တရုတ်စေ့စပ်ပေးတဲ့ ရှမ်းမြောက်အပစ်ရပ်စဲရေးဟာ အခုအချိန်ထိ ချိုးဖောက်ခံနေရဆဲ ဖြစ်ပါတယ်။ သဘောတူညီမှုမပါတဲ့ အပစ်ရပ်စဲမှုဟာ ရေရှည်တည်မြဲနိုင်မလား။ နိုင်ငံရေး သဘောတူညီမှုဆီကော ဦးတည်နိုင်ဖွယ် ရှိပါသလား။
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်မှာ မကြာသေးခင်တုန်းက စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးတွေကြောင့် ဒေသခံ ထောင်နဲ့ချီ တိမ်းရှောင်ခဲ့ရကြောင်း ကာကွယ်ရေးအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။
အီရန်အမျိုးသမီးတွေ အတွက်သာမက ကမ္ဘာတဝန်းက အမျိုးသမီးတွေ အတွက်ပါ လေးစား အတုယူစရာအဖြစ် အသိအမှတ်ပြု ခံထားရတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Narges Mohammadi နဲ့ အီရန် အမျိုးသမီးရေး လှုပ်ရှားမှုတချို့အကြောင်းကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ပြထားပါတယ်။
ဒီနှစ် ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့လူဦးရေထက်ဝက်နီးပါးရှိတဲ့ နိုင်ငံပေါင်း ၅၀ ကျော်က ခန့်မှန်းခြေ လူဦးရေ သန်း ၄,၀၀၀ လောက် ရွေးကောက်ပွဲတွေမှာ မဲပေးကြရဖို့ရှိနေပြီး ဒါဟာဖြင့် ကမ္ဘာတဝန်းဒီမိုကရေစီ အုပ်ချုပ်မှုတွေအတွက် ကြီးမားတဲ့စမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။
ရှေ့တန်းစစ်မြေပြင်က နွေဦးတော်လှန်ရေး အမျိုးသမီးစစ်သည်များ (အမျိုးသမီးကဏ္ဍ) နွေဦးတော်လှန်ရေး လှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ကဏ္ဍစုံက ဆက်လက် ပါဝင်နေကြပါတယ်။ ဘယ်လို ယုံကြည်ချက်၊ ခံယူချက်တွေနဲ့ ခုလို ဆက်ပြီး ပါဝင်နေကြတာပါလဲ။ ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ စုစည်း တင်ဆက်ထားပါတယ်။
၂၀၂၃ နှစ်ကုန်လို့ ၂၀၂၄ နှစ်သစ်ကို ကူးပြောင်းတော့မှာပါ။ သတင်းဌာန အသီးသီးမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအမျိုးသမီး သတင်းသမားတွေအနေနဲ့ ၂၀၂၃ တနှစ်တာကို ဘယ်လို ထူးထူးခြားခြား ဖြတ်သန်းခဲ့ရတာ ရှိပါလဲ။ မြန်ဆန် မှန်ကန်တဲ့ သတင်းတွေ တင်ပြနိုင်ဖို့ ဘယ်လို စိန်ခေါ်မှု အခက်အခဲတွေကို ကျော်ဖြတ်ခဲ့ကြရပါလဲ။
မြန်မာလက်နက်ကိုင်ပဋိပက္ခတွေကြောင့် အိန္ဒိယထဲ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အိန္ဒိယဗဟိုအစိုးရက ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်မပြုသလို၊ နိုင်ငံတကာ အကူအညီ ဆိုတာလည်း မရှိတာကြောင့် အချိန်ကြာလာတာနဲ့အမျှ အကျပ်အတည်းတွေ ပိုများလာတယ်လို့ မီဇိုရမ်ပြည်နယ်တွင်း ဒုက္ခသည်အရေး ဆောင်ရွက်သူတွေက ပြောဆိုကြပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အစ္စရေးအပေါ် ထောက်ခံ အားပေးမှုတွေ မယိမ်းမယိုင် ဆက်ရှိသွားမယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး Lloyd Austin ဟာ တနင်္လာနေ့က အစ္စရေးနိုင်ငံကို ရောက်နေချိန်အတွင်း ထပ်လောင်း အာမခံ ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာရဲ့ဇနီး သမ္မတကတော်ဟောင်း ရိုဆလင်း ကာတာဟာ နိုဝင်ဘာလ ၁၉ ရက်နေ့က အသက် ၉၆ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဆလင်း ကာတာဟာ မြန်မာ့အရေးအပါအဝင် ကမ္ဘာတဝန်း ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးနဲ့ လူသားအကျိုးပြုလုပ်ငန်းများစွာကို ဦးဆောင်လုပ်ခဲ့သူအဖြစ် ထင်ရှားပါတယ်။
ဟောင်ကောင်က ဘူတာရုံတရုံမှာ ခေါက်ဆွဲပုံ မျဉ်းကောက်ကြောင်းလေးတွေနဲ့ ပန်းချီဆွဲပြတဲ့ပွဲ၊ အမှိုက်ကောက်သိမ်းတာကို အလေးအနက်ထားတဲ့ ဂျပန်နိုင်ငံက ကမ္ဘာ့အမှိုက်ကောက်ပြိုင်ပွဲ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
စားသောက်ကုန် ဈေးနှုန်းတွေ ဒီနှစ်ထဲ အဆမတန် ထိုး တက်လာတာဟာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အဆိုးဆုံး အခြေအနေဖြစ်တယ်လို့ အိမ်ရှင်မတွေက ပြောဆိုကြပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေကြား အိမ်ရှင်မတွေရဲ့ စိုးရိမ်ကြောင့်ကြ ရင်ဖွင့်သံတချို့ကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဟာမတ်စ်အဖွဲ့ ဖမ်းဆီးထားတဲ့ အစ္စရေးဘက်က ဓားစာခံ ၂၃၀ ကျော် ပြန်လွတ်ပေးရေး စေ့စပ်ညှိနှိုင်းမှုတွေ သဘောတူညီချက်ရဖို့ အများကြီး ပိုနီးစပ်လာနေပြီလို့ အမေရိကန်သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ တနင်္လာနေ့အထိတော့ အသေးစိတ် ထုတ်ပြောတာ မရှိသေးပါဘူး။
အမေရိကန် ခွဲစိတ်ဆရာဝန်တွေ မျက်လုံးအစားထိုးခွဲစိတ်မှု အောင်အောင်မြင်မြင်ပြုလုပ်၊ ဂျပန်နိုင်ငံမှာ ကလေးတွေ ကြီးကောင်ဝင်တဲ့ပွဲတော်အစား ခွေးတွေ ကြောင်တွေ အရွယ်ရောက်တဲ့ ပွဲတော် ကျင်းပ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ရက်သတ္တပတ် အနည်းငယ်အတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၅၀,၀၀၀ အထိတိုးလာပြီး ဒီအထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ အများအပြား ပါဝင်ပါတယ်။ ရှမ်းမြောက်ဒေသက စစ်ဘေးဒဏ်သင့် အမျိုးသမီးနဲ့ ကလေးငယ်တွေရဲ့ အခြေအနေကို အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက တင်ပြထားပါတယ်။
၁ လေးလုံး (၁၁၁၁) စစ်ဆင်ရေး စတင်ပြီး ကရင်နီ ခေါ် ကယားပြည်နယ် က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်တဲ့ တရက်ထဲမှာတင် စခန်း ၈ ခု သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ပြောပါတယ်။ ဂျက်တိုက် လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
နယူးယောက်မြို့က စည်သွတ်ဘူးတွေ ရုပ်တုပုံဖော်တဲ့ ဖန်တီးမှုအနုပညာပြိုင်ပွဲ၊ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကမ္ဘာ့အကြီးဆုံး အပြစ်အနာအဆာကင်းတဲ့ စိန်ပြာ အမေရိကန် ဒေါ်လာ ၄၄ သန်းနဲ့ လေလံတင်ရောင်းချ၊ ဒီလို ကမ္ဘာတလွှားက ထူးခြားတဲ့သတင်းတွေကို ကိုငြိမ်းချမ်းနဲ့ မခင်ဖြူထွေးတို့ တင်ဆက်ထားပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုတို့ လာမယ့် တနင်္လာနေ့ သမ္မတအိမ်ဖြူတော်မှာတွေ့ဆုံပြီး သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။ တချိန်တည်းမှာလည်း လက်ရှိဂါဇာက စစ်ပွဲတွေနဲ့ပတ်သက်လို့ ကွဲလွဲမှုတချို့လည်းရှိနေပါတယ်။ မခင်ဖြူထွေးက တင်ပြပေးပါမယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒို တို့ လာမယ့် တနင်္လာနေ့ သမ္မတ အိမ်ဖြူတော်မှာ တွေ့ဆုံပြီး အင်ဒိုပစိဖိတ်ဒေသရဲ့ အဓိကမဟာမိတ် အင်ဒိုနီးရှားနဲ့ အမေရိကန် ကြား သံတမန်ဆက်ဆံရေး တိုးမြှင့်ဖို့ကိစ္စတွေ ဆွေးနွေးကြဖို့ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်