အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ဒုတိယ အကြိမ် မြောက် ထိပ်သီးဆွေးနွေးပွဲကို ဖေဖေါ်ဝါရီလ ၂၇ နဲ့၂၈ ရက်တွေမှာ ကျင်းပဖို့ မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမှာ ပြုလုပ်တဲ့ ပြင်ဆင်မှုဆိုင်ရာဆွေးနွေးပွဲတွေ ဟာ သောကြာနေ့မှာ ပြီးသွားပြီဖြစ်ပြီး ဆွေးနွေးမှုတွေမှာ အပြု သဘောဆောင်ကြောင်း မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် Stephen Biegun က ပြောပါတယ်။
ထိပ်သီးဆွေးနွေးပွဲဟာ ဘယ်အခြေဆိုက်မယ်ဆိုတာ မသိသေးပေးမယ့် မြောက်ကိုရီးယား နဲ့ ဆွေးနွေးနေဆဲ ဖြစ်ပြီး ဆွေးနွေးမှုတွေမှာ ရလဒ်ကောင်းတွေ ရကြောင်း အထူးသံတမန် Biegun က စနေနေ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Hyung-wha နဲ့ ဆိုးလ် မှာ တွေ့ဆုံစဉ် ပြောကြားလိုက်တာပါ။
အမေရိကန် သမ္မတ Trump က မြောက်ကိုရီးယားခေါင်းဆောင် Kim နဲ့ ဗီယက်နမ် နိုင်ငံမြို့တော် ဟနွိုင်းမှာ တွေ့ဆုံဖို့ရှိကြောင်း သူ့တွစ်တာကနေ အရင်က ကြေညာခဲ့တာ ဖြစ်ပါတယ်။
သမ္မတ Trump အနေနဲ့ မြောက်ကိုရီးယားခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားသလို အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ကြား လုပ်ဆောင်စရာတွေ အများကြီးရှိနေကြောင်းနဲ့ ၂ ဖက်စလုံးက သံန္နိဌာန်ချမှု ခိုင်မာရင် တကယ်တိုးတက်မှုရနိုင်မှာ ဖြစ်ကြောင်းလည်း မစ္စတာ Biegun ကပြောပါတယ်။
ငြိမ်းချမ်းမှုရအောင် မလုပ်နိုင်ခင် မြောက်ကိုရီးယား ခေါင်းဆောင် Kim နဲ့ တွေ့ဆုံဖို့ မျှော်လင့်ကြောင်း သမ္မတ Trump က သူ့တွစ်တာကနေ ရေးပါတယ်။ ဒါ့အပြင် မြောက် ကိုရီးယား နိုင်ငံဟာ Kim Jong Un ရဲ့ ဦးဆောင်မှု အောက်မှု စီးပွါးရေးအရ ကြီးကျယ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာ မယ်လို့ သူတွက်ဆ ထားကြောင်းလည်း ပြောပါတယ်။
တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း အထူးသံတမန် Biegun ရဲ့ မြောက်ကိုရီးယားဆိုင်ရာ လုပ်ဆောင်ချက်တွေကို အပြည့်အဝ ထောက်ခံပံ့ပိုးမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
Your browser doesn’t support HTML5