အမေရိကန်အစိုးရ အနေနဲ့ ယူကရိန်းနဲ့ တခြား မဟာမိတ်နိုင်ငံတွေကို လက်နက် အကူအညီပေးနိုင်မယ့် ဖြည့်စွက် ရန်ပုံငွေ မူကြမ်းကို ကွန်ကရက်လွှတ်တော်မှာ မဲခွဲ မဆုံးဖြတ်နိုင်ဘဲ ဖြစ်နေတာကြောင့် အကူအညီတွေ ဆက်ပြီး ရပ်ဆိုင်းထားရပါတယ်။ ဗွီအိုအေ ပင်တဂွန်သတင်းထောက် Carla Babb သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းက စစ်သားတယောက် ရွှံ့တွေ ပြာမှုန့်တွေ ကိုသုံးပြီး ပန်းချီကားတွေ ဖန်တီး၊ ထိုင်းမှာ ဒေါ်လာ ၅ သိန်း တန် ကျွဲဖြူကြီးတကောင် ဝန်ကြီးချုပ်ရုံးခန်း အလည်လာ၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေး ကြိုးပမ်းပြင်ဆင်နေတဲ့ခုလိုအချိန်မှာ ကျားမ တန်းတူရေးကို ထည့်သွင်းစဥ်းစားတဲ့ စီမံအုပ်ချုပ်မှုတွေ ဖြစ်အောင် အခုကတည်းက လက်တွေ့ကျင့်သုံးတာတွေ လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ မြန်မာ အမျိုးသမီး ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအဖွဲ့က ဦးဆောင်ကော်မတီဝင် ဒေါ် Z Nang Raw က ပြောပါတယ်။
ကမ္ဘောဒီးယားမှာ သတို့သမီး ချီပိုးပြီး ဂင်းနစ်ကမ္ဘာ့စံချိန် ချိုးဖို့ လူအများကြီး စုဝေးပါဝင်၊ အမျိုးသမီးတွေ ဓမ္မတာလာတဲ့အခါ ခံစားရတဲ့ နာကျင်မှုဝေဒနာကို အမျိုးသားတွေ စာနာနိုင်အောင် လုပ်ပေးတဲ့ ဂျပန်က စက်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ရုရှားနိုင်ငံတွင်း အကျဉ်းချခံနေရတဲ့ အမျိုးသမီး နိုင်ငံရေးအကျဉ်းသူတွေဆီ အားပေးစာ ရေးသားတဲ့ လှုပ်ရှားမှုတခုကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျဲလိစ် မြို့မှာ ပြည်ပရောက် ရုရှားတွေ စုဝေးလုပ်ခဲ့ကြပါတယ်။ ဒီအကြောင်း လော့စ်အိန်ဂျဲလိစ်မြို့ကနေ Steve Baragona ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
မိုးပျံဂျက်ဝတ်စုံဝတ်ပြီး ပျံသန်းရတဲ့ ကမ္ဘာ့ပထမဦးဆုံးပြိုင်ပွဲ ဒူဘိုင်းမှာ ကျင်းပ၊ အာဂျင်တီးနား ဘောလုံးသမား မက်ဆီ ၁၃ နှစ်အရွယ် ဘာစီလိုနား ဘောလုံးအသင်းမှာ ကစားဖို့ လက်သုတ်စက္ကူပေါ်က သဘောတူစာချုပ် လေလံတင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် အမျိုးသမီးတွေရဲ့ ပံ့ပိုးပါဝင်မှုတွေကို အသိအမှတ်ပြုပြီး ကျားမ တန်းတူညီမျှရေး အတွက် အားပေး ဆောင်ရွက်ကြတဲ့ ကမ္ဘာလုံးဆိုင်ရာ အခါသမယဖြစ်သလို အမျိုးသမီးတွေရဲ့ အောင်မြင်မှုတွေကို အထူးတလည် ဖော်ထုတ် ဂုဏ်ပြုတဲ့ အချိန်အခါလည်း ဖြစ်ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားဖို့ ရှိပြီး သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သမ္မတ အိမ်ဖြူတော်ကနေ ဗွီအိုအေသတင်းထောက် Anita Powell ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ နိုင်ငံရဲ့ စီးပွားရေး၊ သန္ဓေသား ဖျက်ချခွင့်ဆိုင်ရာ အခွင့်အရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ယူကရိန်းစစ်ပွဲ နဲ့ ဂါဇာစစ်ပွဲ စတဲ့ ကိစ္စရပ်တွေမှာ သူ့အစိုးရက ဘယ်လို ကိုင်တွယ် ဆောင်ရွက်နေသလဲ ဆိုတာတွေကို ပြောကြားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ကာကွယ်ရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေ အကြီးအကျယ် ရင်ဆိုင်လာနေရတာမို့ အာဆီယံနဲ့ ရေကြောင်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ ငွေကြေး အမြောက်အများ တိုးမြှင့်သုံးစွဲသွားမယ်လို့ သြစတြေးလျနိုင်ငံက ပြောဆိုလိုက်ပါတယ်။
ဂျပန်မှာ အမျိုးသမီးတွေ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲတဲ့ ကိုယ်လုံးတီးပွဲတော်ကျင်းပ၊ ခရိုအေးရှားမှာတော့ အမျိုးသမီး တဦးက ရေခဲပြင်အောက် မီတာ ၁၄၀ အနက် အထိ ဘာအထောက်အကူမှ မပါဘဲ အလွတ်ရေငုပ်ပြီး ဂင်းနစ်ကမ္ဘာ့စံချိန်တင်၊ ဒီလို ထူးခြားဆန်းပြား သတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
မြန်မာပြည်သူတွေရဲ့ အခြေအနေတွေ လိုအပ်ချက်တွေ ကြုံရတဲ့ စိန်ခေါ်ချက် ဒုက္ခတွေ အဲဒါတွေကိုလည်း သူတို့ နားထောင်ပြီးတော့ .. အဲဒီကနေပြီးတော့မှ ပြည့်စုံကုံလုံတဲ့ သုံးသပ်ချက် လွှမ်းခြုံမှုရှိတဲ့ သုံးသပ်ချက်တွေနဲ့ အဖြေရှာချင်တယ် ဆိုတဲ့ဟာမျိုး ထိုင်းအောက်လွှတ်တော်ရဲ့ ဒုဥက္ကဌကလည်း ပြောသွားတယ်။
စစ်တပ်က အာဏာသိမ်းတာကို လက်မခံနိုင်သလို၊ စစ်တပ်ထဲမှာ စစ်မှုထမ်းဖို့ ဆိုတာ မဖြစ်နိုင်ဘူးလို့ လူငယ်အမျိုးသမီးတွေက ပြောပါတယ်။ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်လို့ လူငယ် အမျိုးသမီးနဲ့ မိခင်တချို့ရဲ့ အမြင်တွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။
တိုင်းရင်းသားလူမျိုးစုတွေ ရာနဲ့ချီ ရှိတဲ့ အင်ဒိုနီးရှားမှာ စိုက်ပျိုးရေးနဲ့ စက်မှုလယ်ယာလုပ်ငန်းတွေဟာ ဌာ နေတိုင်းရင်းသားတွေရဲ့ ရိုးရာဓလေ့ ဘဝနေထိုင်မှုတွေနဲ့ ထိပ်တိုက် ပဋိပက္ခဖြစ်တာ မကြာခဏကြုံရလေ့ရှိပါတယ်။ ဆူမားတြားကျွန်းက အော်ရန် ရင်းဘား (Orang Rimba) လူမျိုးစုတွေအကြောင်း မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ယူကရိန်းစစ်ပွဲ ၂ နှစ်တာကာလတွင်း ယူကရိန်းပြည်သူတွေဟာ သူတို့စစ်တပ်ကို ထောက်ပံ့နိုင်ဖို့အတွက် ပုံစံအမျိုးမျိုးနဲ့ ငွေကြေးရန်ပုံငွေတွေ ရှာခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ဖေဖော်ဝါရီလဟာ အာဖရိကနွယ်ဖွား လူမည်းတွေကိုဂုဏ်ပြုတဲ့ Black History Month လူမည်းသမိုင်းတင်လ ဖြစ်ပါတယ်။ လော့စ်အိန်ဂျယ်လိစ်မြို့မှာတော့ အမေရိကန်ပြည်ထောင်စုမှာကြီးပြင်းလာတဲ့ လူမည်းအနုပညာရှင်တွေက သူတို့ကြီးပြင်းလာတဲ့အတွေ့အကြုံတွေကို ဖော်ပြတဲ့ အနုပညာပြပွဲတခု ကျင်းပနေပါတယ်။
အမေရိကန်ပြည်ထောင်စု ငါးပြတိုက်တခုက ငါးလိပ်ကျောက်မကြီး သားဖောက်အဖော်မပါဘဲ ကိုယ်ဝန်ရ၊ ကော်ဆိုဗိုနိုင်ငံက ကြက်မည်းမျိုးနွယ်တမျိုးဟာ ကြက်တွန်သံမထွက်ဘဲ ထူးခြားတဲ့ white noice အဖြူရောင်ဆူညံသံနဲ့တွန်၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကရင်ပြည်နယ် ဘုရားသုံးဆူးမြို့ကနေ ထိုင်းနယ်စပ်ဖြတ်ကျော်ဖို့ ဝင်လာသူတွေ အခု သီတင်းပတ်ထဲမှာ သိသိသာသာများပြားလာတယ်လို့ ဘုရားသုံးဆူကို ပြေးဆွဲနေတဲ့ ကားသမားနဲ့ မြို့ခံတွေက ပြောပါတယ်။ အများစုက လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။
ဗုဒ္ဓဘာသာထွန်းကားပါတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းက ဘာသာရေးကို အသုံးချပြီး မသန်စွမ်းသူတွေအပေါ် ဖိနှိပ်တာ၊ လစ်လျူရှုတာ၊ ပစ်ပယ်တာတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရတယ်လို့ ပန်းချီဆရာမခင်သီတာပိုင်က ပြောပါတယ်။ သူ့ရဲ့ ဖြတ်သန်းမှုတချို့ကို ဒုတိယပိုင်းအဖြစ် မခင်ဖြူထွေးက တင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်