လူ ၄ ယောက် သေဆုံးပြီး ဒါဇင်ကျော်ကို ဒဏ်ရာရစေခဲ့တဲ့ အရင်အပတ်က ဖြစ်ပွား ခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ မီးရှို့မှုနဲ့ပတ်သက်ပြီး သံသယရှိသူ တစ်ယောက်ကို ဖမ်းဝရမ်း ထုတ်လိုက်ပြီလို့ ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့က သောကြာနေ့ မှာ ပြောကြားလိုက်ပါတယ်။
သြဂုတ်လ ၁၁ ရက်နေ့က ဖြစ်ရပ်နဲ့ ပြည်နယ် ၇ ခု မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှု ၁၂ခုနဲ့ လည်း ဆက်စပ်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့ အထောက်အထားနဲ့ Ahama Lengha အမည်ရှိသူကို ဖမ်းဝရမ်းထုတ်ခဲ့တာ ဖြစ်ပြီး သူဟာ နိုင်ငံခြားခရီးသည်တွေ အလာများတဲ့ Phuket မြို့ရဲ့ Patong ကမ်းခြေမှာ ဗုံးထောင်တယ်လို့ သံသယရှိသူ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရသူက ပြောပါတယ်။
ထိုင်းအစိုးရက ဒီအကြမ်းဖက်မှုတွေ နောက်ကွယ်မှာ ဘယ်သူက ကြိုးကိုင်ထားတယ် ဆိုတာကိုတော့ တိတိကျကျ မပြောပေမဲ့ ဒီအကြမ်းဖက်မှုတွေကို တောင်ပိုင်းက ခွဲထွက်ရေးသမားတွေက ပြုလုပ်ခဲ့တာလို့ သံသယဖြစ်စရာ အလွန်ကောင်းတယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။
Ahama ဟာ ထိုင်းနိုင်ငံရဲ့ တောင်ဖက်ဆုံးဒေသ ၃ ခုက တစ်ခုဖြစ်တဲ့၊၂၀၀၄ ခုနှစ်တုန်းက မူဆလင် ခွဲထွက်ရေး လက်နက်ကိုင်တပ်တွေကြောင့် အသက်ပေါင်း ၆၀၀၀ ကျော်ဆုံးရှုံးခဲ့ရတဲ့ Narathiwat ဒေသ က လာတာဖြစ်ပါတယ်။
Your browser doesn’t support HTML5
ထိုင်းဗုံးခွဲမှု သံသယရှိသူတဦးကို ဖမ်းဆီး