အမေရိကန် စာလုံးပေါင်းပြိုင်ပွဲ အိန္ဒိယနွယ်ဖွား ကျောင်းသား ၂ ဦး အနိုင်ရ

အမေရိကန် စာလုံးပေါင်းပြိုင်ပွဲ ပူးတွဲ အနိုင်ရတဲ့ အသက် ၁၃ နှစ်အရွယ် Jairam (ဝဲ) Hathwar နဲ့ အသက် ၁၁ နှစ်အရွယ် Nihar Janga (ယာ)။

အမေရိကန်ပြည်ထောင်စုမှာ Spelling Bee လို့ခေါ်တဲ့ တနိုင်လုံးအဆင့် စာလုံးပေါင်း သတ်ပုံပြိုင်ပွဲမှာ မနှစ်ကလိုပဲ ဒီနှစ်မှာလည်း အိန္ဒိယနွယ်ဖွား အမေရိကန် ကျောင်းသားလေးတွေက အမှတ်အများဆုံးနဲ့ အနိုင်ရသွားပါတယ်။

သူနောက်ဆုံးအဆင့်ပေါင်းပြမယ့်စာလုံးဟာ ဂျာမန်စာလုံးလား လို့ Nihar Janga ကမေးတဲ့အခါ - ဒိုင်လူကြီးက - ဟုတ်ပါတယ် လို့ ပြန်ဖြေပြီးတဲ့နောက် သူက အခုလို စာလုံးပေါင်းပြသွားခဲ့ပါတယ်။

Janga "gesellschaft is this from a German word.?"

Judge: “that is correct”

ဒီနှစ်ပြိုင်ပွဲမှာ ပူးတွဲ အနိုင်ရတဲ့ အသက် ၁၁ နှစ်အရွယ် Nihar Janga ဟာ Spelling Bee ပြိုင်ပွဲအနိုင်ရ အသက်အငယ်ဆုံး ကျောင်းသားလေးပဲ ဖြစ်ပါတယ်။

Janga နဲ့အတူ ပူးတွဲအနိုင်ရတဲ့ အသက် ၁၃ နှစ်အရွယ် Jairam Hathwar ကတော့ အရင်တနှစ်ကျော်က Spelling Bee ပြိုင်ပွဲမှာ အနိုင်ရခဲ့ဖူးတဲ့ ကျောင်းသား တယောက်ရဲ့ ညီပါ။

ဝါရှင်တန်ဒီစီမြို့တော်အနီးက မေရီလန်းပြည်နယ်မှာ ကြာသပတေးနေ့က ကျင်းပတဲ့ နိုင်ငံတော် အဆင့် Spelling Bee ပြိုင်ပွဲ နောက်ဆုံးအဆင့် အတော်ဆုံး ဆန်ကာတင်ကျောင်းသား ၁၀ ယောက်ထဲကနေမှ အခုလို ပူးတွဲ အနိုင်ရသွားတဲ့ သူတို့ နှစ်ယောက်ကတော့ ဆုဖလားကြီးနဲ့အတူ ဒေါ်လာငွေသား ၄၅,၀၀၀ နဲ့ ဆုတံဆိပ်တွေကို ရရှိတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

အမေရိကန် စာလုံးပေါင်းပြိုင်ပွဲ အိန္ဒိယနွယ်ဖွား ကျောင်းသား ၂ ဦး အနိုင်ရ

Your browser doesn’t support HTML5

Spelling Bee ပြိုင်ပွဲ အိန္ဒိယနွယ်ဖွားနှစ်ဦး ပူးတွဲအနိုင်ရ