သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှင်သန်ခွင့်အတွက် ရုန်းကန်နေရတဲ့ ချင်းဒုက္ခသည် အမျိုးသမီးများ


စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၅ သောင်း ဝန်းကျင်အထိ တိုးလာနေတာမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။

ရှင်သန်ခွင့်အတွက် ရုန်းကန်နေရတဲ့ ချင်းဒုက္ခသည် အမျိုးသမီးများ

စစ်တပ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာနိုင်ငံကနေ အိမ်နီးချင်း အိန္ဒိယနိုင်ငံထဲ ထွက်ပြေးခဲ့ကြတဲ့ ဒုက္ခသည် ၅ သောင်း ဝန်းကျင်အထိ တိုးလာနေတာမှာ အများစုက အမျိုးသမီးနဲ့ ကလေးငယ်တွေ ဖြစ်ပါတယ်။ အမျိုးသမီး လစဥ်သုံး ပစ္စည်း အပါအဝင် တကိုယ်ရည် သန့်ရှင်းရေး၊ ကာကွယ်ဆေးနဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ အထောက်အပံ့တွေ အရေးတကြီး လိုအပ်နေတဲ့အကြောင်း ဒီဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ကိုယ်တိုင် သွားရောက် လေ့လာပြီး အစီရင်ခံစာ ပြုစုခဲ့တဲ့ ချင်း သုတေသီ အမျိုးသမီးတွေက ပြောပါတယ်။ သိပ်မကြာခင်လပိုင်းကပဲ အိန္ဒိယ−မြန်မာ နယ်စပ်ကနေ ပြန်လည် ရောက်ရှိလာတဲ့ Esther Par နဲ့ Abishag Cer တို့ကို မခင်ဖြူထွေးက ဗွီအိုအေ စတူဒီယိုမှာ မေးမြန်းထားပါတယ်။

XS
SM
MD
LG