လူအများကို ကူညီပေးရင်း လူအမျိုးမျိုး ဘဝအထွေထွေကို မြင်တွေ့ရသလို၊ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုလည်း ပိုပြီး လေ့လာ ဆင်ခြင် သုံးသပ်မိစေတာကြောင့် တရားကို အကောင်းဆုံး ရှာဖွေနိုင်တဲ့ နည်းပါပဲလို့ Tzu Chi ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းမှာ ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ မ ဆပ်ဘရီနာသမ်း (Sabrina Tham) က ပြောပါတယ်။
နယူးယောက် တရားရုံးမှာ ခုလို အမှုရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်မှုတွေလည်း အပြိုင် ဆက်ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တရေးအိပ်ပြိုင်ပွဲကို ဟန်မြစ်ဘေး ပန်းခြံတခုမှာ ကျင်းပ၊ အီတလီနိုင်ငံက အသက် ၉၀ အရွယ် အဘွားအို သူ့အရွယ် အုပ်စုတန်းမှာ ကမ္ဘာ့အမြန်ဆုံး တာတိုအပြေးသမားအဖြစ် စံချိန်သစ်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
Women in News Editorial Leadership ဆုကို အရှေ့တောင်အာရှဒေသ ကိုယ်စားပြု ချီးမြှင့်ခံရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူရသလို၊ မြန်မာသာမက အရှေ့တောင်အာရှဒေသက အမျိုးသမီး သတင်းထောက်တွေနဲ့ပါ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အင်အား အများကြီး ဖြစ်စေတယ်လို့ ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောပါတယ်။
မြန်မာအပါအဝင် အမေရိကားမှာရှိတဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေသာမက ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရအရာရှိတွေပါ တက်ရောက်တဲ့ ဝါရှင်တန်မြို့တော်က ဗုဒ္ဓနေ့ ငြိမ်းချမ်းရေး မီးထွန်းဆုတောင်းပွဲအကြောင်းကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နယ်သာလန်နိုင်ငံက ပန်းချီဆရာမတယောက် ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးဆွဲနိုင်လို့ နာမည်ကြီး၊ တောင်ကိုးရီးယားလူရွှင်တော်က ဘုန်းကြီးလို ဝတ်ပြီး ဗုဒ္ဓတရားတော်တွေကို EDM အီလက်ထရောနစ်အကဂီတအသွင် ဖန်တီးတင်ဆက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရဖို့ခက်ခဲတဲ့ ပညာသင်ဆုကိုရလိုက်တဲ့အတွက် ပညာရှင်တယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်သလို နိုင်ငံတကာ သတင်းစာကြီးတွေမှာ မြန်မာ့အရေးဆောင်းပါးတွေ ဆက်ရေးသွားမယ်လို့ ဒီနှစ် Paul & Daisy Soros Fellowship ပညာသင်ဆုရခဲ့သူ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။
ကနေဒါမှာ PhD ဘွဲ့ရပြီးနောက်ပိုင်း လက်ရှိ အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခနေရာ ရဖို့ ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာနဲ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းက ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာ ဘယ်လို ပါဝင်နေသလဲ ဆိုတွေကိုလည်း ဒီတပတ်မှာ မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။
“ပထမ ဦးစားပေးအနေနဲ့ ဒီ ၆ နှစ်အတွင်း ကျောင်းပြီးအောင်လုပ်မယ်။ ဒုတိယအချက်ကျောင်းတကျောင်းလုပ်ချင်တယ်။ ဥပမာ − တက္ကသိုလ်တခုလို ပုံစံမျိုး ကိုယ့်ဒေသမှာ ကိုယ့်လိုကျောင်းတက်ဖို့ အခွင့်အလမ်းမရတဲ့သူတွေကို ကိုယ်ကြုံရတဲ့ ပုံစံမျိုး မဖြစ်ရအောင် လုပ်ချင်တယ်။" (ကိုကျော်ဆန်းလှိုင်- Paul & Daisy Soros Fellowship)
အင်ဒိုနီးရှား အော်ရန်ဂူတန် မျောက်ဝံကြီး ဆေးဖက်ဝင်သစ်ရွက်တွေနဲ့ ဆေးကုမှု မှတ်တမ်းတင်နိုင်၊ ဂျပန်မှာ ကမ္ဘာကျော် ဖူဂျီတောင်မြင်ကွင်းကို အုတ်တံတိုင်းနဲ့ ကာဖို့ လုပ်ဆောင်တာ ဘာ့ကြောင့်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
Scholarship ရှိမှ မဟုတ်ဘဲ၊ ကျောင်းတက်ရင်း ဝင်ငွေရှာနိုင်တဲ့ အလုပ်တွေ လုပ်နိုင်သလို၊ ကိုယ့်ဘက်က အားထုတ်မှုအားကောင်းရင် ပညာသင်ဆု ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း ပေါ်လာပါတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခ မမွှေးမွှေးကြူ က ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ Joe Biden နဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump တို့အနေနဲ့ သမ္မတနေရာ ပြန်လည် အရွေးခံရဖို့အတွက် ဒီ ၆ လအတွင်း အကြိတ်အနယ် မဲဆွယ် ယှဥ်ပြိုင်ကြရမှာပါ။ ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အများစုပါဝင်တဲ့ စက်ရုံအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှု အခြေအနေဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း သိသိသာသာ ပိုမို ဆိုးရွားလာခဲ့တယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တဦးဖြစ်တဲ့ မခိုင်ဇာအောင်က ပြောပါတယ်။
သက်သတ်လွတ်စားဖို့ တိုက်တွန်းတဲ့အဖွဲ့ ခွေးသားရောင်းပြီး ဆွယ်၊ ကလေးတယောက်တည်းရှိပေမဲ့ စာသင်ကျောင်း သေချာဖွင့်ပေးထားတဲ့ ရွာလေး၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် Arthur Svensson နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမားရေး ဦးဆောင်လှုပ်ရှားသူ မခိုင်ဇာအောင် ချီးမြှင့်ခံရပါတယ်။ ဒီဆုဟာ သူ့ကို ဂုဏ်ပြုတာထက် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံ အလုပ်သမားတွေနဲ့အတူ သွေးစည်းမှုနဲ့ ထောက်ခံမှုပြရာရောက်တယ်လို့ မခိုင်ဇာအောင်က ပြောပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ထိပ်တန်းရောက် သမ္မတလောင်း နှစ်ဦးလုံးက ဆေးခြောက် အသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောထားတသမတ်တည်း မရှိကြသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဂျာမဏီ၊ ဘာလင်မြို့မှာ ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက်ကို ဖွင့်လှစ်၊ နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦး ဗြိတိန်၊ လန်ဒန်ကနေ နိုင်ဂျီးရီးယား၊ နိုင်ဂျီးရီးယားကို ကားမောင်းပြခဲ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲတွေ စဖြစ်တဲ့ ဧပြီလ အစပိုင်းကနေ ခုချိန်ထိ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို လူတွေထောင်နဲ့ချီ နေ့စဥ် ထွက်ခွာနေကြတာပါ။ ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ သူတို့ ဘယ်လို အခက်အခဲတွေ ကြုံရပြီး ထိုင်းနိုင်ငံဘက်မှာရော ဘယ်လို နေထိုင်နေကြရပါလဲ။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လတ်တလော ပြန်လည် တုံ့ပြန် တိုက်ခိုက်တာတွေ မလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အစ္စရေးကို ဝိုင်းဝန်း ဖိအားပေး နေပေမဲ့ အစ္စရေးနိုင်ငံသား အများအပြားကတော့ အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ သူ့အစိုးရကို တိုက်တွန်း နေပါတယ်။
ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကို လက်လွှတ်လိုက်ရတာဟာ မြန်မာစစ်ကောင်စီ အတွက်တော့ စစ်ရေးအရရော စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ထိုင်းပညာရှင်တဦးက ထောက်ပြပါတယ်။ ဘာကြောင့်ပါလဲ။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နောက်ထပ်ကြည့်ရှုရန်