ပုပ်ရဟန်းမင်းကြီးနဲ့ Trump တွေ့ဆုံ

U.S. President Donald Trump stands with Pope Francis during a meeting, May 24, 2017, at the Vatican.

ပုပ်ရဟန်းမင်းကြီး Francis နဲ့ ဒီကနေ့ Vatican နန်းတော်မှာ တွေ့ဆုံမှု အပြီး အမေရိကန် သမ္မတ Donald Trump ဟာ သူဟာ ကမ္ဘာ့ ငြိမ်းချမ်းရေး အတွက် လုပ်ဆောင်ဖို့ ယခင်ထက် ပိုပြီး ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်တယ်လို့ ဆိုပါတယ်။

ဆီးရီးယား၊ လစ်ဗျားနဲ့ ISသိမ်းပိုက် နယ်မြေဒေသ တွေမှာလို လူသားတို့ ဆင်းရဲဒုက္ခတွေ အများအပြား ခံစားနေရတာကို ဘာသာရေး အသိုင်းအဝိုင်းတွေက ဘယ်ပုံဘယ်နည်း တိုက်ဖျက်နိုင်တယ်ဆိုတာ နှစ်ဘက် ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော် အရာရှိတွေက ဆိုပါတယ်။

သမ္မတကြီးနဲ့ ရဟန်းမင်းကြီး တို့ဟာ အခြေခံ တန်ဖိုးထားမှု အများအပြားကို အပြန်အလှန် ဖလှယ်ကြပြီး ကမ္ဘာတဝှမ်း လူ့အခွင့်အရေး မြှင့်တင်ဖို့ လူမှုဒုက္ခတွေကို တိုက်ဖျက်ဖို့နဲ့ ဘာသာရေး လွတ်လပ်မှုတွေကို ကာကွယ်ဖို့ အတည်ပြုခဲ့ ကြတယ်လို့လည်း အိြမ်ဖူတော် ကြေညာချက်တစောင်မှာ ဖော်ပြထားပါတယ်။

သမ္မတ Donald Trump ကတော့ ပုပ်ရဟန်းမင်းကြီးနဲ့ တွေ့ဆုံရမှုဟာ တသက်တခါ ကြုံရတဲ့ ဂုဏ်ယူစရာ ဖြစ်ရပ်ပဲလို့ တွစ်တာမှာ ဖော်ပြထားပါတယ်။

Your browser doesn’t support HTML5

ပုပ်ရဟန်းမင်းကြီးနဲ့ Trump တွေ့ဆုံ