မူးယစ်ဆေးထုတ် ဓါတုကုန်ကြမ်း ၁၅ တန် တာချီလိတ်မှာ ဖမ်းမိ

ပုံ (-ထိုင်းဘက်ကနေ မြန်မာဘက်ကို သယ်ဆောင်သွားတဲ့ sodium cyanide တွေပါတဲ့စည်ပိုင်းများ)

ထိုင်းနိုင်ငံ မဲဆိုင်ကနေ မြန်မာနိုင်ငံ တာချီလိတ်ကို မောင်းလာတဲ့ ကားပေါ်မှာ ရန်ကုန်ကို တင်ပို့မယ့် မူးယစ်ဆေးဝါးထုတ်ရာမှာသုံးတဲ့ ဆိုဒီယမ် ဆိုင်ယာနိုက် ဓါတုကုန်ကြမ်း ၁၅ တန်ကို မြန်မာရဲတပ်ဖွဲ့ မူးယစ်ဆေးဝါး နှိမ်နင်းရေးဆိုင်ရာ (CCDAC) က ဖမ်းဆီးရမိခဲ့ပြီး ဒါဟာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုရဲ့ ရလဒ်ဖြစ်ကြောင်းတနင်္ဂတွေနေ့က ထိုင်းမူးယစ်နှိမ်နင်းရေး အဖွဲ့ (ONCB) က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ တရုတ် ကုမ္ပဏီက တရားဝင်စာရွက်စာတမ်းတွေနဲ့ တင်ပို့တဲ့ အလေးချိန် ၁၅ တန်ရှိတဲ့ ဒီဓါတုဆေး ဂါလံ ၃၀၀ ဟာ စိတ်ကြွဆေးပြားပေါင်း သန်း၃၀၀ လောက် ထုတ်လုပ်နိုင်တာဖြစ်ကြောင်းလည်း ပြောပါတယ်။ VOA ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်

ထိုင်း မူးယစ်နိမ်နင်းရေး အဖွဲ့က ဇွန်လ ၁၀့ရက်နေ ့ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ စိတ်ကြွဆေးထုတ်လုပ်ရာမှာ အသုံးပြုတဲ့ sodium cyanide တွေကို ထိုင်းဘက်ကနေ မြန်မာဘက်ကကိုအသွားမှာ ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းမူယစ်နိမ်နင်းရေးအ ထူးအဖွဲ့အတွင်းရေးမှူး Mr. Sirin Yaichachai စီရိရင် ယစ်ချချိုင်းက အခုလိုပြောပါတယ်။

"ဇွန်လ (၃) ရက်နေ့က ထိုင်းနိုင်ငံ မြောက်ပိုင်း မဲဆိုင်က နေ တာချီလိတ်ကို မောင်းသွားတဲ့ ကုန်တင်ကား ကို မြန်မာအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ချင်းရိုင် လိုင်စဉ် နဲ့ ကုန်တင်ကားမောင်းသူအသက် ၄၂နှစ်အရွယ် ထိုင်းနိုင်ငံသား စုံစဝမ် ကိုလည်းဖမ်းဆီးစစ်ဆေးမူတွေစတင်လုပ်ဆောင်နေပါပြီ။ "

ကားပေါ်မှာတင်လာတဲ့ ဆိုဒီယမ် ဆိုင်ရာနိုက် sodium cyanide ဓါတုဆေးအလေးချိန် ၁၅ တန် ရှိကြောင်းဖေါ်ပြထားပါတယ်။ထိုင်းဘက်ကနေ သယ်သွားတဲ့သတင်းကို မြန်မာဘက်ကို အချက်အလက်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

ဓါတုဆေးတွေဟာ ထိုင်းနိုင်ငံမှာတော့ကန့်သတ်ဆေးတွေဖြစ်ပါတယ် ဖမ်းဆီမိတဲ့ဓါတဆေးတွေရဲကာလတန်ဖိုးကိုတော့ ထိုင်းဘက်က သတင်းထုတ်ပြန်ခဲ့ခြင်း မရှိသေးပါဘူး။

ဒီဓါတုဆေးတွေကို တာဝန်ယူ ပို့တဲ့ တရုတ် ကုမ္ပဏီဟာ တရားဝင်စာရွက်စာတမ်းတွေလုပ်ပြီး ထိုင်းကနေသယ်တာလို့ဆိုပါတယ်။ချွန်ဘူရီ ပြည်နယ်ကနေ ရန်ကုန်ကို ရေလမ်းနဲ့ ပို့ဆောင်မယ်လို့ စာရွက်စာတမ်းတွေမှာရေးသားထားပြီးမှ အခုလို ရွှေတြိဂံဒေသကနေ သယ်ဆောင်တယ်ဆိုတာ မင်္သကာစရာဖြစ်နေပါတယ် လို့ ထိုင်းနိုင်ငံတွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖေါ်ပြထားပါတယ်။

ဒါအပြင် ထိုင်းနိုင်ငံ အလိုရှိနေတဲ့ မူးယစ်တရာခံပြေး Charoenkiat Phornpanit နိုင် ကျလန်ကရက်ကို တာချီလိတ် မှာ ဖမ်းမိခဲ့ပြီးမြန်မာအာပိုင်က ပြန်လည်လွဲပြောင်းပေးခဲ့တယ်လို့ မူယစ်နိမ်နင်းရေးအ ဖွဲ့အတွင်းရေးမှူး Mr. Sirin Yaichachai စီရိရင် ယစ်ချချိုင်းက ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

ထိုင်းနိုင်ငံမူးယစ်တရားခံပြေး ကျလန် ရဲ့ပိုင်ဆိုင်တဲ့ မြန်မာကျပ်ငွေ သိန်း၄၀ အပါအဝင် ကားသုံးစီး ၊ ဆိုင်ကယ် ၈စီး အိမ်ခြံမြေနဲ့ ရွှေ၄၀ ဘတ်သား ပါ စုစုပေါင်း တန်ဖိုးဘတ်သန်း၂၀ ကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆီးထားလိုက်ပြီလို့လည်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြနေပါတယ်။

Your browser doesn’t support HTML5

မူးယစ်ဆေးထုတ် ဓါတုကုန်ကြမ်း ၁၅ တန် တာချီလိတ်မှာ ဖမ်းမိ