(Zawgyi / Unicode)
၂၀၂၀ ျပည့္ ႏုိင္ငံတကာ အမ်ဳိးသမီးမ်ားေန႔အျဖစ္ ဒီကေန႔ တနဂၤေႏြေန႔ လႈပ္ရွားမႈမွာေတာ့ #EachforEqual ဆုိတဲ့ေဆာင္ပုဒ္နဲ႔ က်ား၊ မ တန္းတူညီမွ်ေရးကုိ ဦးစားေပးမွာ ျဖစ္ပါတယ္။
တဦးခ်င္း တေယာက္ခ်င္းရဲ႕ ပါ၀င္စုစည္းမႈေတြကုိ အသားေပးထားတဲ့ လႈပ္ရွားမႈမွာေတာ့ အမ်ဳိးသမီးေတြ ႏုိင္ငံေရး၊ သတင္းမီဒီယာ၊ က်န္းမာေရး ေစာင့္ေရွာက္မႈနဲ႔ လုပ္ငန္းခြင္ေတြမွာ တန္းတူအခြင့္အေရး ရရွိဖုိ႔လည္း ရည္မွန္းထားတာပါ။
ကမာၻတ၀ွမ္း က်ား၊ မ ကြာဟခ်က္ ၂၀၂၀ အစီရင္ခံစာမွာေတာ့ အမ်ဳိးသမီးေတြဟာ ကမာၻ႔လူဦးေရ ထက္၀က္နီးပါး ရွိေနေပမယ့္ ေခါင္းေဆာင္မႈ ေနရာမွာေတာ့ မ်ားမ်ားစားစား ေနရာမရၾကတဲ့အေၾကာင္း ေဖာ္ျပထားပါတယ္။
ေရွ႕လာမယ့္ သကၠရာဇ္ ၂၀၆၅ ခုႏွစ္အထိ ကမာၻတ၀ွမ္းမွာ အမ်ဳိးသမီးေတြ တန္းတူပါ၀င္ခြင့္ ရရွိဦးမွာ မဟုတ္ေသးေၾကာင္းလည္း ကမာၻ႔စီးပြားေရးဖုိရမ္က ထုတ္ျပန္တဲ့ အစီရင္ခံစာက ေဖာ္ျပခဲ့တာပါ။ တန္းတူအခြင့္အေရးေတြကုိ ေနာက္ထပ္ႏွစ္ေပါင္း ၉၉ ႏွစ္ေက်ာ္အထိ မရႏုိင္ေသးဘူးလုိ႔လည္း ခန္႔မွန္းထားပါတယ္။
အေမရိကန္ျပည္ေထာင္စုက အဖဲြ႔အစည္းေတြနဲ႔ ကုမၸဏီေတြကေတာ့ အမ်ဳိးသမီးေတြ ဦးေဆာင္မႈမွာ ပုိေနရာယူႏုိုင္ဖုိ႔ မူ၀ါဒေတြ ခ်မွတ္ေဆာင္ရြက္ လာေနၾကတာပါ။
က်ား၊ မ တန္းတူညီမွ်ေရး အမ်ဳိးသမီးမ်ားေန႔ လႈပ္ရွားမႈေန႔အျဖစ္ ကမာၻတ၀ွမ္း က်င္းပရာမွာ ဖိလစ္ပုိင္ႏုိင္ငံမွာေတာ့ the Connected Women အဖဲြ႔က လုပ္ငန္းခြင္မွာ တုိးတက္လာေနတဲ့ နည္းပညာေတြနဲ႔ အမ်ဳိးသမီးေတြ အမီလုိက္ႏုိင္ဖုိ႔ အကူအညီေပးမယ့္ ညီလာခံတရပ္ကုိ စီစဥ္ထားပါတယ္။
ႏုိင္ဂ်ီးရီးယားႏုိင္ငံမွာလည္း ေဖ်ာ္ေျဖေရးနဲ႔ နည္းပညာလုိ က႑ေတြမွာ အမ်ဳိးသမီးေတြ တန္းတူအခြင့္အေရးရေအာင္ အကူအညီေပးမယ့္ အစီအစဥ္ေတြအတြက္ ျပင္ဆင္ထားၾကပါတယ္။
#voawomen, #EachforEqual
---------------------------------
(Unicode)
နိုင်ငံတကာ အမျိုးသမီးများနေ့ #EachforEqual တန်းတူအခွင့်အရေး ဦးစားပေးလှုပ်ရှားမည်
၂၀၂၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့အဖြစ် ဒီကနေ့ တနင်္ဂနွေနေ့ လှုပ်ရှားမှုမှာတော့ #EachforEqual ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျား၊ မ တန်းတူညီမျှရေးကို ဦးစားပေးမှာ ဖြစ်ပါတယ်။
တဦးချင်း တယောက်ချင်းရဲ့ ပါဝင်စုစည်းမှုတွေကို အသားပေးထားတဲ့ လှုပ်ရှားမှုမှာတော့ အမျိုးသမီးတွေ နိုင်ငံရေး၊ သတင်းမီဒီယာ၊ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လုပ်ငန်းခွင်တွေမှာ တန်းတူအခွင့်အရေး ရရှိဖို့လည်း ရည်မှန်းထားတာပါ။
ကမ္ဘာတဝှမ်း ကျား၊ မ ကွာဟချက် ၂၀၂၀ အစီရင်ခံစာမှာတော့ အမျိုးသမီးတွေဟာ ကမ္ဘာ့လူဦးရေ ထက်ဝက်နီးပါး ရှိနေပေမယ့် ခေါင်းဆောင်မှု နေရာမှာတော့ များများစားစား နေရာမရကြတဲ့အကြောင်း ဖော်ပြထားပါတယ်။
ရှေ့လာမယ့် သက္ကရာဇ် ၂၀၆၅ ခုနှစ်အထိ ကမ္ဘာတဝှမ်းမှာ အမျိုးသမီးတွေ တန်းတူပါဝင်ခွင့် ရရှိဦးမှာ မဟုတ်သေးကြောင်းလည်း ကမ္ဘာ့စီးပွားရေးဖိုရမ်က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဖော်ပြခဲ့တာပါ။ တန်းတူအခွင့်အရေးတွေကို နောက်ထပ်နှစ်ပေါင်း ၉၉ နှစ်ကျော်အထိ မရနိုင်သေးဘူးလို့လည်း ခန့်မှန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုက အဖွဲ့အစည်းတွေနဲ့ ကုမ္ပဏီတွေကတော့ အမျိုးသမီးတွေ ဦးဆောင်မှုမှာ ပိုနေရာယူနိုင်ဖို့ မူဝါဒတွေ ချမှတ်ဆောင်ရွက် လာနေကြတာပါ။
ကျား၊ မ တန်းတူညီမျှရေး အမျိုးသမီးများနေ့ လှုပ်ရှားမှုနေ့အဖြစ် ကမ္ဘာတဝှမ်း ကျင်းပရာမှာ ဖိလစ်ပိုင်နိုင်ငံမှာတော့ the Connected Women အဖွဲ့က လုပ်ငန်းခွင်မှာ တိုးတက်လာနေတဲ့ နည်းပညာတွေနဲ့ အမျိုးသမီးတွေ အမီလိုက်နိုင်ဖို့ အကူအညီပေးမယ့် ညီလာခံတရပ်ကို စီစဉ်ထားပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံမှာလည်း ဖျော်ဖြေရေးနဲ့ နည်းပညာလို ကဏ္ဍတွေမှာ အမျိုးသမီးတွေ တန်းတူအခွင့်အရေးရအောင် အကူအညီပေးမယ့် အစီအစဉ်တွေအတွက် ပြင်ဆင်ထားကြပါတယ်။