ပေးလိုက်တဲ့ အရောင်ကို လုံးဝ တိကျတဲ့ ဆုံးဖြတ်ချက်လို့ပဲ သတ်မှတ်နိုင်ပါတယ်။

လူပြိန်းတွေ အနေနဲ့ကတော့ D လား E လား F လား G လား ကောင်းကောင်း မခွဲနိုင်ပါဘူး။ မဆုံး ဖြတ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ H အထိကို white လို့ သတ်မှတ်တာကိုး။ white မှာမှ - rare white - exceptional white လို သတ်မှတ်တာတွေ ထပ်ခွဲထားတော့ လူပြိန်းအနေနဲ့ ဆိုပါတော့ ကျွန်တော့အနေနဲ့ ဆို H နဲ့ D ကြားက D-E-F-G-H ကိုပြရင် ဘယ်ဟာက F လဲ ဘယ်ဟာက H လဲ မခွဲနိုင်ပါဘူး။ master stone ရှိမှ ကျွန်တော် ပြောရဲမှာပါ။

အခု ဆရာပြောသွားတာက စိန်အဖြူနော်။ အဖြူအပြင် တခြား အရောင်ရှိတဲ့ စိန်တွေလည်း ပြောပြပေးပါ ဆရာ။

အရောင်ရှိတဲ့ စိန်ကတော့ အဖြူပြီးရင် fancy color diamond လို့ခေါ်တဲ့ အရောင် ရှိတဲ့ စိန်တွေထဲမှာ အဝါကတော့ တွေ့ရ အများဆုံးပါ။ နောက်တွေ့ နိုင်တာတွေကတော့ အညို၊ အစိမ်း၊ အပြာ၊ ပန်းရောင်တွေပါ။ အနီတို့ ခရမ်းတို့ အရှားဆုံး၊ လို့ သတ်မှတ်ပါတယ်။ အခုခေတ်မှာ လူကြိုက်အများဆုံး အရောင်ရှိတဲ့ စိန်က ပန်းရောင်စိန်ပါ။ pink diamond ကို လူကြိုက် အများဆုံးပါ။ ဒါပေမယ့် ပန်းရောင်စိန် ဆိုတာ ကလည်း ဖျော့ဖျော့လေးပါ။ တကယ့်ကို ထင်းထင်း ပန်းရောင်ကြီးတော့လဲ မဟုတ်ပါဘူး။ အရောင်ထင်းလေ ပိုတန် ဖိုးကြီးလေပါပဲ။

သူကတော့ ပြောင်းပြန်ဖြစ်သွားပါတယ်။ ရိုးရိုးစိန်တွေကျတော့ ဖျော့ေလ တန်ဖိုးကြီးလေ ဒါပေမယ့် fancy diamond ကျတော့ အရောင် အရည်ပိုပြီး ရင့်လာလေ တန်ဖိုးကြီးလေပါ။ ဥပမာ yellow diamond မှာ ဝါထိန်နေတဲ့ ရွှေရောင် ဖြစ်သွားရင် ပို တန်ဖိုးကြီးမယ်။ အဝါဖျော့ဖျော့ လေးဆို သိပ်တန်ဖိုးမကြီးဘူး။ အဲဒီလိုပဲ blue diamond မှာဆို ဆိုပါစို့၊ Hope Diamond ဆို အပြာရောင်စိန်ပါ။ အရမ်းကို လှတဲ့ စိန်ပါ။ သူ့လိုမျိုး ပြာသွားရင် တန်ဖိုး ပိုကြီးပါတယ်။ အဲဒီလိုပါပဲ ပန်းရောင်ကလည်း ပန်းရောင် တင်းတင်းဆို တန်ဖိုးကြီးပါတယ်။ ဖျော့သွားရင် ဖျော့သွားတဲ့ အလေ ျှာက် တန်ဖိုး ကျသွားမယ်လို့ ပြောလို့ အကြမ်းဖျင်း ပြောလို့ရပါတယ် ခင်ဗျ။ ဒီလိုပဲ brown diamond ကြိုက်တဲ့ လူလဲ ရှိတယ်။ နောက်ဆုံး black diamond ကြိုက်တဲ့လူလဲ ရှိပါတယ်။

ရောင်စုံကျောက်မျက်တွေကို လေ့လာတဲ့အခါမှာတော့ သူတို့ရဲ့ အရောင်အသွေးဟာ ပဏာလို့ ခေါ်တဲ့ အလင်းကျရောက်တဲ့ အနေထား ပေါ်မူတည်ပြီး ကွဲပြားသလို သူတို့ကို စိန်တွေလို အရောင်သတ်မှတ်ချက် စံတွေထားပြီး ခွဲခြားလို့ မရပါဘူး။ ပထမ ဆုံး ပတ္တမြားရဲ့ အရောင်အသွေးကို ကြည့်ရအောင်ပါ။

10 carats Burmese Ruby - Christie's Autumn Sale in Hong Kong

ပတ္တမြားရဲ့ အရောင်နဲ့ ပတ်သက်ပြီး ပြောရရင်တော့ ကျွန်တော်တို့ မြန်မာပြည်မှာ ရော ကမ္ဘာမှာပါ စံအဖြစ် ထားထား တာကတော့ ခိုသွေးလို့ ခေါ်တဲ့ pigeon blood ကို အကောင်းဆုံး အရည်လို့ သတ်မှတ်ပါတယ်။ ဒါပေမယ့် တကယ့်တကယ်က ခိုသွေး ဆိုတာ အနီစစ်စစ် မဟုတ်ပါဘူး။ ခရမ်းလေး နဲနဲ စွက်တယ်။ ခရမ်းရောင် အနဲငယ် သန်းတဲ့ အနီရောင် purplish red လို့သတ်မှတ်ပါတယ်။

အဲဒီ ခိုသွေးက ဘယ်လို အရောင်လဲ။ သူ့ကို စံ အဖြစ် ထားထားတာ ကတော့ မရှိပါဘူး။ အတွေ့အကြုံနဲ့ ဆုံးဖြတ်ကြတာပါ။ ဆိုလိုတာက ခိုသွေး ပတ္တမြား တပွင့်ကို ဒါ ခိုသွေး ဟုတ်မဟုတ် ဆုံးဖြတ်ပေးပါဆို ကျွန်တော် မဆုံးဖြတ်ရဲပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ကုန်သည် မဟုတ်တဲ့ အတွက်ပါ။ ဘယ်သူတွေက ပိုကျွမ်းသလဲ ဆိုရင် ကုန်သည် ကြီးတွေက ပိုကျွမ်းပါတယ်။ ဒါက တချက်ပေါ့။

နောက်တချက်ကလည်း ရှင်းရှင်း ပြောမယ် ဆိုရင် ကျောက်မျက်တခု ဒါမှမဟုတ် အရာဝတ္တုတခုရဲ့ အရောင်ဟာ သူ့ပါတ်ဝန်းကျင်မှာ ရှိတဲ့ သက်ရောက်တဲ့ အလင်းရောင် ပေါ်မှာလည်း မူတည်ပါတယ်။ အဲဒီပရိယာယ် တွေက အရမ်းများပါတယ်။ ဒါကြောင့် သူတို့ကို စံအဖြစ် ဘယ်အရောင် ဆိုပြီး သတ်မှတ်ထားတာ ရယ်လို့လည်း မရှိဘူး။ သတ်မှတ်လို့လည်း မရဘူး ဆိုတဲ့ သဘော ဖြစ်သွားပါတယ်။ အဲဒီတော့ နားလည်တဲ့ သူက ဒါ ခိုသွေးလို့သတ်မှတ်တယ်။ လိုချင်တဲ့ သူက သူကြည့်လိုက်တယ်။ သူ ကြိုက်ရင် သူဝယ်ပါတယ်။

ဒါ့ကြောင့် ဆိုလိုတာက ခိုသွေးဟာ အကောင်းဆုံး ဆိုသော်လည်း တချို့က ခိုသွေးကို ကြိုက်ချင်မှ ကြိုက်တယ်။ အရည်နဲနဲ ရင့်တယ်။ အရောင်နဲနဲ ရင့်တယ်လို့ ယူဆတဲ့ လူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကိုယ့် အကြိုက် ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပါတယ်။ နောက်တခုက ခိုသွေးက တန်ဖိုး အရမ်း ကြီးတဲ့ အတွက် သူ့လောက် အရောင် မရင့်ဘူး၊ သူ့ထက် နဲနဲလေး ဖျော့တာကို ကြိုကတာ မျိုးလည်း ရှိပါတယ်။ နောက် တခုကလည်း သူက ခုနပြောသလို အလင်းရောင်ပေါ် အခြေနေပေါ် မူတည်ပြီးတော့ လည်း ဒီခိုသွေးရဲ့ အရောင်က ပြောင်းလဲနိုင်ပါတယ်။

ဆိုပါစို့ နေအရမ်း လင်းတဲ့ အောက်မှာ ကြည့်တဲ့ ခိုသွေးနဲ့ အရိပ်ထဲမှာ ကြည့်တဲ့ ခိုသွေးက တူမှာ မဟုတ်ပါဘူး။ အရိပ်ထဲမှာ ကြည့်တဲ့ ခိုသွေးနဲ့ အိမ်ထဲမှာ ရှိတဲ့ မီးချောင်း အောက်မှာ ဖြစ်ဖြစ်၊ မီးလုံးအောက်မှာ ဖြစ်ဖြစ် ကြည့်တဲ့ ခိုသွေးရောင်နဲ့ တူမှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီ color stones တွေမှာ diamond လိုမျိုး အရောင် သတ်မှတ် ချက်တွေ၊ စံအဖြစ် ထားလို့ မရပါဘူး။ ထားလေ့လဲ မရှိပါဘူး။ စံအဖြစ် ထားထားတာ ရှိတယ်။ စာအားဖြင့်ပဲ။ တကယ် လက်တွေ့မှာက အဲဒါက အသုံးချလို့ မရပါဘူး။ စိန်တွေမှာတော့ အသုံးချလို့ ရတယ်။ color stones မှာကတော့ အဲဒီလို စံထားထားတဲ့ အရာဝတ္တု၊ အရောင်တို့ ဘာတို့ မရှိပါဘူး။ အဲဒါကတော့ သူ့ပရိယာယ် ကြောင့်ပါ။ အဓိကကတော့ အဲဒီ သူ့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ lighting ပေါ့နော်။ ကျွန်တော်တို့ မြန်မာလိုတော့ ပဏာလို့ ခေါ်ပါတယ်။ ကျွန်တော်တို့ ကျောက်မျက် စကား အနေနဲ့ဆိုရင် အဲဒီ ပဏာပေါ် မူတည်ပြီးတော့၊ အရောင်က အပြောင်းအလဲ နဲနဲလေး ရှိနိုင်ပါတယ်။

ဒါကြောင့်မို့ color stones တွေမှာ အရည်ကို ဆုံးဖြတ်ဖို့ ဆိုတာ တော်တော်လေးကို အတွေ့အကြုံ ရှိဖို့လည်း လိုတယ်။ အဲဒီ အရောင်ဟာ ပရိယာယ် အရမ်းကြွယ်ဝတယ် လို့ ဆိုနိုင်ပါတယ်။ အဲဒါကလည်း တဖက်က ပြောမယ် ဆိုရင် ကုန်သည်တွေရဲ့ အားသာချက်ပါ။ ဆိုလိုတာက ကျောက်ဝယ်မယ့် သူက အတွေ့အကြုံ မရှိဘူး။ အဲတော့ ကုန်သည် ပြောတဲ့ ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ပြီးပဲ ဝယ်တာပါ။ အဲတော့ ကုန်သည်ကလည်း၊ ကျွန်တော် ကုန်သည်ဆိုလဲ ဒီလိုပဲ ကျင့်သုံးမှာပါ။ ကျွန်တော်တို့ကျောက် ကို အကောင်းဆုံး အရည်ဖြစ်အောင် ပဏာ ခုနပြောတဲ့ lighting ကို ဖန်တီးပြီး ရောင်းမှာ ပါ။

နီလာမှာ ဆိုရင်ကော။ အကောင်းဆုံး အရောင်က ဘာပါလဲဆရာ။

နီလာမှာ cornflower blue ဒါမှမဟုတ် velvet blue ဒါမှမဟုတ် royal blue အရောင်တွေကို အကောင်းဆုံး သတ်မှတ်ပါတယ်။ royal blue color က အကောင်းဆုံးပါ။ သူ့အပြာက တကယ့်ကို ကြည်လင်တဲ့ အပြာပေါ့။ corn flower ဆိုတဲ့ ပန်းရဲ့ အရောင်ကလည်း royal blue color ပါပဲ။ တကယ်ကို လှပါတယ်။ အပြင်မှာ တွေ့နေကျ ပစ္စည်းနဲ့ နှိုင်းယှဉ် ပြောပါဆို ပြောလို့တောင် မရဘူး။ အရင်တုန်းက vicks ပရုပ်ဆီရှိတယ် ပုလင်းနဲ့ အဲဒီပုလင်း အပြာမျိုး ပါ။ အဲဒီမှာလည်း အရောင်ရဲ့ ပရိယာယ်ရှိပါတယ်။ ပဏာပေါ့။ ကျွန်တော်တို့ ကြည့်တဲ့ အလင်းရောင် ပေါ်မူတည်ပြီးတော့ သူ့ရဲ့ အရည်က အတိုးအလျှော့၊ ပိုလှတယ် မလှဘူး စကားပြောသွား ပြန်ပါတယ်။

ကျောက်မျက်ပညာရှင် ဦးတင်ကျော်သန်းပါ။