ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံကြားက ရှေးဟောင်းဘုရားကျောင်းတခုနဲ့ ပတ်သက်တဲ့ တိုက်ပွဲကြောင့် ဒေသခံ ထောင်ပေါင်းများစွာ ထွက်ပြေးခဲ့ကြရပြီး အနည်းဆုံး စစ်သား ၆ ယောက် ကျဆုံးခဲ့ရအပြီး နောက်တနေ့ စနေနေ့မှာ နှစ်နိုင်ငံ စစ်တပ်တွေကြားမှာ ထပ်ပြီး တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဆူရင်း (Surin) ပြည်နယ် ဖနွမ်ဒွန်ရက်ခ် (Pa Nom Don Rak) ဒေသက တမူဝမ်တွန် (Ta Muem Tom) ဘုရားကျောင်းမှာ မနေ့ကဖြစ်ခဲ့သလို ဒေသစံတော်ချိန် မနက် ၆ နာရီလောက်မှာ စနေနေ့က ထပ်ပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပြောရေးဆိုခွင့် ရှိသူတွေက ပြောပါတယ်။
စနေနေ့မှာ ထပ်ပြီးဖြစ်တဲ့ တိုက်ပွဲရဲ့ အသေအပျောက် နောက်ဆုံးစာရင်းကိုတော့ အသေးစိတ် မသိရသေးပါဘူး။