သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျားမတန်းတူခွင့် အရေးကြီးတဲ့လမ်းဆုံရောက်နေဟု ကုလသတိပေး


အစ္စတန်ဘူလ်မှာ ကျား-မအခြေခံပြီး အကြမ်းဖက်မှုတွေဖြစ်နေတာကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အမျိိုးသမီးထု
အစ္စတန်ဘူလ်မှာ ကျား-မအခြေခံပြီး အကြမ်းဖက်မှုတွေဖြစ်နေတာကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ အမျိိုးသမီးထု

ကမ္ဘာကြီးဟာ ကျား-မ တန်းတူညီမျှမှုဆိုင်ရာအတွက် အရေးကြီးတဲ့လမ်းဆုံလမ်းခွကို ရောက်ရှိနေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

မတ်လ ၈ ရက်၊ လာမည့်သောကြာနေ့မှာ ကျရောက်မယ့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် နှိုးဆော်ချက်ဖြစ်တဲ့ “အမျိုးသမီးတွေအတွက် ရင်းနှီးမြှုပ်နှံပြီး အရှိန်မြှင့်လုပ်ဆောင်ရေး” ဆောင်ပုဒ်က အမျိုးသမီးအရေး ပိုမိုဆောင်ရွက်ဖို့ တိုက်တွန်းသတိပေးထားတာ ဖြစ်ကြောင်း ကုလသမဂ္ဂ အမျိုးသမီး စီးပွားရေး စွမ်းဆောင်နိုင်မှုကဏ္ဍဆိုင်ရာအကြီးအကဲ ဂျမိုင်းမား နျူခီ (Jemimah Njuki) က ပြောပါတယ်။ ဒါက အမျိုးသမီးတွေအတွက် စီးပွားရေးတည်ငြိမ်မှုကို ဖော်ဆောင်ပေးနိုင်ရင် ကျား-မ တန်းတူညီမျှမှုမှာလည်း ရေရှည် တိုးတက်လာနိုင်တာကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

အမျိုးသမီးအခွင့်အရေးတိုးလာနေတယ်လို့ ခေါင်းဆောင်တွေက ယူဆထားကြတဲ့နိုင်ငံတချို့အပါအဝင် တကမ္ဘာလုံးမှာ အမျိုးသမီးအခွင့်အရေးက ခြိမ်းခြောက်ခံနေရပြီး တချို့နေရာတွေမှာ နောက်ပြန်ဆုတ်နေသလို ဖြစ်နေတယ်လို့လည်း Jemimah Njuki က ထောက်ပြပါတယ်။

ကုလသမဂ္ဂအမျိုးသမီးဌာနရဲ့ လေ့လာမှုမှတ်တမ်းတွေအရ လက်ရှိ ကမ္ဘာမှာ အမျိုးသမီး ၁၀ ဦးမှာ ၁ ဦးက အလွန်အမင်းဆင်းရဲတွင်းနက်နေပြီး ကမ္ဘာ့အမျိုးသမီးဦးရေရဲ့ ၈ ရာခိုင်နှုန်းဖြစ်တဲ့ အမျိုးသမီးနဲ့မိန်းကလေးငယ် သန်း ၃၄၀ လောက်ဟာ ၂၀၃၀ ပြည့်နှစ်တိုင်အောင် အလွန်အမင်းဆင်းရဲနွမ်းပါးမှု အခြေအနေကနေ ရုန်းထွက်နိုင်မှာမဟုတ်ကြောင်း ဖော်ပြထားပါတယ်။

တဘက်မှာလည်း ၂၀၂၃ ခုနှစ်အတွက် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ကုလသမဂ္ဂ ရဲ့ အကဲဖြတ်ချက်အရ နိုင်ငံတကာက အစိုးရတွေရဲ့ အမျိုးသမီး ထောက်ပံ့ရေး အစီအစဉ်တွေမှာ ရန်ပုံငွေ ကွာဟချက်က ဒေါ်လာ ၃၆၀ ဘီလီယံအထိ ရှိနေကြာင်းလည်း သတိပေးထားပါတယ်။

ကျားမတန်းတူခွင့် အရေးကြီးတဲ့လမ်းဆုံရောက်နေဟု ကုလသတိပေး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG