သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Arthur Svensson အလုပ်သမား အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ မခိုင်ဇာအောင် 


Arthur Svensson အလုပ်သမား အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ မခိုင်ဇာအောင် 
please wait

No media source currently available

0:00 0:10:26 0:00

၂၀၂၄ ခုနှစ်အတွက် Arthur Svensson နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမားရေး ဦးဆောင်လှုပ်ရှားသူ မခိုင်ဇာအောင် ချီးမြှင့်ခံရပါတယ်။ ဒီဆုဟာ သူ့ကို ဂုဏ်ပြုတာထက် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံ အလုပ်သမားတွေနဲ့အတူ သွေးစည်းမှုနဲ့ ထောက်ခံမှုပြရာရောက်တယ်လို့ မခိုင်ဇာအောင်က ပြောပါတယ်။

Arthur Svensson အလုပ်သမား အခွင့်အရေးဆု ချီးမြှင့်ခံရတဲ့ မခိုင်ဇာအောင်

၂၀၂၄ ခုနှစ်အတွက် နော်ဝေနိုင်ငံရဲ့ အထင်ကရ Arthur Svensson နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမားရေး ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်တဲ့ မခိုင်ဇာအောင် ချီးမြှင့်ခံရပါတယ်။ နော်ဝေ စက်မှုနဲ့ စွမ်းအင် အလုပ်သမားသမဂ္ဂ IE&FLT က ချီးမြှင့်တဲ့ ဒီဆုဟာ သူ့ကို ဂုဏ်ပြုတာထက် မြန်မာနိုင်ငံတွင်းက ဖိနှိပ်ခံ အလုပ်သမားတွေနဲ့အတူ သွေးစည်းမှုနဲ့ ထောက်ခံမှုပြရာရောက်လို့ ဝမ်းသာဂုဏ်ယူတယ်လို့ မခိုင်ဇာအောင်က ပြောပါတယ်။ မြန်မာနိုင်ငံ ကုန်ထုတ် စက်မှုအလုပ်သမား အဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌလည်း ဖြစ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် CTUM ဗဟို အလုပ်အမှုဆောင် တဦးလည်းဖြစ်တဲ့ မခိုင်ဇာအောင်ကို ဆက်သွယ် မေးမြန်းပြီး ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေး တင်ဆက်ထားပါတယ်။

Forum

XS
SM
MD
LG