သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သာသနာပြန့်ပွားရေးနဲ့ စာနာကူညီရေး နှစ် ၃၀ ကျော် ဆောင်ရွက်နေသူ


လူအများကို ကူညီပေးရင်း လူအမျိုးမျိုး ဘဝအထွေထွေကို မြင်တွေ့ရသလို၊ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုလည်း ပိုပြီး လေ့လာ ဆင်ခြင် သုံးသပ်မိစေတာကြောင့် တရားကို အကောင်းဆုံး ရှာဖွေနိုင်တဲ့ နည်းပါပဲလို့ Tzu Chi ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းမှာ ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ မ ဆပ်ဘရီနာသမ်း (Sabrina Tham) က ပြောပါတယ်။

သာသနာပြန့်ပွားရေးနဲ့ စာနာကူညီရေး နှစ် ၃၀ ကျော် ဆောင်ရွက်နေသူ

လူအများကို ကူညီပေးရင်း လူအမျိုးမျိုး ဘဝအထွေထွေရဲ့ ဘဝတွေကို မြင်တွေ့ရသလို၊ ကိုယ့်ဘဝ ကိုယ့်အကြောင်းကိုလည်း ပိုပြီး လေ့လာ ဆင်ခြင် သုံးသပ်မိစေတာကြောင့် တရားကို အကောင်းဆုံး ရှာဖွေနိုင်တဲ့ နည်းပါပဲလို့ ဂရုဏာနဲ့ စာနာကူညီခြင်းလို့ အဓိပ္ပါယ်ရတဲ့ Tzu Chi ဗုဒ္ဓဘာသာ ဖောင်ဒေးရှင်းမှာ နှစ်ပေါင်း ၃၀ ကျော် ပရဟိတ လုပ်ငန်းတွေ လုပ်နေတဲ့ မ ဆပ်ဘရီနာသမ်း (Sabrina Tham) က ပြောပါတယ်။ ထိုင်ဝမ်မှာ ဗုဒ္ဓဘာသာ သီလရှင်တပါးက ဦးဆောင်ပြီး ၁၉၆၆ ခုနှစ်က စတင်ခဲ့တဲ့ Tzu Chi ဖောင်ဒေးရှင်းဟာ အမေရိကန်ပြည်ထောင်စုမှာပါ တိုးချဲ့ အခြေစိုက်ပြီး ဗုဒ္ဓသာသနာ ပြန့်ပွားရေးနဲ့ မြန်မာအပါအဝင် နိုင်ငံပေါင်း ၂၃၀ ကျော်မှာ စာနာကူညီရေး လုပ်ငန်းတွေ လုပ်ဆောင် နေတယ်လို့လည်း သူက ပြောပြပါတယ်။ မခင်ဖြူထွေးက ဆက်သွယ် မေးမြန်းပြီး အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

Forum

XS
SM
MD
LG