Your browser doesn’t support HTML5
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံက အာဏာရှိသူတချို့ကို ICC (ခေါ်) နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရားရုံးမှာတင်ပြီး စစ်ဆေးအရေးယူနိုင်မယ့် အလားအလာ မရှိဘူးလို့ နိုင်ငံတကာ ဥပဒေနဲ့ လူ့အခွင့်အရေး ဥပဒေပါရဂူ ဒေါက်တာမြင့်ဇံ က သုံးသပ်လိုက်ပါတယ်။ ပါမောက္ခဒေါက်တာမြင့်ဇံ နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ချက် ဒုတိယပိုင်းကို တင်ပြလိုက်ပါတယ်။
မေး ။ ။ နောက်တခုက မြန်မာနိုင်ငံခေါင်းဆောင်တချို့ကို တာဝန်ရှိသူတချို့ကို International Criminal Court နိုင်ငံတကာ ပြစ်မှုဆိုင်ရာတရာရုံး (သို့) နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံးကို တင်ဖို့ဆိုပြီးတော့ တချို့က Lobby လုပ်နေတယ်ဆိုတာကိုလည်း ကြားပါတယ်။ အဲဒီကိစ္စကိုလည်း ပြည်သူတွေ သိချင်ကြပါလိမ့်မယ်။ ဥပဒေအကြောင်းအရ တချက်ပြောပေးပါ။ ဘယ်လိုအခြေအနေမှာ ဖြစ်နိုင်သလဲ။ တချို့နိုင်ငံတွေမှာ Kenya တို့ ဘာတို့မှာ Uhrur Kenyatta ကိုတင်တာ။ ဘာမှမဖြစ်ပါလား။ အဲဒါမျိုးလည်း ကျနော် စဉ်းစားမိတယ်။
ဖြေ ။ ။ ဥပဒေကြောင်းအရ ကျနော် ရှင်းပြပါမယ်။ နံပတ်တစ်က အပြည်ပြည်ဆိုင်ရာ ဥပဒေဆိုတာ ပြည်တွင်းဥပဒေနဲ့ မတူပါဘူး။ ပြည်တွင်းဥပဒေတောင်မှ Enforcement က မတူပါဘူး။ တချို့ Power ရှိတဲ့လူတွေ၊ အာဏာရှိတဲ့လူတွေ၊ ငွေရှိတဲ့လူတွေကို အမေရိကန်ဖြစ်ဖြစ်၊ ရုရှားဖြစ်ဖြစ်၊ လာအိုဖြစ်ဖြစ်၊ အနည်းနဲ့အများတော့ တဘက်က Rule of Law ကို ပြောဆိုသော်လဲ၊ တူညီစွာ မဖြစ်ဘူး။
အဲဒီတော့ အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ Enforce လုပ်ဖို့ဆိုတာ Mechanism အကောင်အထည်ဖော်ဖို့၊ အရေးယူဖို့ Mechanism မှာ ပြည်တွင်းဥပဒေနဲ့ ပိုပြီးတော့ ရှုပ်ထွေးပါတယ်။ ရှုပ်ထွေးခက်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုန ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံးဆိုတာ ၂၀၀၃ ခုနှစ်ကမှ ပေါ်ပေါက်လာတာပါ။ နောက်ပြီးတော့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး ဥပဒေက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ရုံး Statue ဥပဒေကို လက်မှတ်ရေးထိုးမှသာလျှင် အဲဒီ လက်မှတ်ရေးထိုးတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေ၊ ဒါမှမဟုတ် အဲဒီနိုင်ငံရဲ့ စစ်သားတွေ၊ စစ်ဗိုလ်ချုပ်တွေကို အရေးယူနိုင်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အဲဒီ International Criminal Court Statute ကို လုံးဝလက်မှတ်ရေးထိုးထားခြင်း မရှိပါဘူး။ လက်မှတ်လည်း ထိုးမှာ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ အလုပ်လုပ်နေတဲ့ အမေရိကန်နိုင်ငံကလည်း မထိုးပါဘူး။ တရုတ်ကလည်း မထိုးပါဘူး။ ကျနော် အမှတ်မမှားဘူးဆိုရင် ရုရှားကလည်း မထိုးပါဘူး။ အိန္ဒိယကလည်း မထိုးပါဘူး။ အစ္စရေးလ်ကလည်း မထိုးပါဘူး။ သို့သော်လဲ လုံခြုံရေးကောင်စီက Refer လုပ်ရင်တော့ မထိုးသော်လဲ Indictment လို့ခေါ်တဲ့ အရေးယူမှုတခု ဖြစ်နိုင်တယ်။ အဲဒါ ကျနော်သိတဲ့ တခြားဥပမာတော့ ရှိပါလိမ့်မယ်။ ဦးကျော်ဇံသာ အခုန ကင်ညာကို ပြောသွားတယ်။ ကင်ညာကို ကျနော် သိပ်မသိဘူး။ ကျနော် သိတာက South Sudan လို့ခေါ်တဲ့ မဟုတ်ဘူး Sudan နိုင်ငံက Omar Basher ဟာ ကျနော် သိသလောက်ဆိုရင် Sudan နိုင်ငံဟာ International Criminal Court Statute ကို မထိုးထားဘူး။ သို့သော်လဲ International Criminal Court ရဲ့ Argentine Prosecutor Moreno-Ocampo က Crimes against Humanity နဲ့ Genocide ပါလား မသိဘူး ကျူးလွန်တယ်ဆိုပြီးတော့ တရားစွဲတာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအထိ တင်တယ်။ လုံခြုံရေးကောင်စီမှာတင်တော့ ကျနော် မှတ်မိသလောက် ပြောရမယ်ဆိုရင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ ရုရှားနိုင်ငံက ကန့်ကွက်မဲ မပေးတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် Approval ခွင့်ပြုချက်ကိုယူပြီး Mr. Omar al-Bashir ကို ဖမ်းဝရမ်း ထုတ်ပါတယ်။ အဲဒါက လွန်ခဲ့တဲ့ (၆) နှစ်၊ (၇) နှစ်က ဘာမှမဖြစ်ဘူး။
တောင်အာဖရိကနိုင်ငံဟာ အဲဒီ ICC statute ဥပဒေကို လက်မှတ်ထိုးထားတာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂) နှစ်လောက်က ထင်ပါတယ်။ Omar al-Bashir တောင်အာဖရိကနိုင်ငံသွားတော့ ဖမ်းစေဆိုပြီးတော့ ICC Prosecutor က Code ပို့တယ်။ တောင်အာဖရိက တရားသူကြီးက ဖမ်းမိန့်ဝရမ်းကို ထုတ်မယ့်ဆဲဆဲ အဲဒီလို မလုပ်နိုင်ခင်မှာ Omar al-Bashir က တောင်အာဖရိကနိုင်ငံက ထွက်သွားတယ်။ အခုထက်ထိလဲ သူ အေးအေးဆေးဆေးပဲ .. တိုတိုပြောရရင်။ အဲဒီတော့ ရှင်းရှင်းပြောပါမယ် ဒီအမှုက လုံခြုံရေးကောင်စီကို ရောက်ဖို့ဟာ တစ်ရာပုံပုံရင် နှစ်ပုံလောက်ပဲ ရှိပါတယ်။ ရောက်သည့်တိုင်အောင် တစ်ရာပုံတပုံမှာ တစ်ရာရာခိုင်နှုန်း သေချာတာက ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာနဲ့ ပယ်ချမယ်။ တခြားနိုင်ငံတွေကလည်း ပယ်ချလိမ့်မယ်။ ဒါကလဲ ဘယ်လိုမှ ဥပဒေကြောင်းအရကော၊ နိုင်ငံရေးသဘောတရားအရကော ဘယ်လိုမှ မဖြစ်နိုင်တဲ့ကိစ္စလို့ ဆိုချင်ပါတယ်။
မေး ။ ။ နောက်တခုက လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ နိုင်ငံတနိုင်ငံကို နိုင်ငံတကာအဖွဲ့အစည်းတွေက ပြောဆိုဝေဖန်လာကြတဲ့အခါမှာ တဘက်က နိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကို အကြောင်းပြပြီးတော့ ကာကွယ်ကြတာ ရှိပါတယ်။ ဆိုတော့ တနည်းအားဖြင့်ပြောရရင် နိုင်ငံတကာ သတ်မှတ်ထားတဲ့ လူ့အခွင့်အရေးစံနဲ့ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာ ယှဉ်ပြိုင်ရတဲ့သဘော၊ ထိပ်တိုက်တိုးတဲ့ သဘောတွေလည်း တွေ့ရတတ်ပါတယ်။ အဲဒီသဘောကို ဆရာ ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ အဲဒါကတော့ ကျနော်ပြောတာအားလုံးက ရေရှည် နာရီဝက်၊ တနာရီလောက် အကျယ်ချဲ့ ပြောနိုင်ပါတယ်။ လူ့အခွင့်အရေးနဲ့ အခုပြောနေတဲ့ အချုပ်အခြာအာဏာပိုင်မှုက နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာ။ နိုင်ငံဆိုတဲ့ အယူအဆကိုကပဲ အနောက်နိုင်ငံ အယူအဆပဲ။ Treaty of Westphalia လို့ခေါ်တဲ့ ၁၆၄၈ ခုနှစ် Treaty မှာ နိုင်ငံတွင်းမှာ တခြားပြည်ပနိုင်ငံတွေက ဝင်စွက်ဖက်စရာ မလိုဘူးဆိုတာ ယေဘုယျအားဖြင့် အဲဒီမတိုင်ခင်လဲ ရှိပါတယ်။ ယေဘုယျအားဖြင့် အပြည်ပြည်ဆိုင်ရာ ဥပဒေမှာ ၁၆၄၈ ခုနှစ်မှာ ဥရောပနိုင်ငံတွေအတွင်း ချုပ်ဆိုတဲ့ Westphalia စာချုပ်ကတဆင့် ပေါ်လာတာ။ ဒါပေမဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်တိုင်း ဦးသန့်တော့ ထားလိုက်တော့ ကျနော် မှတ်မိသလောက်ဆိုရင် Boutros Boutros-Ghali, နောက်ပြီးတော့ Kofi Annan တို့ အားလုံးက အချုပ်အခြာအာဏာပိုင်ဆိုတာ Limitless မဟုတ်ဘူး။ အကန့်အသတ် မရှိတာမဟုတ်ဘူး။ ကိုယ့်နိုင်ငံ နည်းနည်းရိုင်းရိုင်းကလေးပဲ ပြောချင်ပါတယ် ကလေးသူငယ်တယောက် ကျနော့်မိတ်ဆွေရဲ့ သားလေးတယောက်ဟာ သူ့အိမ်ရှေ့မှာ အပေါ့စွန့်နေတယ်။ ဟေ့ကောင် မင်း ဘာလို့ အပေါ့စွန့်နေလဲဆိုတော့ … သူက ပြန်ပြောတာ ငါ့အိမ် ငါပေါက်တာ နင့်အိမ်ပေါက်တာ မဟုတ်ဘူးတဲ့။ အဲဒီတော့ အခုလဲ နိုင်ငံတွေက ငါ့အိမ် ငါလုပ်တာ ကျနော် ဘယ်နိုင်ငံရယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ အမေရိကန်အပါအဝင် Sovereignty ဆိုတာကို လိုရင်ပြောတာပဲ။ ဒါပေမဲ့ Sovereignty ဆိုတာ ကျနော် မှတ်မိတယ် Boutros Boutros-Ghali လည်း ပြောတယ်။ Kofi Annan လည်းပြောတယ်။
လူမျိုးပြုတ်ဖြုန်းသတ်ဖြတ်နေတယ်။ Genocide လုပ်နေရင် Crimes against Humanity လုပ်နေရင် ငါ့နိုင်ငံ ပြည်တွင်းရေးကို ဝင်မစွက်နဲ့ ဆိုပြီးတော့ အကြောင်းပြချက်နဲ့ ပြောလို့မရဘူး။ အဲဒါကြောင့်လဲ R2P ပေါ်လာတာဖြစ်တယ်။ အဲဒါကြောင့်ပဲ တနည်းအားဖြင့် Sovereignty ဆိုတာ တိုင်းပြည်ရဲ့ အစိုးရဟာ ယေဘုယျအားဖြင့် ပြောနေတာပါ။ ကမ္ဘာမှာ (၁၉၃) နိုင်ငံ ရှိပါတယ်။ အနည်းဆုံး ကုလသမဂ္ဂနိုင်ငံ - အဲဒီတော့ အစိုးရတိုင်း (၁၉၃) နိုင်ငံလုံးဟာ သီအိုရီ On paper အရတော့ ကိုယ့်နိုင်ငံသားတွေပေါ်မှာ အချုပ်အခြာအာဏာထက် ကိုယ့်နိုင်ငံသားတွေကို ကာကွယ်ပေးဖို့ Responsibility ရှိတယ်ဆိုပြီးတော့ တညီတညွှတ်တည်း ၂၀၀၅ ခုနှစ်က ပြောခဲ့တာပါ။ အဲဒီမတိုင်ခင်က ကျနော်ပြောသော်လဲ ကျနော့်အနေနဲ့ တရားဥပဒေ ပညာရှင်တယောက်အနေနဲ့ စိတ်ဝင်စားသော်လဲ လူသားတယောက်အနေနဲ့ကြတော့ တခါတလေ I’m skeptical သိပ်ပြီးတော့ သံသယနဲ့ ပြောပြီးတော့၊ မကောင်းမြင်စိတ်နဲ့ ပြောသော်လဲ ဒီအယူအဆဟာ Yugoslavia နဲ့ Rwanda မှာ ၁၉၉၄-၉၅ ခုနှစ်က Genocide လုပ်ပေမယ့် လူမျိုးပြုတ်ပြုန်းလို့ မသုံးသင့်ဘူးလို့ ကျနော် ပြန်သုံးနေတယ်။ Genocide လုပ်မှုများကို ကြည့်ပြီးတော့ အပြည်ပြည်ဆိုင်ရာ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ ကုလသမဂ္ဂနဲ့ ထိပ်သီးခေါင်းဆောင်တွေက တည်ထောင်ခဲ့တာကို အနောက်နိုင်ငံတွေရဲ့ အယူအဆလို့တော့ ပြောလို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တကမ္ဘာလုံးက နိုင်ငံခေါင်းဆောင်တွေက တညီတညွတ်ထဲ လက်မှတ်ထိုးတယ်လို့ ပြောတယ်။ ဒါပေမဲ့ အဲဒါကို အကောင်အထည် ဖော်ချင်တယ်ဆိုရင်တော့လဲ စာရွက်ပေါ်မှာပဲ ရှိနေလို့လဲ မဖြစ်ဘူး။ အကောင်အထည်ဖော်ဖို့ ဆိုတာလဲ အပြည်ပြည်ဆိုင်ရာ ဥပဒေဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးရဲ့ အကျဉ်းအကြပ်အတွင်း၊ အဝန်းအဝိုင်းအတွင်းမှာသာ ရှိတယ်။ အပြည်ပြည်ဆိုင်ရာ လည်ပတ်ချင် လည်ရတာမို့ ဒီကိစ္စက အင်မတန်ကိုပဲ လွယ်လွယ်လေးနဲ့ ပြောလို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ အဲဒီတော့ ဦးကျော်ဇံသာ မေးတဲ့ မေးခွန်းတချို့ကို အနည်းဆုံးတော့ သွယ်ဝိုက်ပြီး၊ တခါတလေ တိုက်ရိုက်ဖြေပြီးပြီလို့ ထင်ပါတယ်။
မေး ။ ။ ကျနော် နောက်ဆုံးတခု မေးချင်ပါသေးတယ်။ မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ Mobilize လုပ်တယ်။ တပ်ဖွဲ့ချထားတာကို ဟိုဘက်က ကန့်ကွက်တယ်ဆိုတော့ ကိုယ့်နိုင်ငံရဲ့ နယ်နမိတ်မှာ ကိုယ့်ဘာသာကိုယ် ခြံစည်းရိုး လုံခြုံအောင်လုပ်တယ်။ နောက်ပြီးတော့ စစ်တပ်တွေကို ကိုယ့်ဘက်မှာထားတယ်။ ဒီကိစ္စက တဘက်နိုင်ငံက ကန့်ကွက်တာနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာဥပဒေသဘောအရ ဘယ်လို ပြောလိုပါလဲ။
ဖြေ ။ ။ တဘက်နိုင်ငံဆိုတာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ကန့်ကွက်တယ်လို့ ပြောတာလား။ အဲဒါ ဘယ်တုန်းက ပါလိုက်တာလဲ။ ကျနော် မသိလိုက်ပါဘူး။ နှစ်ခါပြန်ပြောပါမယ်။ ကျနော် မသိပါဘူး။ စစ်တပ်ချတယ်၊ ကန့်ကွက်တယ်ဆိုတဲ့ သတင်းကို ဦးကျော်ဇံသာ ပြောမှ ကျနော် ကြားပါတယ်။ ဒါပေမဲ့ အဲဒီလို ပြောရရင် အခုမဟုတ်ဘူး။ ခါတိုင်းလဲ ရှိမှာပဲ။ ခါတိုင်းထက် ဘာဖြစ်လို့ တိုးချလဲ။ ဒါက ရှင်းနေတာပဲ။ အခု ဘင်္ဂလီ၊ ရိုဟင်ဂျာ - မသုံးရဘူးဆိုတဲ့ စကားကို သုံးမိပြီ။ ဒါမှမဟုတ် မြန်မာနိုင်ငံအတွင်း နေထိုင်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်သူများ၊ ဟိုဘက်ကို သိန်းနဲ့ချီပြီးထွက်ခွါတာ - Tension ရှိတော့ မြန်မာနိုင်ငံဘက်က စစ်တပ်ချတာ ဆရာဦးကျော်ဇံသာ ပြောသလိုပဲ ဒါက သူ့ရဲ့ အချုပ်အခြာအာဏာပိုင်အတွင်းမျာ ရှိတာပဲ။ စစ်တပ်ကိုချတာ စစ်တိုက်ဖို့ ချတာလဲ မဟုတ်ဘူး။ ကျနော် သိတာက အဝင်အထွက်ကို ကာကွယ်ဖို့ ဖြစ်ပါလိမ့်မယ်။
စစ်တပ်ချတာ ဘာရည်ရွယ်ချက်နဲ့ ချတာလဲ။ အီဂျစ်နိုင်ငံမှာ အခုန ၁၉၆၇ ခုနှစ် စစ်ပွဲကိုပြောရင် စစ်တပ်တွေ အများကြီးချတယ်။ ချရုံတင်မက ဖြန့်ဖြေရေးတပ်ဖွဲ့တွေကို ဆုတ်ပေး၊ ထွက်ခိုင်းတယ်ဆိုတော့ ဒါက အီဂျစ်မှာတိုက်ဖို့ ရည်ရွယ်ချက် မရှိတောင်မှ တိုက်ဖို့ ရည်ရွယ်ချက်ရှိတဲ့ ကြုံးဝါးချက်တွေကို အီဂျစ်သမ္မတ နာဆာ က - ဒါက အတိတ်ကို ပြန်ပြောနေတာ၊ တခြားနိုင်ငံက အဖြစ်အပျက်ကို ပြောတာပါ။ ဗမာပြည်နဲ့ တူတယ်လို့ လုံးဝမဆိုလိုပါဘူး။ ပြောလို့ အစ္စရေးလ်က စတိုက်ခဲ့တယ်။ အဲဒီလို အခြေအနေမျိုး လုံးဝ၊ လုံးဝ လုံးဝ မဟုတ်ဘူး - ဗမာနဲ့ ဘင်္ဂလားဒေ့ရှ်တို့က။
အဲဒီတော့ ဦးကျော်ဇံသာ မေးတဲ့ မေးခွန်းကိုဖြေရင် ဒီတခါတော့ ဗမာနိုင်ငံအစိုးရရဲ့ ကိုယ့်နယ်စပ်မှာ စစ်တပ်ချမှု၊ တိုးမြှင့်မှုဆိုတာ အခြေအနေအရ လုပ်တာ မှန်ပါတယ်။ သူတို့ ကန့်ကွက်တာက သူတို့ဘာသာ ကန့်ကွက်တာပေါ့။ မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရကိုပဲ ကိုယ့်နယ်စပ်မှာ စစ်တပ်တိုးမြှင့်ချတာ လုံခြုံရေးအတွက် ပိုပြီးလုပ်ဆောင်တာ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့ ညီတဲ့လုပ်ရပ်လို့ ကျနော် ထင်မြင်ပါတယ်။