ကနေဒါမှာ PhD ဘွဲ့ရပြီးနောက်ပိုင်း လက်ရှိ အမေရိကန်ပြည်ထောင်စုက ဝါရှင်တန်တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခနေရာ ရဖို့ ဘယ်လို အဆင့်ဆင့် ကျော်ဖြတ်ခဲ့ရသလဲ ဆိုတာနဲ့ မြန်မာအပါအဝင် ကမ္ဘာတဝန်းက ဆေးဘက်ဆိုင်ရာ သုတေသန လုပ်ငန်းတွေမှာ ဘယ်လို ပါဝင်နေသလဲ ဆိုတွေကိုလည်း ဒီတပတ်မှာ မခင်ဖြူထွေးက မေးမြန်း တင်ဆက်ထားပါတယ်။
“ပထမ ဦးစားပေးအနေနဲ့ ဒီ ၆ နှစ်အတွင်း ကျောင်းပြီးအောင်လုပ်မယ်။ ဒုတိယအချက်ကျောင်းတကျောင်းလုပ်ချင်တယ်။ ဥပမာ − တက္ကသိုလ်တခုလို ပုံစံမျိုး ကိုယ့်ဒေသမှာ ကိုယ့်လိုကျောင်းတက်ဖို့ အခွင့်အလမ်းမရတဲ့သူတွေကို ကိုယ်ကြုံရတဲ့ ပုံစံမျိုး မဖြစ်ရအောင် လုပ်ချင်တယ်။" (ကိုကျော်ဆန်းလှိုင်- Paul & Daisy Soros Fellowship)
အင်ဒိုနီးရှား အော်ရန်ဂူတန် မျောက်ဝံကြီး ဆေးဖက်ဝင်သစ်ရွက်တွေနဲ့ ဆေးကုမှု မှတ်တမ်းတင်နိုင်၊ ဂျပန်မှာ ကမ္ဘာကျော် ဖူဂျီတောင်မြင်ကွင်းကို အုတ်တံတိုင်းနဲ့ ကာဖို့ လုပ်ဆောင်တာ ဘာ့ကြောင့်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
Scholarship ရှိမှ မဟုတ်ဘဲ၊ ကျောင်းတက်ရင်း ဝင်ငွေရှာနိုင်တဲ့ အလုပ်တွေ လုပ်နိုင်သလို၊ ကိုယ့်ဘက်က အားထုတ်မှုအားကောင်းရင် ပညာသင်ဆု ရနိုင်တဲ့ အခွင့်အလမ်းတွေလည်း ပေါ်လာပါတယ်လို့ ဝါရှင်တန်တက္ကသိုလ်မှာ တွဲဖက် ပါမောက္ခ မမွှေးမွှေးကြူ က ပြောပါတယ်။
ဒီမိုကရက်တစ်ပါတီက လက်ရှိသမ္မတ Joe Biden နဲ့ ရီပတ်ဘလစ်ကန်ပါတီက သမ္မတဟောင်း Donald Trump တို့အနေနဲ့ သမ္မတနေရာ ပြန်လည် အရွေးခံရဖို့အတွက် ဒီ ၆ လအတွင်း အကြိတ်အနယ် မဲဆွယ် ယှဥ်ပြိုင်ကြရမှာပါ။ ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက အပြည့်စုံ တင်ပြပေးပါမယ်။
မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အများစုပါဝင်တဲ့ စက်ရုံအလုပ်သမားတွေရဲ့ အခြေခံအခွင့်အရေး ဆုံးရှုံးမှု အခြေအနေဟာ စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း သိသိသာသာ ပိုမို ဆိုးရွားလာခဲ့တယ်လို့ အလုပ်သမားသမဂ္ဂ ခေါင်းဆောင် တဦးဖြစ်တဲ့ မခိုင်ဇာအောင်က ပြောပါတယ်။
သက်သတ်လွတ်စားဖို့ တိုက်တွန်းတဲ့အဖွဲ့ ခွေးသားရောင်းပြီး ဆွယ်၊ ကလေးတယောက်တည်းရှိပေမဲ့ စာသင်ကျောင်း သေချာဖွင့်ပေးထားတဲ့ ရွာလေး၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
၂၀၂၄ ခုနှစ်အတွက် Arthur Svensson နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမားရေး ဦးဆောင်လှုပ်ရှားသူ မခိုင်ဇာအောင် ချီးမြှင့်ခံရပါတယ်။ ဒီဆုဟာ သူ့ကို ဂုဏ်ပြုတာထက် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံ အလုပ်သမားတွေနဲ့အတူ သွေးစည်းမှုနဲ့ ထောက်ခံမှုပြရာရောက်တယ်လို့ မခိုင်ဇာအောင်က ပြောပါတယ်။
လာမယ့် အမေရိကန်ရွေးကောက်ပွဲမှာ ထိပ်တန်းရောက် သမ္မတလောင်း နှစ်ဦးလုံးက ဆေးခြောက် အသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောထားတသမတ်တည်း မရှိကြသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် Scott Stearns ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ဂျာမဏီ၊ ဘာလင်မြို့မှာ ရွံစရာကောင်းတဲ့ အစားအသောက် ပြတိုက်ကို ဖွင့်လှစ်၊ နိုင်ဂျီးရီးယားနိုင်ငံက အမျိုးသမီးတဦး ဗြိတိန်၊ လန်ဒန်ကနေ နိုင်ဂျီးရီးယား၊ နိုင်ဂျီးရီးယားကို ကားမောင်းပြခဲ့၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြဝတီမြို့မှာ တိုက်ပွဲတွေ စဖြစ်တဲ့ ဧပြီလ အစပိုင်းကနေ ခုချိန်ထိ အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ကို လူတွေထောင်နဲ့ချီ နေ့စဥ် ထွက်ခွာနေကြတာပါ။ ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ သူတို့ ဘယ်လို အခက်အခဲတွေ ကြုံရပြီး ထိုင်းနိုင်ငံဘက်မှာရော ဘယ်လို နေထိုင်နေကြရပါလဲ။
အီရန်ရဲ့ တိုက်ခိုက်မှုတွေကို လတ်တလော ပြန်လည် တုံ့ပြန် တိုက်ခိုက်တာတွေ မလုပ်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အစ္စရေးကို ဝိုင်းဝန်း ဖိအားပေး နေပေမဲ့ အစ္စရေးနိုင်ငံသား အများအပြားကတော့ အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ သူ့အစိုးရကို တိုက်တွန်း နေပါတယ်။
ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကို လက်လွှတ်လိုက်ရတာဟာ မြန်မာစစ်ကောင်စီ အတွက်တော့ စစ်ရေးအရရော စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ထိုင်းပညာရှင်တဦးက ထောက်ပြပါတယ်။ ဘာကြောင့်ပါလဲ။ ရိုက်တာသတင်းကို အခြေခံပြီး မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ထိုင်း−မြန်မာနယ်စပ် ကုန်သွယ်ရေးမှာ အဓိကကျတဲ့ မြဝတီမြို့ကို လက်လွတ်လိုက်ရတာဟာ မြန်မာစစ်ကောင်စီ အတွက်တော့ စစ်ရေးအရရော စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ မြန်မာ့အရေး သုံးသပ်သူ ထိုင်းပညာရှင်တဦးက ထောက်ပြပါတယ်။
နယူးယောက်မြို့ ရှားပါးစာအုပ်ပြပွဲမှာ လူ့အရေပြားကို အဖုံးလုပ် ချုပ်ထားတဲ့စာအုပ် ဒေါ်လာ ၄ သောင်းခွဲနဲ့ ရောင်း၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ အများသုံး အိမ်သာတွေကို လည်ပတ်နိုင်တဲ့ ခရီးသွားအစီအစဉ်ရှိ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရှားရှားပါးပါး ကြုံရတဲ့ နေအပြည့်ကြတ်တာကို ဘဝမှာ မမြင်ဖူးသေးတဲ့သူတွေ ရှိပေမဲ့ အမေရိကန် ပြည်ထောင်စု တက္ကဆက်ပြည်နယ်က အမျိုးသမီးတယောက်ကတော့ သူ့ဘဝသက်တမ်းမှာ နေအပြည့်ကြတ်တာကိုအကြိမ် ၂၀ မြင်ခဲ့ရပြီးပါပြီ။ အသက် ၆၃ နှစ်အရွယ် Leticia Ferrer တယောက် ဘာတွေကြိုးပမ်းခဲ့ရလဲဆိုတာ မခင်ဖြူထွေးက စုစည်း တင်ဆက် ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ သန္ဓေသား ဖျက်ချခွင့်ကို ပြည်နယ်တခုချင်းစီကသာ ကိုယ်ပိုင်ဥပဒေ ပြဌာန်း ဆုံးဖြတ်တာမျိုး ဆက် ဖြစ်သင့်တယ်လို့ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ သမ္မတနေရာ ဝင်ပြိုင်မယ့် သမ္မတဟောင်း Donald Trump က ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲတွေမှာ ရှုံးနိမ့်တဲ့ အကြိမ်ရေ အများဆုံး အမျိုးသား နောက်ထပ်ရွေးကောက်ပွဲ ဝင်ဖို့ရှိ၊ ဂျပန်နိုင်ငံ တိုကျိုမြို့တော်မှာ ချယ်ရီပန်းတွေနဲ့ တန်ဆာဆင်ထားတဲ့ အွန်ကို မစင်တုံး ပြတိုက်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
လူ့အဖွဲ့အစည်းအတွင်း လူမျိုးကြီးဝါဒနဲ့ ဖိုဝါဒကြီးစိုးမှုတွေဟာ အာဏာရှင်စနစ်ဖြစ်စေတဲ့ အကြောင်းရင်းတွေဖြစ်လို့ ဒါတွေကို မတိုက်ဖျက်ဘဲ တန်းတူညီမျှတဲ့ ဖက်ဒရယ်ဒီမိုကရေစီဆိုတာ ဖြစ်မလာနိုင်ဘူးလို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုအဖွဲ့ တခုဖြစ်တဲ့ Politics for Women Myanmar ကို တည်ထောင်သူ မ Liliane က ပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ ဒီသီတင်းပတ်ထဲ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကူညီပေးရေး ဝန်ထမ်း ၇ ဦး သေဆုံးခဲ့ရတာ အပါအဝင် ဂါဇာမှာ သေဆုံးသူ ၃၃၀၀၀ ကျော်အထိ ရှိလာတာကြောင့် လူတွေ အမျက်ဒေါသတွေ ထွက်နေကြသလို၊ အမေရိကန်က အစ္စရေးကို စစ်လက်နက်ပစ္စည်း ရောင်းချနေတာနဲ့ ပတ်သက်လို့ စောင့်ကြည့်မှုတွေလည်း ပိုများလာပါတယ်။
နောက်ထပ်ကြည့်ရှုရန်