သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဏာရှင်တွန်းလှန်မှုမှာပါဝင်တဲ့ မြန်မာအမျိုးသမီးတွေကို နိုင်ငံတကာ ချီးကျူး


စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမြင်ကွင်း (ဒီဇင်ဘာ ၈၊ ၂၀၂၁)
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမြင်ကွင်း (ဒီဇင်ဘာ ၈၊ ၂၀၂၁)

ဒီနေ့ မတ်လ ၈ ရက်နေ့ဟာ နိုင်ငံတကာအမျိုးသမီးများနေ့ ဖြစ်တာနဲ့အတူ ကုလသမဂ္ဂက ဒီနှစ် ၂၀၂၄ ခုနှစ်မှာ “တိုးတက်မှုတွေ မြန်ဆန်ဖို့ အမျိုးသမီးများထံ ရင်းနှီးမြှပ်နှံကြစို့” ဆိုတဲ့ဆောင်ပုဒ်နဲ့ အမျိုးသမီးတွေရဲ့ ဆောင်ရွက်နိုင်စွမ်းကို ဂုဏ်ပြုထားပါတယ်။ အလုပ်ခွင်တွေမှာ အမျိုးသမီး အမျိုးသား တန်းတူအခွင့်အရေးရရှိဖို့၊ တန်းတူလုပ်ခလစာရရှိဖို့နဲ့ အမျိုးသမီးတွေအတွက် လွတ်လပ် လုံခြုံတဲ့လုပ်ငန်းခွင်တွေ မဖြစ်မနေလိုအပ်တယ်ဆိုတာကို မီးမောင်းထိုးပြတဲ့ ဆွေးနွေးပွဲတခုကိုလည်း ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်မှာ ဒီနှစ် အကျယ်တဝင့် ဆွေးနွေးပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကို တွန်းလှန်ဆန့်ကျင်တာမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုကြောင်း အမေရိကန်၊ ဗြိတိန်၊ Australia၊ ကနေဒါ၊ နယ်သာလန်နဲ့ နယူဇီးလန်နိုင်ငံသံရုံးတွေရဲ့ သံရုံးအကြီးအကဲတွေက ပူးတွဲကြေညာချက်ထုတ်ပြန်ပါတယ်။ အခက်အခဲတွေကြားက ဒီအမျိုးသမီးတွေရဲ့ လုပ်ဆောင်ချက်တွေက အားလုံးပါဝင်၊ ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ အနာဂတ်ရစေဖို့ ဘယ်လောက်အရေးကြီး အရေးပါသလဲဆိုတာ ပြသနေတယ်လို့ သံရုံးတွေ စုပေါင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ နောက်ခံအခြေအနေ အမျိုးမျိုး၊ စွမ်းဆောင်ရည် အမျိုးမျိုး ရှိကြတဲ့ အမျိုးသမီးနဲ့ မိန်းက‌လေးငယ်အားလုံး အဓိက အခန်းကဏ္ဍကနေ ပါဝင်သင့်တယ်လို့လည်း ပြောထားပါတယ်။ ရှေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ အမျိုးသမီးတွေရဲ့ ပါဝင်မှု အရေးကြီးတယ်လို့ ထောက်ပြထားပါတယ်။ ကြေညာချက်ထုတ်ပြန်တဲ့ သံရုံးအကြီးအကဲတွေကိုယ်တိုင်ရော ကိုယ်စားပြုတဲ့ အစိုးရတွေအနေနဲ့ပါ ကျား၊ မ တန်းတူညီရေးကို မြှင့်တင်ရေး၊ အမျိုးသမီး၊ မိန်းကလေးငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ပေးရေးအတွက် သိန္နိဌာန် ဆက်လက် ခိုင်မာနေတယ်လို့လည်း ပြောထားပါတယ်။ ပဋိပက္ခတွေအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ကျား မ ကွဲပြားမှုပေါ် အခြေခံ အကြမ်းဖက်မှုတွေ ခံစားခဲ့ရသူတွေအတွက် အကူအညီတွေ ရရှိနိုင်အောင် လည်း ပိုပြီး ကြိုးစားသွားရမယ်လို့ အမေရိကန်သံရုံးအကြီးအကဲပါဝင်တဲ့ နိုင်ငံခြားသံရုံးအကြီးအကဲတချို့က ဒီနေ့ ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။

အကျပ်အတည်း၊ ပဋိပက္ခဖြစ်နေတဲ့နယ်မြေတွေမှာနေထိုင်နေကြရတဲ့ အမျိုးသမီးကြီး၊ အမျိုးသမီးငယ်၊ အမျိုးသမီးကလေးငယ်တွေ၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုကဏ္ဍတွေမှာ အမျိုးသမီးတွေရဲ့ပါဝင်ခွင့်အတွက် ရဲရဲဝင့်ဝင့်တောင်းဆိုနေကြတဲ့ အမျိုးသားတွေနဲ့ တသားတည်းရပ်တည်နေတယ်လို့ အီတလီသံရုံးကလည်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG