မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှုတွေ လမ်းကြောင်းမှန်ရောက်ဖို့ ကုလကျွမ်းကျင်သူတွေတိုက်တွန်း

ယခင်မှတ်တမ်းရုပ်ပုံ | မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်က သတင်းစာရှင်းလင်းပွဲတခုအတွင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews ကိုတွေ့ရစဉ် (ဇွန် ၂၃၊ ၂၀၂၂)

မြန်မာနိုင်ငံမှာ ပဋိပက္ခတွေ ကြီးထွားလာနေတာနဲ့အမျှ သေဆုံးသူအရပ်သား အရေအတွက် ၆ ထောင် ကျော်အထိ ရှိလာနေတာကြောင့် နိုင်ငံတကာရဲ့ တုံ့ပြန်မှုတွေ လမ်းကြောင်းမှန်ရောက်အောင် တည့်မတ်ဖို့ လိုနေပြီလို့ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေ သတိပေးလိုက်ပါတယ်။ မြန်မာ့အရေးမှာ နိုင်ငံတကာက ပျက်ကွက်နေတယ်ဆိုတာ သေဆုံးသွားသူ လူ ၆ ထောင်က သတိပေးနေပါတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews အပါအဝင် ကုလသမဂ္ဂ လူ့အခွင့်အရေးနဲ့ တရားရေးဆိုင်ရာ အထူးကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ “ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့” က ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောဆိုခဲ့ကြတာပါ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ အပြောင်းအလဲတွေ လုပ်နိုင်စွမ်းရှိသလို၊ အရပ်သားတွေကို တိုက်ခိုက်ရာမှာ အသုံးချနေတဲ့ လက်နက်တွေကို စစ်ကောင်စီလက်ထဲ မရောက်အောင် လျှော့ချနိုင်တယ်ဆိုတာကိုလည်း အထောက်အထားတွေ ရှိပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အခြားဖတ်ရှုစရာ

"မြန်မာ့အရေး နိုင်ငံတကာဆောင်ရွက်မှု အလုပ်မဖြစ်" - Tom Andrewsမြန်မာကိစ္စ ထိုင်းဘဏ်တွေကို စိစစ်မယ့်အစီအစဉ် ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ကြိုဆိုစစ်ကောင်စီလက်ထဲ လက်နက်ပစ္စည်းတွေမရောက်ရေး ဆက်လက် ကြိုးပမ်းမည်

စစ်ကောင်စီအပေါ် နိုင်ငံတကာရဲ့ ပစ်မှတ်ထား ဒဏ်ခတ် အရေးယူမှုတွေကြောင့် လက်နက်ထုတ်လုပ်ရာမှာ လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းနဲ့ တခြား နည်းပညာပိုင်းဆိုင်ရာတွေ ရယူနိုင်စွမ်း ၃ ပုံ ၁ ပုံအထိ ကျဆင်းသွားခဲ့တယ်လို့လည်း ပြောပါတယ်။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews မနှစ်က ထုတ်ပြန်ခဲ့တဲ့ “The Billion Dollar Death Trade” လို့ခေါ်တဲ့ ဒေါ်လာ ဘီလီယံနဲ့ချီ လူသတ်လက်နက် ကုန်သွယ်ရေး လို့ အမည်ပေးထားတဲ့ - မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ထွက်လာအပြီးမှာ နိုင်ငံတကာက စစ်ကောင်စီအပေါ် အရေးယူမှုတွေ ပေါ်ပေါက်လာတာလို့လည်း ဆိုပါတယ်။

နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို ကြိုဆိုပေမယ့် မြန်မာပြည်သူတွေ တကယ်လိုအပ်နေတဲ့ အကူအညီတွေအတွက် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ဗျူဟာကျကျ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိသေးဘူးလို့လည်း ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ရဲ့ ကြေညာချက်မှာ ထောက်ပြထားပါတယ်။

Your browser doesn’t support HTML5

မြန်မာ့အရေး နိုင်ငံတကာတုံ့ပြန်မှုတွေ လမ်းကြောင်းမှန်ရောက်ဖို့ ကုလကျွမ်းကျင်သူတွေတိုက်တွန်း