ရန်ကုန် ဘတ်စ်ကားစနစ်သစ်အပေါ် အမြင်များ

YBS စတင်သည့် ဇန်နဝါရီလ ၁၆ ရက်နေ့ကတွေ့ရသည့် ဘတ်စ်ကားတစင်း။ ဇန်နဝါရီ ၁၆၊ ၂၀၁၇။

ရန်ကုန်တိုင်းမှာ နှစ်ပေါင်းများစွာ ပြေးဆွဲလာတဲ့ ဘတ်စ်ကားစနစ်ကို ဖျက်သိမ်းပြီး ဘတ်စ်ကား စနစ်သစ်တရပ် ပေါ်လာပါပြီ။ ဒီဘတ်စ်ကားစနစ်သစ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ အခုချိန်ထိ လုပ်ဆောင်ချက်တွေအပေါ် ဗွီအိုအေသောတရှင်တွေရဲ့ အမြင်တွေကို ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူတွေဖြစ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်၊ ပြည်သူ့ရေးရာမူဝါဒ လေ့လာသူတဦးဖြစ်တဲ့ ဦးကျော်စွာဆွေတို့နဲ့အတူ သောတရှင်တွေ ပါဝင်ဆွေးနွေးထားပါတယ်။