တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ရွာခံတွေက ပြောပါတယ်။ ထိတွေ့တိုက်ပွဲတွေကြောင့် တော်လှန်ရေးအဖွဲ့တွေဘက်က တချို့သေဆုံးတာရှိသလို၊ဒေသခံအရပ်သားတဦးလည်း သေဆုံးတယ်လို့သိရပါတယ်။
ဗြိတိန်နိုင်ငံမှာ ကမ္ဘာ့တီကောင်ဖမ်း ပြိုင်ပွဲ ကျင်းပခဲ့၊ ဘရာဇီးနိုင်ငံသား တယောက် ဘောလုံးအင်္ကျီ အများဆုံး စုဆောင်းထားသူအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန်တင်၊ ဒီလို ကမ္ဘာတလွှားက ထူးထူးခြားခြားသတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့က တင်ဆက်ထားပါတယ်၊
မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ဟာ အရပ်သားပြည်သူတွေကိုပါ ပစ်မှတ်ထား ရာဇဝတ်မှုမျိုးစုံ ကျူးလွန်ခဲ့တာကို နိုင်ငံတကာက ထိရောက်တဲ့ ဥပဒေယန္တရားတွေနဲ့ ပူးပေါင်းဖိအားပေးသင့်တယ်လို့ NUG ကြားကာလလူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။ ဝါရှင်တန်ဗွီအိုအေစတူဒီယိုမှာ မခင်ဖြူထွေးတွေ့ဆုံမေးမြန်းထားပါတယ်။
အင်းစိန်ထောင်တွင်းမှာ ၈ လ တရားရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (CTUM) ရဲ့ ဆက်သွယ်ရေးဌာန တာဝန်ခံ မခိုင်သဥ္ဇာအေးရဲ့ တွေ့ကြုံခဲ့ရတဲ့အခြေအနေတချို့ကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်းတင်ဆက်ထားပါတယ်။
“မယ့်စလောင်းတောင်ကို မနေ့ကမနက်ပိုင်း ရှင်းလင်းရေးလုပ်နိုင်ခဲ့တယ်ပေါ့နော်။ တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်တဲ့အခါမှာ စစ်ကောင်စီဘက်က ဆုတ်ခွာသွားတာဖြစ်ပါတယ်။ ကျန်တဲ့အခြေအနေအသေးစိတ်ကိုတော့ ဆက်သွယ်ရေး အခက်အခဲကြောင့် မသိရသေးပါဘူးခင်ဗျ။”(တာအယ်စိုး- KNDF ဗဟိုပြန်ကြားရေးတာဝန်ခံ)
"နိုင်ငံရဲ့အနာဂတ်လည်း အကုန်ပျက်သွားပြီ၊ ပျောက်နေတယ်။ ဇွတ်ကြီးကောက်လိုက်လည်း ပျောက်နေတဲ့လူငယ်တွေ ဘာလုပ်ရမှာလဲ။ သူတို့တတွေရဲ့ အခန်းကဏ္ဍကို ဖုံးကွယ်ဖို့၊ မေ့ဖျောက်ဖို့ ကြိုးစားရတာလား။ နိုင်ငံတနိုင်ငံအတွက် သန်းခေါင်စာရင်းလိုတယ်။ ဒါပေမဲ့ဒီအခြေအနေမှာ မဖြစ်နိုင်ဘူး။ အဲဒါကိုဆိုလိုချင်တာ။" (မန္တလေးဒေသခံ)
ဗြိတိန်သျှဒီဇိုင်နာ ပိုးကောင်တွေကို သုံးပြီး ပရိဘောဂတွေ ဖန်တီး၊ ဂျာမဏီနိုင်ငံ ဘာလင်မြို့တော်၊ တိရစ္ဆာန်ရုံမှာ အထူးရှားပါးပြီး မျိုးတုံးပျောက်ကွယ်တော့မယ့် ရေမြင်းပုမျိုးထဲက သားလေး တကောင် ပေါက်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်အကျဥ်းထောင်ထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ နေရပ်ပြန်ပို့မယ်ဆိုတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းစလို့ အစာငတ်ခံဆန္ဒပြနေခဲ့ကြလို့ ထောင်အာဏာပိုင်တွေက အကြမ်းဖက် ဖြိုခွဲတာကြောင့် ဒဏ်ရာရသူတချို့ ရှိတယ်လို့ ထောင်နဲ့နီးစပ်သူတွေက ပြောပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ နွေရာသီအထူး အရသာအထူးအဆန်း ရေခဲမုန့်တွေ မိတ်ဆက်၊ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျယ်လိစ်မြို့မှာ ခွေး အပန်းဖြေအနားယူလို့ရတဲ့ အဆင့်မြင့် ကလပ်ဖွင့်လှစ်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကားရောက် မြန်မာကလေးငယ်တွေကို ရခိုင်ယဥ်ကျေးမှု အပါအဝင် မြန်မာနိုင်ငံရဲ့ ယဥ်ကျေးမှု အကြောင်းအရာတွေကို ဖတ်ခွင့် သိခွင့်ရစေချင်တာကြောင့် “Elsie celebrates Rakhine Thingyan” ဆိုတဲ့ ရခိုင်သင်္ကြန်ပွဲအကြောင်း ကလေးဖတ်စာအုပ်ကို ရေးဖြစ်ခဲ့တယ်လို့ ၁၁ တန်းကျောင်းသူ မလင်းကလျာထွန်းက ပြောပါတယ်။
ဂျာမဏီတက္ကသိုလ်တခုမှာ E-Coli အီကိုလိုင် ဘက်တီးရီးယားပိုးတွေကို ကြည့်ပြီး ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲရလာဒ် ခန့်မှန်းချက်ထုတ်၊ အမေရိကားက ပုရစ်တွေ မှိုရောဂါ ကူးပြီး လိင်စိတ်ကြွတဲ့ ဇွန်ဘီဖုတ်ကောင်လေးတွေ ဖြစ်ကုန်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အာရှနည်းဟန်နဲ့ ကြက်ခြေနီအသင်း Asian Red Cross လို့တောင် လူတွေ တင်စားခေါ်ကြတဲ့အထိ လူမှုကူညီရေး ဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာ Tzu Chi ဖောင်ဒေးရှင်းဟာထိုင်ဝမ် သီလရှင်တပါးရဲ့ ဦးဆောင်မှုနဲ့ စခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ ဦးဆောင်ပါဝင်နေတဲ့ပရဟိတအဖွဲ့တခု ဖြစ်တယ်လို့ ဒီအဖွဲ့က မဆပ်ဘရီနာသမ်း (Sabrina Tham)ကပြောပါတယ်။
အီတလီမြို့ဟောင်းက နံရံမှာ ရှေးနှစ် ၂ ထောင်က ကလေး မီးသွေးနဲ့ ဆွဲတဲ့ရုပ်ပုံတွေ တွေ့ရှိ၊ ဒူဘိုင်းမှာ ကျောင်းသားတွေ နေစွမ်းအင်သုံးမီးအိမ် ၃ ထောင်ကျော်နဲ့ ကမ္ဘာ့အကြီးဆုံး နေစွမ်းအင်သုံး မီးအိမ်ဖန်တီး ဂင်းနစ်စံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လူအများကို ကူညီပေးရင်း လူအမျိုးမျိုး ဘဝအထွေထွေကို မြင်တွေ့ရသလို၊ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုလည်း ပိုပြီး လေ့လာ ဆင်ခြင် သုံးသပ်မိစေတာကြောင့် တရားကို အကောင်းဆုံး ရှာဖွေနိုင်တဲ့ နည်းပါပဲလို့ Tzu Chi ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းမှာ ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ မ ဆပ်ဘရီနာသမ်း (Sabrina Tham) က ပြောပါတယ်။
နယူးယောက် တရားရုံးမှာ ခုလို အမှုရင်ဆိုင်နေရတဲ့ တချိန်တည်းမှာပဲ ဒီနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့ မဲဆွယ်မှုတွေလည်း အပြိုင် ဆက်ရှိနေတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တရေးအိပ်ပြိုင်ပွဲကို ဟန်မြစ်ဘေး ပန်းခြံတခုမှာ ကျင်းပ၊ အီတလီနိုင်ငံက အသက် ၉၀ အရွယ် အဘွားအို သူ့အရွယ် အုပ်စုတန်းမှာ ကမ္ဘာ့အမြန်ဆုံး တာတိုအပြေးသမားအဖြစ် စံချိန်သစ်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
Women in News Editorial Leadership ဆုကို အရှေ့တောင်အာရှဒေသ ကိုယ်စားပြု ချီးမြှင့်ခံရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူရသလို၊ မြန်မာသာမက အရှေ့တောင်အာရှဒေသက အမျိုးသမီး သတင်းထောက်တွေနဲ့ပါ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အင်အား အများကြီး ဖြစ်စေတယ်လို့ ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောပါတယ်။
မြန်မာအပါအဝင် အမေရိကားမှာရှိတဲ့ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းတွေသာမက ဘာသာပေါင်းစုံက ဘာသာရေးခေါင်းဆောင်တွေနဲ့ အမေရိကန် အစိုးရအရာရှိတွေပါ တက်ရောက်တဲ့ ဝါရှင်တန်မြို့တော်က ဗုဒ္ဓနေ့ ငြိမ်းချမ်းရေး မီးထွန်းဆုတောင်းပွဲအကြောင်းကို ကိုယ်တိုင်သွားရောက် သတင်းယူထားတဲ့ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နယ်သာလန်နိုင်ငံက ပန်းချီဆရာမတယောက် ပန်းချီကား ၁၀ ချပ်ကို တပြိုင်နက်ရေးဆွဲနိုင်လို့ နာမည်ကြီး၊ တောင်ကိုးရီးယားလူရွှင်တော်က ဘုန်းကြီးလို ဝတ်ပြီး ဗုဒ္ဓတရားတော်တွေကို EDM အီလက်ထရောနစ်အကဂီတအသွင် ဖန်တီးတင်ဆက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာရဖို့ခက်ခဲတဲ့ ပညာသင်ဆုကိုရလိုက်တဲ့အတွက် ပညာရှင်တယောက်ဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်တော့မှာဖြစ်သလို နိုင်ငံတကာ သတင်းစာကြီးတွေမှာ မြန်မာ့အရေးဆောင်းပါးတွေ ဆက်ရေးသွားမယ်လို့ ဒီနှစ် Paul & Daisy Soros Fellowship ပညာသင်ဆုရခဲ့သူ ကိုကျော်ဆန်းလှိုင်က ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်