ထပ်မံတွေ့ဆုံရေး Donald Trump ရဲ့ပြောကြားချက် ကင်ဂျုံအွန်းတုံ့ပြန်

အမေရိကန် သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်း (ဖေဖော်ဝါရီ၊ ၂၈၊ ၂၀၁၉)

အမေရိကန် သမ္မတ Donald Trump နဲ့ နောက်တကြိမ် ထပ်ပြီး တွေ့ဆုံဆွေးနွေးဖို့ ကိစ္စက အမေရိကန်ဘက်က မှန်ကန်တဲ့ သဘောထားနဲ့ လာမှပဲ စိတ်ဝင်စားတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ပြောဆိုလိုက်တဲ့အကြောင်း နိုင်ငံပိုင် KCNA သတင်းရဲ့ ဒီကနေ့ ဖေါ်ပြချက်ကို ကိုးကားပြီး ရိုက်တာစ်သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန် အစိုးရရဲ့ အဆုံးအဖြတ်ကို ဒီနှစ်ကုန်တဲ့အထိ စောင့်ဆိုင်းမယ်လို့လည်း ဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ အဆင့် အမြင့်ဆုံးပြည်သူ့လွှတ်တော်မှာ သောကြာနေ့ မနေ့ တုန်းကပြောတဲ့ မိန့်ခွန်းထဲမှာ ကင်ဂျုံအွန်းကပြောခဲ့တာပါ။

အမေရိကန်အစိုးရအနေနဲ့ လက်ရှိတွက်ဆမှုမျိုးကို ရပ်ဆိုင်းပြီး ပုံစံသစ်နဲ့ စဉ်းစားဖို့လိုအပ်တယ်လို့ ဆိုပါတယ်။ ခေါင်းဆောင် ၂ဦးဟာ လောလောဆယ် ၂ ကြိမ်တွေ့ဆုံခဲ့ကြပြီး ချစ်ကြည်မှုကို တည်ဆောက်နိုင်ခဲ့ပေမဲ့ နျူကလီးယား ဖျက်သိမ်းရေး၊ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်းရေးတွေနဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ မရနိုင်ခဲ့ကြပါဘူး။

ကင်ဂျုံအွန်းနဲ့ နောက်တကြိမ် ထပ်ပြီးတွေ့ဆုံဖို့ လမ်းဖွင့်ထားတယ်ဆိုတဲ့အကြောင်း သမ္မတထရမ့်က ကြာသပတေးနေ့တုန်းက ပြောကြားခဲ့တာပါ။

Your browser doesn’t support HTML5

ထပ်မံတွေ့ဆုံရေး Donald Trump ရဲ့ပြောကြားချက် ကင်ဂျုံအွန်းတုံ့ပြန်