မူးယစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ ထိုင်း-မြန်မာစစ်တပ်ချင်း သဘောတူ

Drug Traffickers' arrest in Thai-Burma border (မှတ်တမ်းဓါတ်ပုံ)

ထိုင်းနဲ့မြန်မာ နယ်စပ်ဒေသတကြောမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ၂ နိုင်ငံ စစ်တပ်တွေ လက်တွဲဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီက ထိုင်း- မြန်မာ ၂ နိုင်ငံ အဆင့်မြင့် အရာရှိများကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေးမှာ သဘောတူညီမှု ရခဲ့တယ်လို့ ဘန်ကောက် Post သတင်းမှာ ဖေါ်ပြပါတယ်။

မူးယစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ ထိုင်း-မြန်မာစစ်တပ်ချင်း သဘောတူ

{{Zawgyi/Unicode}}

ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Chalermpol Srisawat နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပူးတွဲကမကထပြု ကျင်းပတဲ့ ဒီအစည်းဝေးဟာ သောကြာနေ့က စတင်ခဲ့တာ ဖြစ်ပြီး စနေနေ့မှာ ပြီးဆုံးပါတယ်။

ဒီအစည်းအဝေးမှာ ၂ နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသတကြောက လုံခြုံရေးပြသာနာတွေ ဖြေရှင်းရေး အတွက် လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဖို့ပါ ပါဝင်ပါတယ်။

၂ နိုင်ငံကြား နယ်ခြားမျဉ်း သတ်မှတ်ရေးနဲ့ တိုင်းထွာမှုတွေ လုပ်ဖို့ အပါအဝင် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြသလို မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် နယ်စပ်ကျော်ဖြတ် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကိစ္စကိုလည်း ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။

မြန်မာ စစ်ကောင်စီဖက်ကတော့ ဒီငပလီ အစည်းအဝေးနဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

မူးယစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ ထိုင်း-မြန်မာစစ်တပ်ချင်း သဘောတူ


{{Zawgyi/Unicode}}



