မြန်မာ့အရေး ကုလသမဂ္ဂ အမြန်ဆုံး ကြားဝင်ကူညီဖို့ တောင်းဆို

မြန်မာ့အရေး ကုလသမဂ္ဂ အမြန်ဆုံးကြားဝင်ကူညီဖို့တောင်းဆို

{{Zawgyi/Unicode}}

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ဒီမိုကရေစီ ပြန်လည်တည်ဆောက်နိုင်ရေး၊ မြန်မာပြည်သူတွေကို အကာအကွယ်ပေးနိုင်ရေး ကုလသမဂ္ဂအနေနဲ့ အမြန်ဆုံးကြားဝင် ကူညီရေး အချိန်မီလုပ်ဆောင်ဖို့ ဒီနေ့ လုံခြုံရေးကောင်စီမှာကျင်းပတဲ့ မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူတွေက တောင်းဆိုကြပါတယ်။

" မြန်မာပြည်က အသံများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ပတ်သက်လို့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ပြင်ပ ပညာရှင်တွေရဲ့ သုံးသပ်ချက် သဘောထားတချို ဦးသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။

လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဗြိတိန်နိုင်ငံက ကမကထလုပ် အဆိုပြုပြီးတဲ့နောက် အခုလို မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ ကျင်းပတာပါ။ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် အမြဲတမ်း သံအမတ်ကြီး Barbara Woodward က ဆွေးနွေးပွဲမှာ သဘောပတိအဖြစ် ပါဝင်ပါတယ်။

အရပ်ဖက် လူမှုအဖွဲ့အစည်း ခေါင်းဆောင်တဦးဖြစ်တဲ့ စိုင်းစံခမ်းက မကြာသေးခင်က မြန်မာနိုင်ငံအတွင်းက အရပ်ဖက် လူမှုအဖွဲ့အစည်း ၄၈၈ ဖွဲ့ တောင်းဆိုခဲ့တဲ့ တောင်းဆိုချက်ကိုပဲ ကျနော်ပြန်ပြီး ကျနော်ပြောပါရစေ ဆိုပြီး အခုလို ပြောဆိုပါတယ်။

" မြန်မာပြည်တွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေ၊ လူနည်းစုတွေအပေါ် တိုက်ခိုက်နေတာတွေ ရပ်ဆိုင်းသွားဖို့ အခြေအနေကို စောင့်ကြည့်ဖို့နဲ့ ကြားဝင်ဆောင်ရွက်ဖို့ လုံခြုံရေးကောင်စီက အဖွဲ့တွေချက်ခြင်း စေလွှတ်သင့်ပေးပါတယ်။ သွေးမြေကျမှုတွေ အဆုံးသတ်ပြီး တရားလက်လွတ်ဖမ်းဆီးခံထားရသူတွေ ပြန်လည်လွတ်မြောက်ဖို့ နိုင်ငံတကာအကြားပူးပေါင်းဆောင်ရွက်ပြီး လက်နက်ရောင်းချမှု ပိတ်ဆို့ဖို့ လိုအပ်ပါတယ်။"

မြန်မာစစ်တပ် ကျုးလွန်တဲ့ ရာဇဝတ်ပြစ်မှုတွေအတွက် တာဝန်ယူဖို့ နိုင်ငံတကာ တရားရုံးမှာ အရေးယူနိုင်ရေး စိုင်းစံခမ်းက ပြောဆိုသွားသလို လုံခြုံရေးကောင်စီရဲ့ အကူအညီပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မြန်မာပြည်သူတွေဟာ သူတို့ရဲ့ အခွင့်အရေးအတွက် မရရအောင်ကြိုးပမ်းဖို့ သန္နိဌာန် ခိုင်ခိုင်မာမာ ချပြီးသား ဖြစ်ပါတယ်လို့ စိုင်းစံခမ်းက အဓိက ပြောပါတယ်။

ICG နိုင်ငံတကာ ပဋိပက္ခလေ့လာရေးအဖွဲ့က Richard Horsey က အကြမ်းဖက် ဖိနှိပ်မှုတွေရဲ့ အကျိုးဆက် မြန်မာပြည် ရင်ဆိုင်ရနိုင်တဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး အန္တရာယ်တွေနဲ့ ပတ်သက်လို့ သုံးသပ်သွားပါတယ်။

"စစ်အုပ်ချုပ်ကောင်စီ ရင်ဆိုင်နေရတဲ့ ပြသနာတွေ ၁၉၈၈ ခုနှစ်၊ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးတွေနဲ့ မတူပါဘူး။ အကြမ်းဖက်မှုတွေက ထင်သလို လျော့နည်းမသွားဘူး။ သွေးမြေကျ အင်အားသုံး နှိမ်နှင်းမှုတွေ ရှိနေပေမဲ့ ပြည်သူတွေက လမ်းမတွေပေါ်မှာ ဆက်ပြီး ဆန္ဒပြနေကြပါတယ်။ အစိုးရဝန်ထမ်း အများအပြား အလုပ်မလုပ်ဘူးဆိုပြီး သပိတ်ဆက်မှောက်နေပါတယ်။ ပုဂ္ဂလိကပိုင်လုပ်ငန်းတွေက အထွေထွေ သပိတ်မှောက်မှုတွေလည်း ဆက်ရှိနေပါတယ်။"

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူတွေက နောက်တွန့်သွားတာမျိုး မရှိဘဲ အခြေအနေက ပိုဆိုးလာပြီး စီးပွားရေး အကြပ်အတည်းနဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေ ဆင်းရဲနွမ်းပါးမှုတွေ ရင်ဆိုင်ရအောင် တွန်းပို့နေတယ်လို့လည်း.Richard Horsey က သုံးသပ်သွားပါတယ်။

" ပြည်သူအများအပြား ဝင်ငွေမရှိ၊ အစားအသောက် အခက်ခဲကြုံရသလို ကျန်းမာရေး စောင့်ရှောက်မှုစနစ်လည်း ပြိုကျသွားတယ်။ ကိုဗစ် 19 ရောဂါကာကွယ်ဆေးထိုးဖို့ အစီအစဉ်ဆိုရလည်း တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သိပ်နောက်ကျ နေပြီ" လို့ သတိပေးပါတယ်။ လက်နက်ကိုင်ပဋိပက္ခတွေ တိုးလာတယ်လို့လည်း ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ က CRPH က ဒေါ်ဇင်မာအောင် ကတော့ ..
" မြန်မာပြည်သူတွေကို စနစ်တကျ ပစ်မှတ်ထားပြီး အကြမ်းဖက် ခြေမှုန်းနေတာတွေ ရပ်ဆိုင်းဖို့မှာ နိုင်ငံတကာ အသိုင်းအဝိုင်အနေနဲ့ တိုက်ရိုက် ကိုယ်ထိလက်ရောက် ဝင်ပါဖို့ ဆိုတဲ့ ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း လုပ်နေတာ ကျမတို့ နားလည်ပါတယ်။ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေ ရပ်ဆိုင်းမသွားရင် ြပ်ညတွှု်း အခြေအနေက ပိုဆိုးလာပြီး လူတွေ အတိဒုက္ခရောက်ရတော့မှာပါ။ စီးပွားရေးအရ မတည်ငြိမ်မှုတွေ တိုးလာပြီး ဒုက္ခသည်တွေအများအပြား ပြည်ပကို ထွက်ပြေးတာတွေ ဖြစ်လာနိုင်ပါတယ်"။
ကုလသမဂ္ဂလုံခြုံရေးကောင်စီကို စတင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာ တည်ငြိမ်ရေးနဲ့ အေးချမ်းရေး အတွက် ပါဝင်ကူညီဖို့ တာဝန်ယူဖို့အတွက် ဒေါ်ဇင်မာအောင်က တိုက်တွန်းသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ ဦးတည်ချက်၊ ဖက်ဒရယ် ပဋိညာဉ်စာတမ်းနဲ့ သက်ဆိုင်ရာကိစ္စ၊ တိုင်းရင်းသားလူမျိုးစုတွေ၊ ဘာသာရေး လူနည်းစုတွေနဲ့ ထိတွေ့ဆက်ဆံရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးဖို့ အကြမ်းမျဉ်း သတ်မှတ်ထားပါတယ်။

ဆွေးနွေးပွဲ အပြီးမှာ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေရဲ့ မြန်မာ့အရေး သြေဘောထားတွေ တင်ပြပြောဆိုဖို့လည်း ရှိပါတယ်။

........................................

Your browser doesn’t support HTML5

မြန်မာ့အရေး ကုလသမဂ္ဂ အမြန်ဆုံးကြားဝင်ကူညီဖို့တောင်းဆို

{{Unicode}}












