အမေရိကန်သံမဏိလုပ်ငန်း ဂျပန်ကဝယ်မယ့်အစီအစဉ် ရွေးကောက်ခံသမ္မတထရမ့် ကန့်ကွက်

အမေရိကန်ရဲ့ US Steel ကုမ္ပဏီကိုဝယ်ယူမယ့် ဂျပန်နိုင်ငံ တိုကျိုအခြေစိုက် Nippon Steel ကုမ္ပဏီဌာနချုပ်။ (ဒီဇင်ဘာ ၁၉၊ ၂၀၂၃)

အမေရိကန် သံမဏိလုပ်ငန်း US Steel ကုမ္ပဏီကို ဂျပန် Nippon Steel ကုမ္ပဏီက ဝယ်ယူမယ့် အစီအစဉ်ကို တားမြစ်သွားမယ်လို့ ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုလိုက်ပါတယ်။

တချိန်က အလွန်အောင်မြင်ခဲ့တဲ့ အမေရိကန် သံမဏိလုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီတခုကဝယ်ယူတာကို သူ့အနေနဲ့ ဆန့်ကျင်တယ်လို့ ထရမ့်က သူ့ကိုယ်ပိုင် Truth လူမှုကွန်ယက်မှာ မနေ့တုန်းကပဲ ရေးသားပါတယ်။

အထူးခံစားခွင့်တွေ သွင်းကုန်ခွန် တိုးမြှင့်ကောက်ခံမယ့် အစီအစဉ်တွေနဲ့ US Steel ကုမ္ပဏီ လုပ်ငန်းတွေ ပြန်ပြီးအားကောင်းလာအောင် လုပ်မယ်လို့်လည်း ပြောပါတယ်။

Pennsylvania ပြည်နယ် Mon Valley အခြေစိုက် US Steel ကုမ္ပဏီကတော့ ရင်းနှီး မြှုပ်နှံမှုငွေ အလုံလောက်ရရှိဖို့အတွက် ဂျပန်ကုမ္ပဏီရဲ့ ပါဝင်မှုလိုအပ် တယ်လို့ပြောဆိုထားပါတယ်။

ထရမ့်ရဲ့ ပြောဆိုချက် ထွက်ပေါ်အပြီးမှာပဲ ရင်းနှီးမြှုပ်နှံမှုဟာ US Steel ကုမ္ပဏီကို ကာကွယ်ဖို့နဲ့ ကြီးထွားဖို့ အတွက်သာ ရည်ရွယ်ကြောင်း Nippon Steel ကုမ္ပဏီကပြောဆိုရာခဲ့တာပါ။ အမေရိကန် ကုန်ထုတ်လုပ်ငန်း၊ ပြည်တွင်းကုန်စည်ဖြန့်ချီမှုနဲ့ အမျိုးသားလုံခြုံရေး အားကောင်းစေဖို့ ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒေါ်လာ ၂ ဒဿမ ၇ ဘီလီယံ ထက်မလျော့တဲ့ ပမာဏနဲ့ ရင်နှီးမြှုပ်နှံ့မှုအပြင် အဆင့်မြင့်နည်းပညာတွေနဲ့ အမေရိကန် သံမဏိလုပ်သားတွေရဲ့ အလုပ်အကိုင် ရရှိမှုတွေအတွက် အထောက်အပံ့ဖြစ်စေနိုင်သလို၊ သုံးစွဲသူတွေအတွက် အကောင်းဆုံး ကုန်ပစ္စည်းတွေ ထုတ်လုပ်နိုင်မှာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ippon Steel ကုမ္ပဏီက အစီအစဉ်ကို သမ္မတ Joe Biden အစိုးရသက်တမ်း မကုန်ခင် အပြီးသတ်နိုင်ဖို့ လိုလားနေပေမဲ့ သမ္မတဘိုင်ဒင် ကိုယ်တိုင်က US Steel ကုမ္ပဏီကို နိုင်ငံခြားက ဝယ်မယ့် အစီအစဉ်ကို ဆန့်ကျင်နေတာပါ။ ဂျပန်က ဝယ်မယ့် အစီအစဉ်ကို ဘဏ္ဍာရေးဝန်ကြီး Janet Yellen ဦးဆောင်တဲ့ ကော်မတီကလည်းပြန်လည်စိစစ်နေပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာပဲ စိစစ်မှုတွေကို နောက်ထပ်သက်တမ်း တိုးထားပါတယ်။

Your browser doesn’t support HTML5

အမေရိကန်သံမဏိလုပ်ငန်း ဂျပန်ကဝယ်မယ့်အစီအစဉ် ရွေးကောက်ခံသမ္မတထရမ့် ကန့်ကွက်