အမေရိကန်ပြည်ထောင်စု ကယ်လီဖိုနီးယားပြည်နယ်တောင်ပိုင်းမှာ သောကြာနေ့က ပြင်းအား ၇.၁ magnitude ရှိတဲ့ ငလျင် တခု ထပ်မံ လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်ကြောင့် အဆောက်အအုံတွေ လမ်းတွေ ပြိုကျပျက်စီးခဲ့ပြီး ဒဏ်ရာရတာတွေ ရှိခဲ့ပေမယ့် သေဆုံးတာတော့ မရှိခဲ့ပါဘူး။ ကြာသပတေးနေ့တုန်းကလည်း Mojave သဲကန္တာရထဲမှာ ပြင်းအား ၆.၄ magnitude ရှိတဲ့ ငလျင် တခု လှုပ်ခဲ့ပြီးတဲ့နောက် ထပ်ပြီးလှုပ်ခဲ့တာပါ။
သောကြာနေ့ ငလျင်ဖြစ်ပြီးတဲ့နောက် ပြင်းအား နှစ် ရှိတဲ့ ငလျင်ငယ် ငါး ခုလည်း ထပ်လှုပ်သွားတယ်လို့ ငလျင်ပညာရှင် Lucy Jones က ပြောပါတယ်။ ပြည်နယ်မြောက်ပိုင်းမှာ ရှိတဲ့ Sacremento အပါအဝင် အရှေ့ဘက်က Las Vegas နဲ့ တောင်ဘက် မက္ကဆီကိုနိုင်ငံတွေအထိ ငလျင်လှုပ်တဲ့ ဒဏ်ကို ခံစားခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Gavin Newsom ကတော့ ပြည်နယ်မှာ အရေးပေါ်အခြေအနေကြေငြာဖို့ အိမ်ဖြူတော်ကို ပန်ကြားထားတယ်လို့ ပြောပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံ အနောက်ပိုင်းပြည်နယ်တွေမှာ နှစ်ပေါင်း ၂၀ အတွင်း အပြင်းထန်ဆုံးလှုပ်ခတ်ခဲ့တဲ့ ငလျင်ဖြစ်တယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။
Your browser doesn’t support HTML5