ဒီနှစ် တတိယ ၃ လပတ်အတွင်း တရုတ်ဈေးကွက်ထဲ Huawei စမတ်ဖုန်းတွေ ရောင်းအားတက်ပြီး iPhone အသစ်တွေ ရောင်းအားကျတဲ့အကြောင်းနဲ့ ဗီယက်နမ်မှာတော့ လူငယ်တချို့ ပုံမှန်ရွေးချယ်နေကျ အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေကနေ သွေဖယ်ပြီး၊ ကော်ဖီဆိုင်လုပ်ငန်းဘက်ကို ပိုအာရုံစိုက်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မောင်းသူမဲ့ ကျည်ဆံရထား တစင်းကို ခရီးသည်တွေလိုက်ပါရင်း ဂျပန်နိုင်ငံမှာ စမ်းသပ်ပြေးဆွဲတဲ့အကြောင်းနဲ့ ငွေကြေးဖေါင်းပွမှု တိုးလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ အလုပ် ၂ ခု လုပ်တာတောင် မိသားစု စားဝတ်နေရေး အလျင်မီဖို့ မနည်း ရုန်းကန်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တရုတ်နဲ့ဗီယက်နမ် နှစ်နိုင်ငံကြားမှာ တင်းမာမှုတချို့ ရှိနေပေမယ့် နယ်စပ်ဖြတ်ကျော်ပြေးဆွဲတဲ့ ရထားလမ်းကို တိုးချဲ့ဖို့ သဘောတူလိုက်တဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ တရားမဝင် အွန်လိုင်း လောင်းကစားလုပ်ငန်းတွေ အဆမတန် တိုးလာတာကြောင့် အစိုးရက နှိမ်နင်းနေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တောင်ကိုရီးယား Hyundai ကုမ္ပဏီက အိန္ဒိယမှာ မော်တော်ကား ဖက်စပ်ထုတ်နေတဲ့ လုပ်ငန်းထဲက ဒေါ်လာ(၃)ဘီလျံကျော်ကို အများပြည်သူ ဝယ်ယူနိုင်မယ့် အစုရှယ်ယာအဖြစ် ထုတ်ရောင်းတော့မယ်လို့ ကြေညာလိုက်တဲ့အကြောင်းနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ ဓါတ်ဆီလောင်စာဈေးတွေလည်း တက်လာလိမ့်မယ်လို့ ခန့်မှန်းနေတဲ့အကြောင်း တင်ပြထားပါတယ်။
အမေရိကန် ဖလော်ရီဒါပြည်နယ်ကိုဦးတည်တိုက်ခတ်လာတဲ့ Milton ဟာရီကိန်း မုန်တိုင်းဟာ ဒေသစံတော်ချိန် အင်္ဂါနေ့ညနေပိုင်းမှာ တနာရီ ၁၆၅ မိုင်နှုန်းနဲ့ ရွေ့နေပြီး ဗုဒ္ဓဟူးနေ့ညပိုင်းမှာ ကျရောက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းလမ်းပေါ်က အမေရိကန်မြန်မာတွေကြုံနေတဲ့အခြေအနေကို ကို ဥာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မော်တော်ကားတွေမှာပါတဲ့ တရုတ်ရဲ့နည်းပညာပစ္စည်းတွေဟာ နိုင်ငံ့လုံခြုံရေးအတွက် စိုးရိမ်ရတယ်ဆိုပြီး − အမေရိကန်က တားမြစ်ဖို့လုပ်နေတာဟာ ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ တရုတ်နိုင်ငံက တုံ့ပြန်လိုက်တဲ့အကြောင်း
အိန္ဒိယနိုင်ငံက Samsung ကုမ္ပဏီ အလုပ်သမားတွေဟာ သူတို့တောင်းဆိုချက်တွေ ရလာတဲ့အထိ ဆက်လက် ဆန္ဒပြသွားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်းနဲ့ သြစတြေးလျနိုင်ငံမှာတော့ ဈေးချပေးထားသယောင် လှည့်စားနေတဲ့ ကုန်တိုက်ကြီး ၂ ခုကို စားသုံးသူ ကာကွယ်ပေးရေးအဖွဲ့က တရားစွဲလိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သြစတြေးလျရဲ့အကူအညီနဲ့ အရှေ့တီမောနိုင်ငံမှာ ရေနံတူးဖေါ်ထုတ်လုပ်ရေး စီမံကိန်းကို လာမယ့် လအနည်းငယ်အတွင်း စတင်တော့မယ့်အကြောင်းနဲ့ တောင်ကိုရီးယားရဲ့ Hyundai ကား ကုမ္ပဏီကတော့ ၂၀၃၀ ရောက်ရင် ဓါတ်ဆီ/လျှပ်စစ်၂ မျိုးသုံး hybrid ကားတွေကို ၂ ဆထုတ်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အာဖရိကတိုက် နိုင်ငံတွေနဲ့ ကုန်သွယ်စီးပွားရေး မြှင့်တင်နိုင်ဖို့ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာ(၃)ဘီလျံခွဲ ရင်းနှီးမြှုပ်နှံသွားဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံလျှပ်စစ်ကားထုတ် ကုမ္ပဏီတခုက လူအများဝယ်စီးနိုင်မယ့် ဈေးချိုသာတဲ့ကားတမျိုးကို ထုတ်လုပ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သမ္မတလောင်း နှစ်ဦးရဲ့ စကားစစ်ထိုးပွဲဟာ အကြိတ်အနယ် ယှဥ်ပြိုင်ကြမယ့်ပွဲလို့ မျှော်လင့်ရပြီး၊ ပိုင်ပိုင်နိုင်နိုင် ချေပနိုင်သူဘက်က အသာစီး ရသွားနိုင်တယ်လို့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို လေ့လာထားတဲ့ မြန်မာနွယ်ဖွား အမေရိကန်နိုင်ငံသားတွေက သုံးသပ်ကြပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။
အိန္ဒိယကုန်သွယ်ရေးကို မြှင့်တင်ဖို့အတွက် ဒေါ်လာ(၉)ဘီလျံ တန်ဖိုးရှိတဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ခွင့်ကို ဝန်ကြီးချုပ်မိုဒီအစိုးရက ခွင့်ပြု၊ ဗီယက်နမ်မှာ မိုးသည်းထန်တာကြောင့် နဂါးမောက်သီးနဲ့ အခြားစားပင်စိုက်ခင်းတွေ ရေမြုပ်ဆုံးရှုံးရတဲ့အတွက် ခြံသမားတွေ အခက်တွေ့နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တရုတ်လျှပ်စစ်ကားတွေကို သွင်းကုန်ခွန် စကောက်တော့မယ်လို့ EU က ကြေညာလိုက်ပြီးနောက်တရုတ်ကလည်း သူ့နိုင်ငံထဲ တင်သွင်းနေတဲ့ EU နို့ထွက်ပစ္စည်းတွေအပေါ် အခွန် စည်းကျပ်ဖို့ စတင် လုပ်ဆောင်လာတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားရဲ့ မြို့တော်သစ်စီမံကိန်းကို အချိန်မီ မပြီးသေးတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဂျပန်အစိုးရနဲ့ တိုကျိုမြို့တော် အုပ်ချုပ်ရေးအဖွဲ့တို့ ပူးတွဲပိုင်ဆိုင်တဲ့ Tokyo Metro ရထားလိုင်းတွေရဲ့ စတော့ရှယ်ယာ ထက်ဝက်လောက်ကို အများပိုင် အစုရှယ်ရာအဖြစ် ရောင်းချသွားဖို့ စီစဥ်နေတဲ့အကြောင်းနဲ့ Alibaba အွန်လိုင်း ဈေးရောင်းကုမ္ပဏီရဲ့ ဝင်ငွေ ကျဆင်းခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ရှီကာဂိုမြို့မှာ ၄ ရက်ကြာ ကျင်းပနေတဲ့ နိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ် ပါတီညီလာခံ ပထမနေ့မှာပဲ မြို့ပေါ်ဆန္ဒပြပွဲတွေနဲ့ အဖမ်းအဆီးတွေ ရှိခဲ့သလို၊ ရှီကာဂိုမြို့ အဓိကကျတဲ့နေရာတွေမှာ လုံခြုံရေး အထူး တင်းကြပ်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင် စုစည်း တင်ပြထားပါတယ်။
မလေးရှားနဲ့ စင်္ကာပူ ၂ နိုင်ငံကြား အထူးစီးပွားရေးဇုန်တခု အကောင်ထည်ပေါ်လာစေရေး ၊ စက်တင်ဘာမှာ နောက်ဆုံးအဆင့် သဘောတူညီချက်ရဖို့ ကြိုးပမ်းနေကြတဲ့အကြောင်းနဲ့ ဟောင်ကောင်မှာတော့ စက်ရုပ်တွေချက်ပြုတ်ပေးတဲ့ စားသောက်ဆိုင်မှာ အနောက်တိုင်း အစားသောက်တွေကိုပါ ရောင်းချနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
အိန္ဒိယလူငယ်တွေဟာ ဂုဏ်ရှိပြီး ဘဝအာမခံချက်ရှိမယ့် အစိုးရအလုပ်တခုခု ရနိုင်ရေးအတွက် ၊ စာမေးပွဲအမျိုးမျိုး ဝင်ဖြေဖို့ ကြိုးပမ်းနေကြတဲ့အကြောင်းနဲ့ ဂျပန် Uniqlo အဝတ်အစားကုမ္ပဏီကတော့ ဒီနှစ်ဟာ ၃ နှစ်ဆက်တိုက် ရောင်းအားကောင်းတဲ့နှစ် ဖြစ်လာနိုင်မယ်လို့ မျှော်လင့်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
တရုတ်နိုင်ငံမှာ ပြည်ပပို့ကုန်ကဏ္ဍ အားကောင်းလာပေမဲ့ ပြည်တွင်းဝယ်လိုအား နည်းနေတာကြောင့် နိုင်ငံခြားသွင်းကုန်ပမာဏ ကျဆင်းနေတဲ့အကြောင်းနဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီကတော့ အလိုအလျှောက်ကြိုပို့ပေးမယ့် စက်ရုပ်−တက္ကဆီ ထုတ်လုပ်မယ့် အစီအစဥ်ကို လအနည်းငယ် နောက်ဆုတ်ထားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
"၄ ဦး သေဆုံးပြီး ဒဏ်ရာရတာက ၁၀ ဦး၊ အရပ်သား ၁၀ ဦး ဒဏ်ရာရထားတယ်။ ရွာရဲ့ ဘာသာရေး အဆောက်အဦးဖြစ်တဲ့ ဘုန်းကြီးကျောင်းရယ်၊ ရွာထဲက လူနေအိမ်တွေကို ဗုံးကြဲတယ်။ စက်လက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်ပေါ့။ ဒီနေ့ဆိုရင်လည်း ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်ခံရတယ်။" (မင်းဘူးခရိုင် ပြည်သူံကာကွယ်ရေးတပ်ဖွဲ့ သတင်းပြန်ကြားရေး)
တနင်္သာရီတိုင်းစစ်ရှောင်တွေအတွက် ဆေးဝါးနဲ့ရိက္ခာလိုအပ်ချက်တွေ ရှိနေပြီး အခုမိုးတွင်းကာလမှာ စစ်ရှောင်နေသူတွေ ငှက်ဖျား၊ ရာသီတုပ်ကွေးနဲ့ သွေးလွန်တုပ်ကွေးအပြင် ရေမသန့်တဲ့နောက်ဆက်တွဲ ဝမ်းရောဂါဖြစ်သူတချို့လည်း ရှိတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်တွေက ပြောပါတယ်။
မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်တွေ ကုလသမဂ္ဂလို ကမ္ဘာ့စင်မြင့်မှာ မြန်မာနိုင်ငံကိုယ်စားပြုသူအဖြစ် ခုချိန်ထိ နေရာမရသေးတာကြောင့် မြန်မာလူထုအနေနဲ့ စစ်အာဏာရှင်ကို မလိုလားတာကို သေချာတင်ပြနိုင်ဖို့ အခွင့်အရေးရနေတယ်လို့ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်