ယူကရိန်းစစ်ပွဲ ၂ နှစ်ရှိလာချိန်မှာ ကလေးငယ်တွေ ဘေးကင်းလုံခြုံအောင် ကြိုတင်ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို ယူကရိန်းက မူကြိုနဲ့ စာသင်ကျောင်းတွေမှာ အသိပညာပေး၊ သင်တန်းပေးတာတွေကို စနစ်တကျ စတင်လာပါတယ်။
ယူကရိန်းမှာ မူကြိုကျောင်းတွေကစပြီး စစ်ပွဲအန္တရာယ်နဲ့ ဘေးကင်းလုံခြုံရေးကို သင်ကြားပေးနေပြီဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဗုံးခိုကျင်းကို စနစ်တကျမဆောက်နိုင်သလို ပညာပေးလုပ်ငန်းစဥ်အတွက်လည်း အထောက်အကူပစ္စည်းတွေမရှိလို့ သင်ကြားရေးမှာတောင် အခက်တွေ့နေရတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
အင်ဒိုနီးရှားသမ္မတ ရွေးကောက်ပွဲ ချစ်သူများနေ့မှာ ဘောလုံးပန်းရောင်တွေ၊ ချောကလက်တွေနဲ့ မဲဆန္ဒရှင်တွေကို ကြိုဆို၊ မီးခြစ်ဆံသစ်သားချောင်းနဲ့ဆောက်တဲ့ ၂၃ ပေကျော် အီဖယ်မျှော်စင်ပုံစံတူ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစံချိန် ချိုး၊ ဒီလို ထူးခြားဆန်းပြားသတင်းများကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အရွယ်ရောက်ပြီးသူ အမျိုးသား အမျိုးသမီးတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ့်ဥပဒေကြောင့် လူငယ်တွေကြား စိုးရိမ်ပူပန်မှုတွေနဲ့ ဘဝအိပ်မက်တွေပါ ရိုက်ချိုးခံလိုက်ရတယ်လို့ လူငယ်တချို့က ပြောပါတယ်။ လူငယ်အများအပြား ပြည်ပနိုင်ငံတွေကို ထွက်ဖို့ ပြင်ဆင်လာကြ
အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါခဲ့ပေမဲ့ ပန်းချီမှာ အားသန်ခဲ့တာကိုတော့ အသက် ၃၀ ကျော်မှ ရှာဖွေ သိခဲ့တယ်လို့ ပန်းချီဆရာမ (ဒေါ်)ခင်သီတာပိုင်က ပြောပါတယ်။ ပိုလီယို ရောဂါကြောင့် အသက် ၁ နှစ်လောက်ကစပြီး မသန်စွမ်း ဘဝနဲ့ နေခဲ့ရပြီး ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပေမဲ့ အရှုံးမပေးဘဲ ဘဝ အိပ်မက်ကို အကောင်အထည် ဖော်နေသူပါ။
ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ လေထဲဒေါင်လိုက်တီးပြရတဲ့ စန္ဒာယား၊ အမေရိကန်ပြည်ထောင်စု၊ နယူးဂျာဆီပြည်နယ်က တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာရဲ့ ရည်စားဟောင်းရည်စူးသင်းကွပ်တဲ့ အစီအစဉ် လူကြိုက်များ၊ ဒီလို ကမ္ဘာတလွှား ထူးထူးခြားခြား သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ရပြီးနောက် စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC)က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီဟာ ကလေးတွေ ပညာရေး ဖျက်ဆီးနေတာလို့ KNDFကပြောပါတယ်။
စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၅ သောင်း ဝန်းကျင်အထိ တိုးလာနေတာမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။
ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီနယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ဒေါဆီအီ ကျေးရွာနဲ့ လွိုင်နန်းဖ စာသင်ကျောင်းတွေ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ရပြီးနောက် ဒေသတွင်းက စာသင်ကျောင်း ၁၅၀ လောက် ယာယီပိတ်ထားရတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ(IEC) က ဗွီအိုအေကို ပြောပါတယ်။
အမေရိကတိုက်အလယ်ပိုင်း Costa Rica နိုင်ငံ Clodomiro Picado Institute သုတေသနစင်တာက တိရစ္ဆာန်ဆေးကုဆရာဝန်တွေဟာ မြင်းတွေကို အသုံးပြုပြီး မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာမှာ အသုံးပြုဖို့ ပဋိပစ္စည်းတွေကို ထုတ်လုပ်နေတဲ့အကြောင်း AP သတင်းကို အခြေခံပြီး မခင်ဖြူထွေး ပြောပြပေးပါမယ်။
လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ချင်းဒုက္ခသည်တွေဟာကူညီ ထောက်ပံ့မှုတွေ မရတဲ့အတွက် အခက်အခဲတွေပိုမိုကြုံတွေ့လာနေပြီး အထူးသဖြင့် တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာ အကူအညီတွေ တနေ့တခြား ပိုမို လိုအပ်တွေ့လာနေရတယ်လို့ ချင်းအမျိုးသမီး သုတေသီတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မြောက်ခြမ်း ကျေးရွာတချို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေနဲ့ လူနေအိမ်တွေကို စ်စကောင်စီဘက်က ၅ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးအပါအဝင် ဒေသခံ အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီအာဏာသိမ်းထားတဲ့ ကာလအတွင်းမှာ အာဏာသိမ်းမှုနဲ့ ဆက်စပ်ဖမ်းဆီးခံရသူပေါင်းဟာ သောင်းနဲ့ချီ ရှိနေ ပြီးဖမ်းဆီး ခံရသူ တွေ ဟာခေတ်အ ဆက်ဆက် မကြုံဖူးတဲ့ ညဉ်းပမ်း ဖိနှိပ်မှုမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အကျဉ်း သားတွေနဲ့အကျဉ်းသားတွေကိုကူညီစောင့်ရှောက်သူတွေဘက်က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာရှိတဲ့ အမျိုးသမီးတွေဟာ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခ ဖြေရှင်းရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဆုံးဖြတ်ချက် ချမှတ်တဲ့ ဦးဆောင်မှု အခန်းကဏ္ဍကနေ ပါဝင်မှု အားနည်းနေပြီး ပဋိပက္ခတွေရဲ့သားကောင်းတွေဖြစ်နေကြရတယ်လို့ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားနှင့်လူငယ်များ အစည်းအရုံး (AASYC) က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ရှောင်နေသူတွေထဲ တောင်ယာနဲ့ တောတွင်းသွားသူတချို့ မိုင်းနင်းမိလို့ ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့အထိ ကြုံတွေ့နေပါတယ်။ မူဆယ်နဲ့ သီပေါမြို့မှာ ကျေးရွာနဲ့ တောထဲသွားလာရင်း မိုင်းနင်းမိလို့ ခြေတဖက်ပြတ်တဲ့ စစ်ရှောင်သူဦးရေ အခုလထဲမှာ ၅ ဦးထက်မနည်း ရှိနေပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ဟာမတ်စ်အဖွဲ့အပေါ် ထောက်ခံမှုဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ မတိုင်ခင်က ၁၂ % လောက် ရှိခဲ့ရာကနေ ဒီဇင်ဘာလမှာတော့ ၄၄ % အထိ တက်လာခဲ့တယ်လို့ ပြောပါတယ်။ ဒီလို တိုးလာတဲ့အပေါ် ဟာမတ်စ်ထောက်ခံသူတွေနဲ့ အကဲခတ်တွေက ဘယ်လိုလေ့လာသုံးသပ် ပြောဆိုနေကြပါလဲ။
ရုရှား သိမ်းယူထားတဲ့ ယူကရိန်းနိုင်ငံ Donekst မြို့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ လူတွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ရုရှားက ပြောပါတယ်။ ရုရှားရဲ့ ဓာတုသယ်ဆောင် ပို့ဆောင်ရေး ဂိတ်တခု မီးလောင် ပေါက်ကွဲခဲ့ပြီးတဲ့နောက် တိုက်ခိုက်ခံရတာ ဖြစ်ပါတယ်။
စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ကရင်နီပြည်ခေါ် ကယားပြည်နယ်က သိန်းနဲ့ ချီတဲ့ ဒေသခံတွေဟာ တနယ်တကြေးမှာ စစ်ဘေးတိမ်းရှောင်ရင်း ဘဝရပ်တည်ရေးအတွက် နည်းမျိုးစုံနဲ့ ရှင်သန် ရပ်တည်နေကြပါတယ်။ ငွေကြေးအရင်းအနှီး အနည်းငယ်ရှိသူကတော့ စျေးဆိုင်လေးတွေ ဖွင့်ကြသလို တချို့ကတော့ ရရာ နေ့စားအလုပ် လုပ်ကိုင်ပြီး ရပ်တည်နေကြရတာပါ။
လူတွေရဲ့ နိစ္စဓူဝ ရှင်သန်နေထိုင်မှုတွေမှာ မေတ္တာတရား ပွားများပြီး သတိနဲ့ဆင်ခြင် ထိန်းသိမ်း နေထိုင်နိုင်အောင် သင်ကြား ပြသပေးတဲ့ ဗုဒ္ဓရဲ့ တရားတော်တွေကို မြန်မာနဲ့ ကမ္ဘာတဝန်းမှာပါ ပျံ့နှံ့စေချင်တယ်လို့ နိုင်ငံရပ်ခြားအထိ သာသနာပြန့်ပွားရေး ကြိုးပမ်းနေတဲ့ သီလရှင် ဒေါက်တာ သိင်္ဂါသီရိက ပြောပါတယ်။
မြန်မာပြည်အောက်ပိုင်း၊ တနင်္သာရီတိုင်းထဲက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေး အဖွဲ့တွေကြားက ထိတွေ့တိုက်ပွဲတွေ ဆက်ပြီးရှိနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံတွေမှာလည်း နေရပ်စွန့်ထွက်ပြေး တိမ်းရှောင်နေရတာပါ။
နောက်ထပ်ကြည့်ရှုရန်