ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်က အရေးပါတဲ့ကုန်သွယ်ရေးကော်မရှင် အကြီးအကဲနေရာ အပါ အဝင် သူ့အစိုးရ ဖြစ်လာရင်တာဝန်ယူမယ့် သူတချို့ကို အင်္ဂါနေ့မှာ ထပ်မံရွေးချယ် လျာထားခဲ့ပါတယ်။
ပြည်ထောင်စုကုန်သွယ်ရေးကော်မရှင်ဥက္ကဋ္ဌနေရာကို Andrew Ferguson (အင်ဒရူး ဖါဂူဆန်) ကို ရွေးချယ်လိုက်ပါတယ်။ သူဟာ လက်ရှိကော်မရှင်နာ ၅ ဦးထဲတဦးဖြစ်ပြီး Lina Khan (လီနာ ခန်) နေရာကို အစားထိုးဝင်ရောက်မှာဖြစ်ပါတယ်။ Amazon နဲ့ Meta ကုမ္ပဏီတွေဟာ ဈေးကွက်ရဲ့ ပြိုင်ဆိုင်မှုပုံစံကိုချိုးဖေါက်တဲ့အတွက်ဆိုပြီး Lina Khan က ဒီကုမ္ပဏီ တွေကိုတရားစွဲဆိုခဲ့သလို ဒေါ်လာ ဘီလီယံနဲ့ချီတဲ့ကုမ္ပဏီပိုင်ဆိုင်မှုတွေကိုတားမြစ်ခဲ့တဲ့အတွက် Wall Street နဲ့ Silicon Valley တို့ရဲ့ ဝေဖန်မှုတွေခံခဲ့ရဖူးပါတယ်။
ဥက္ကဋ္ဌအဖြစ်လျာထားခံရတဲ့ Andrew ဟာ အမေရိကန်နံပါတ် ၁ ဦးစားပေးအစီအစဉ်ကို အထူးတလယ် လုပ်ဆောင်မယ့်သူဖြစ်ပြီး အမေရိကန်သမိုင်းမှာ ကုန်သွယ်ရေးကော်မရှင်ကို အကြံဉာဏ်သစ်တွေနဲ့ ဦးဆောင် နိုင်တဲ့သူဖြစ်လာ မယ်လို့ ရွေးကောက်ခံ သမ္မတဒေါ်နယ်ထရန့်က သူ့ပိုင် Truth လူမှုကွန်ယက်မှာရေးသားပါတယ်။
Kimberly Guilfoyle (ကင်ဘာလီ ဂေးလ်ဖွိုင်လ်) ကို ဂရိနိုင်ငံဆိုင်ရာသံအမတ်ကြီးအဖြစ်ရွေးချယ်ခဲ့ပြီး Tom Barrac (တွမ် ဘာရက်) ကိုတော့ တူရကီဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် ရွေးချယ်လိုက် ပါတယ်။ Tom Barrac ဟာ Donal Trump နဲ့နှစ်ပေါင်းများစွာခင်မင်ရင်းနှီးသူ၊ ငွေကြေးဆိုင်ရာ လုပ်ငန်းရှင်သူဌေးတဦးဖြစ်ပါတယ်။ သူဟာ ဒေါ်နယ်ထရန့် အရင် သမ္မတအဖြစ်ကျမ်းသစ္စာကြိမ်ဆို တဲ့အခမ်းအနားမှာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
Your browser doesn’t support HTML5