"ကမ္ဘာတဝှမ်း စစ်နဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ သန်း ၁၂၀ အထိ ရှိလာ" - ကုလသမဂ္ဂ

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဖာမြို့မှာကျင်းပတဲ့ ကုလကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေး (UNCTAD) နှစ် ၆၀ မြောက်အထိမ်းအမှတ်အခမ်းအနားဖွင့်ပွဲမှာ စကားပြောကြားနေတဲ့ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres (ဇွန် ၁၂၊ ၂၀၂၄)

၂၀၂၄ ခုနှစ် မေလမှာ ကမ္ဘာတဝှမ်း စစ်နဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အရင်က မကြုံဖူးတဲ့ အရေအတွက်ဖြစ်တဲ့ သန်းပေါင်း ၁၂၀ အထိ ရှိလာတဲ့အကြောင်း ကမ္ဘာ့ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေး အားလုံး ဝိုင်းဝန်း တာဝန်ယူဖို့နဲ့ ခိုလှုံခွင့်တောင်းခံသူတွေရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာသူတွေ အိမ်ပြန်နိုင်ရေး ပဋိပက္ခတွေကို ဝိုင်းဝန်း ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့မှာ နိုင်ငံတကာ အသိုင်းအဝိုင်းကို မေတ္တာရပ်ခံပြောဆိုပါတယ်။

ဆူဒန်ကနေ ယူကရိန်းအထိ၊ အရှေ့အလယ်ပိုင်းကနေ မြန်မာအထိ၊ ကွန်ဂို သမ္မတနိုင်ငံတွေကို ကျော်ပြီး ကမ္ဘာတဝှမ်းမှာ ပဋိပက္ခတွေ၊ ရာသီဉတု ဖေါက်ပြန်ပြောင်းလဲတဲ့ ပရမ်းပတာ အခြေအနေ၊ ကသောင်းကနင်း အနေအထားတွေကြား လူတွေ မကြုံဖူးအောင် နေရပ်စွန့်ခွာ ထွက်ပြေးနေပြီး လူမှုဘေးဒုက္ခဒဏ်ကို အကြီးအကျယ် ခံစားနေရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က ပြောသွားတာပါ။ ဂါဇာကမ်းမြှောင်မှာ လူဉီးရေရဲ့ ၇၅ ရာခိုင်နှုန်း ဖြစ်တဲ့ လူ ၁ သန်း ၇ သိန်းအထိ အိုးမဲ့အိမ်မဲ့ ဒုက္ခရောက်နေပြီး၊ ဆူဒန်နိုင်ငံမှာ ၂၀၂၃ ခုနှစ် နှစ်ကုန်အထိ လူ ၁၀ သန်းနဲ့ ၈ သိန်း နေရပ်စွန့်ခွာနေရပါတယ်။

အခြားဖတ်ရှုစရာများ

မြန်မာဒုက္ခသည်တွေအရေး ထိုင်းတက္ကသိုလ်မှာ ဆွေးနွေး မြန်မာဒုက္ခသည်တွေ နေရပ်ပြန်ခွင့်ရဖို့လိုလားကြောင်း ကမ္ဘာ့ဒုက္ခသည်နေ့မှာ ပြောဆို ရိုဟင်ဂျာအရေးပြေလည်ဖို့ တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်ဖို့လိုအပ် 

မြန်မာနိုင်ငံမှာလည်း ပဋိပက္ခနဲ့ သဘာဝ ဘေးဒဏ်တွေကြား အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဟာ အရပ်သား ၃ သန်းကျော်အထိ ရှိလာနေပြီး လူသားချင်း စာနာထောက်ထားမှု အကူအညီလိုအပ်နေတဲ့သူ ၁၈ သန်း ၆ သိန်းအထိ ရှိလာနေတဲ့အကြောင်း ကုလသမဂ္ဂရဲ့ မကြာခင်က ထုတ်ပြန်တဲ့ အစီရင်ခံစာတွေမှာ ဖေါ်ပြပါတယ်။ လူတွေကို စစ်ပွဲထဲ အတင်းအကြပ်ပို့တာမျိုးတွေ ရပ်ဆိုင်းပြီး စေ့စပ်ညှိနှိုင်း အဖြေရှာဖို့ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို ကုလသမဂ္ဂတာဝန်ရှိသူတွေက တိုက်တွန်းနေပါတယ်။

Your browser doesn’t support HTML5

"ကမ္ဘာတဝှမ်း စစ်နဲ့ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးသူ သန်း ၁၂၀ အထိ ရှိလာ" - ကုလသမဂ္ဂ