သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏုိင္ငံတကာ အမ်ဳိးသမီးမ်ားေန႔နဲ႔ ျမန္မာအမ်ဳိးသမီးေတြ အခြင့္အေရး


ႏုိင္ငံတကာ အမ်ဳိးသမီးမ်ားေန႔အၾကိဳ ပကစၥတန္ အမ်ိဳးသမီးေတြ ခ်ီတက္ ဆႏၵျပစဥ္ (၂၀၂၀ မတ္လ ၆ ရက္ေန႔)

(Zawgyi/Unicode)

ကမၻာတဝွမ္းမွာ အမ်ဳိးသမီးအခြင့္အေရးအတြက္ ႀကဳိးပမ္းမႈေတြ ဆယ္စုႏွစ္နဲ႔ခ်ီ ရွိလာေနၿပီျဖစ္ေပမဲ့ တုိးတက္မႈကေတာ့ ေႏွးေကြးေနဆဲ ျဖစ္ေၾကာင္း တနဂၤေႏြေန႔မွာ က်ေရာက္မယ့္ ႏိုင္ငံတကာ အမ်ဳိးသမီးမ်ားေန႔ မတိုင္ခင္မွာပဲ ကုလသမဂၢက သတိေပးလိုက္ပါတယ္။ ျမန္မာႏိုင္ငံ မွာလည္း အမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈေတြအပါအဝင္ အမ်ဳိးသမီးေတြ အခြင့္အေရး ဆုံး႐ႈံးမႈေတြနဲ႔ ႀကဳံေနရဆဲျဖစ္ပါတယ္။ အျပည့္အစုံကိုေတာ့ VOA Jesusemen Oni နဲ႔ AFP သတင္းေဆာင္းပါး ေတြေပၚ အေျခခံၿပီး ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

ကုလသမဂၢရဲ႕ အဆုိအရ ကမၻာတလႊားက အမ်ဳိးသမီးအမ်ားစုဟာ အခုခ်ိန္ထိ အခြင့္အေရး မခံစားရေသးသလို အသိအမွတ္ျပဳ မခံရတာ၊ လုပ္အားခ တန္ရာတန္ေၾကး မရတာ၊ ေရြးခ်ယ္စရာ အခြင့္လမ္းနည္းပါးၿပီး ပုံသ႑န္မ်ဳိးစုံနဲ႔ အၾကမ္းဖက္ ခံေနရတယ္လို႔ ဆိုပါတယ္။

ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ António Guterres ကေတာ့ အမ်ဳိးသမီးအခြင့္အေရး ျမႇင့္တင္မယ့္ Beijing Platform for Action အႏွစ္ အစိတ္ျပည့္လာၿပီ ျဖစ္ေပမဲ့ တိုးတက္မႈေတြ မယ္မယ္ရရ မရွိေသးဘူးလို႔ ေသာၾကာေန႔ကပဲ သတိေပးလိုက္ပါတယ္။

“အမ်ဳိးသမီးေတြရဲ႕ အခြင့္အေရးကို အသိအမွတ္ မျပဳသေရြ႕ လူ႔အခြင့္အေရး ဆိုတာလည္း အျပည့္အဝ ရွိမွာ မဟုတ္ပါဘူး။ ဒီႏွစ္ဟာ ေဘဂ်င္း သေဘာတူညီခ်က္ ၂၅ ႏွစ္ျပည့္ ျဖစ္ေပမဲ့ အမ်ဳိးသမီး အခြင့္အေရးကို ျငင္းပယ္ေနတာေတြ၊ စုိးရိမ္စရာေကာင္းေလာက္ေအာင္ အမ်ဳိးသမီးေတြ သတ္ျဖတ္ခံေနရတာ ၊ အမ်ဳိးသမီးအခြင့္အေရး လႈပ္ရွားသူေတြအေပၚ တိုက္ခိုက္မႈေတြနဲ႔ ခြဲျခားဆက္ဆံ ဝိုင္းပယ္တဲ့ ဥပေဒေတြ၊ မူဝါဒေတြ က်င့္သုံး ေနတာေတြကိုလည္း ေတြ႔ေနရပါတယ္။”

ျမန္မာႏိုင္ငံမွာလည္း အမ်ဳိးသမီးထုၾကားမွာ အိမ္တြင္းအၾကမ္းဖက္မႈ အပါဝင္ အၾကမ္းဖက္မႈေတြ ရင္ဆုိင္ေနရဆဲျဖစ္ၿပီး၊ လူ႔အသိုင္းဝိုင္းထဲမွာ ဒါကို သာမန္ကိစၥလို ႐ႈျမင္ေနၾကတယ္လို႔ အမ်ဳိးသမီး အခြင့္အေရးအတြက္ လႈပ္ရွားေနတဲ့ Legal Clinic Myanmar အဖြဲ႔က ေရွ႕ေန မလွလွရီက ေျပာပါတယ္။

“ဓေလ့ ရိုးရာယဥ္ေက်းမႈနဲ႔လည္း ဆိုင္လိမ့္မယ္ေပါ့ေနာ္။ အိမ္တြင္းအၾကမ္းဖက္မႈ ကိစၥေတြ အိမ္ထဲမွာျဖစ္တဲ့ (family matter) မိသားစု ျပႆနာလိုပဲ ျမန္မာ society ေတာ္ေတာ္မ်ားမ်ားက ခံယူထားၾကတယ္။ အဲဒီ ခံယူထားၾကတဲ့အေပၚမွာ အိမ္တြင္းအၾကမ္းဖက္မႈ ကိစၥေတြ ျဖစ္လာတယ္ဆိုရင္ report လုပ္ရင္ေတာင္မွ ရဲစခန္းက အေရးယူေပးမႈအပိုင္း အားနည္းတာေတြကို က်မတို႔ ေတြ႔ရတယ္။”

Legal Clinic Myanmar အဖြဲ႔ဟာ အဓမၼျပဳက်င့္ခံရတဲ့ အမ်ဳိးသမီးေတြနဲ႔ အၾကမ္းဖက္ခံရတဲ့ အမ်ဳိးသမီးေတြကို ဥပေဒေၾကာင္းအရ အကာအကြယ္ေပးႏိုင္ဖို႔ အခမဲ့ ေဆြးေႏြးတိုင္ပင္ေနတဲ့ အဖြဲ႔ျဖစ္ပါတယ္။ အမ်ဳိးသမီးေတြ ဒီလိုအၾကမ္းဖက္မႈ ခံေနရေပမဲ့ ႏိုင္ငံေတာ္က ဥပေဒေၾကာင္းအရ အကာအကြယ္ေပးမႈအပုိင္းမွာ အားနည္းေနေသးတယ္လို႔ ေရွ႕ေန မလွလွရီက ေထာက္ျပပါတယ္။

“အဲဒီေတာ့ အမ်ဳိးသမီးေတြ ဒီလိုအၾကမ္းဖက္မႈ တားဆီးကာကြယ္ေရးဥပေဒ လုပ္မယ္ဆိုတာက ၂၀၁၃မွာ က်မ စြမ္းစြမ္းတမံ ပါ၀င္ခဲ့တယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်မ ဒီ Issue ေတြနဲ႔ ၂၀၁၁ ကေန လုပ္လာတာ။ ကိုယ္တိုင္ကလည္း အမ်ိဳးသမီး ျဖစ္တဲ့အတြက္နဲ႔ အမ်ိဳးသမီး Issue ကလည္း ဘယ္ေလာက္ၾကီးသလဲဆိုတာ က်မသိတယ္။ ဒီေလာက္အထိ ၇ ႏွစ္လံုးလံုး ၾကာရွည္လာတဲ့ ဥပေဒၾကမ္းက က်မတို႔ အမ်ိဳးသမီးေတြရဲ႕ အခြင့္အေရးကို ကာကြယ္မေပးႏိုင္ဘူးေပါ့ေနာ္။ အဲလိုမ်ိဳး က်မျမင္တဲ့အတြက္ ေတာ္ေတာ္ေလး စိတ္မေကာင္းပါဘူး။ ၿပီးရင္ က်မရဲ႕ သမီးအပါအ၀င္ ေနာက္ အမ်ိဳးသမီးေတြရဲ႕ သမီးေတြ ေနာင္တခ်ိန္မွာ အၾကမ္းဖက္မႈေတြ ျဖစ္လာတဲ့အခါမွာ ဒီဥပေဒက ျပည့္ျပည့္၀၀ ကာကြယ္ေပးႏိုင္တဲ့ အေနအထားမွာ ရွိမေနေသးတဲ့အတြက္ ေတာ္ေတာ္ေလးကို ရင္ပူရပါတယ္။”

ျမန္မာအစိုးရရဲ႕ ၂၀၁၆ စာရင္းေတြအရ အမ်ဳိးသမီး ၅ ဦးမွာ ၁ ဦးက အၾကမ္းဖက္မႈ ႀကဳံေနရတာပါ။ ၂၀၁၇ ခုႏွစ္ထဲမွာဆိုရင္ အဓမၼျပဳက်င့္ခံရ မႈေပါင္း (၁၄၀၀)ေက်ာ္ရွိၿပီး၊ ၂၀၁၆ ခုႏွစ္ထက္စာရင္ (၃၀၀)ေလာက္ ပိုမ်ားလာပါတယ္။ အဲဒီထဲက သုံးပုံႏွစ္ပုံဟာ မိန္းကေလးငယ္ေတြ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီကိန္းဂဏန္းက လူဦးေရ ၅၄ သန္းေက်ာ္ရွိတဲ့ ျမန္မာႏိုင္ငံမွာ အေပၚယံမွ်သာျဖစ္ၿပီး တိုင္တန္းမႈမရွိၾကတာ၊ တုိင္ၾကားရင္လည္း အေရးမယူတာေတြေၾကာင့္ လက္ေတြ႔မွာ ဒီထက္မက မ်ားႏိုင္တယ္လို႔ ေရွ႕ေန မလွလွရီက ေျပာပါတယ္။

မတ္လ (၈)ရက္ေန႔မွာ က်ေရာက္မယ့္ ႏိုင္ငံတကာ အမ်ဳိးသမီးမ်ားေန႔မွာေတာ့ က်ားမ တန္းတူညီမွ်ေရးအပါအဝင္ ကမၻာတလႊား အမ်ဳိးသမီးနဲ႔ မိန္းကေလးငယ္ေတြေပၚ အၾကမ္းဖက္ဆက္ဆံမႈေတြ ရပ္တန္႔ၾကဖို႔ ေတာင္းဆိုမွာျဖစ္ပါတယ္။

#voawomen

တိုက္႐ိုက္ လင့္ခ္


...............

နိုင်ငံတကာ အမျိုးသမီးများနေ့နဲ့ မြန်မာအမျိုးသမီးတွေ အခွင့်အရေး

(Unicode)

ကမ္ဘာတဝှမ်းမှာ အမျိုးသမီးအခွင့်အရေးအတွက် ကြိုးပမ်းမှုတွေ ဆယ်စုနှစ်နဲ့ချီ ရှိလာနေပြီဖြစ်ပေမဲ့ တိုးတက်မှုကတော့ နှေးကွေးနေဆဲ ဖြစ်ကြောင်း တနင်္ဂနွေနေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့ မတိုင်ခင်မှာပဲ ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။ မြန်မာနိုင်ငံ မှာလည်း အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေအပါအဝင် အမျိုးသမီးတွေ အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ကြုံနေရဆဲဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ VOA Jesusemen Oni နဲ့ AFP သတင်းဆောင်းပါး တွေပေါ် အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကုလသမဂ္ဂရဲ့ အဆိုအရ ကမ္ဘာတလွှားက အမျိုးသမီးအများစုဟာ အခုချိန်ထိ အခွင့်အရေး မခံစားရသေးသလို အသိအမှတ်ပြု မခံရတာ၊ လုပ်အားခ တန်ရာတန်ကြေး မရတာ၊ ရွေးချယ်စရာ အခွင့်လမ်းနည်းပါးပြီး ပုံသဏ္ဍန်မျိုးစုံနဲ့ အကြမ်းဖက် ခံနေရတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres ကတော့ အမျိုးသမီးအခွင့်အရေး မြှင့်တင်မယ့် Beijing Platform for Action အနှစ် အစိတ်ပြည့်လာပြီ ဖြစ်ပေမဲ့ တိုးတက်မှုတွေ မယ်မယ်ရရ မရှိသေးဘူးလို့ သောကြာနေ့ကပဲ သတိပေးလိုက်ပါတယ်။

“အမျိုးသမီးတွေရဲ့ အခွင့်အရေးကို အသိအမှတ် မပြုသရွေ့ လူ့အခွင့်အရေး ဆိုတာလည်း အပြည့်အဝ ရှိမှာ မဟုတ်ပါဘူး။ ဒီနှစ်ဟာ ဘေဂျင်း သဘောတူညီချက် ၂၅ နှစ်ပြည့် ဖြစ်ပေမဲ့ အမျိုးသမီး အခွင့်အရေးကို ငြင်းပယ်နေတာတွေ၊ စိုးရိမ်စရာကောင်းလောက်အောင် အမျိုးသမီးတွေ သတ်ဖြတ်ခံနေရတာ ၊ အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေအပေါ် တိုက်ခိုက်မှုတွေနဲ့ ခွဲခြားဆက်ဆံ ဝိုင်းပယ်တဲ့ ဥပဒေတွေ၊ မူဝါဒတွေ ကျင့်သုံး နေတာတွေကိုလည်း တွေ့နေရပါတယ်။”

မြန်မာနိုင်ငံမှာလည်း အမျိုးသမီးထုကြားမှာ အိမ်တွင်းအကြမ်းဖက်မှု အပါဝင် အကြမ်းဖက်မှုတွေ ရင်ဆိုင်နေရဆဲဖြစ်ပြီး၊ လူ့အသိုင်းဝိုင်းထဲမှာ ဒါကို သာမန်ကိစ္စလို ရှုမြင်နေကြတယ်လို့ အမျိုးသမီး အခွင့်အရေးအတွက် လှုပ်ရှားနေတဲ့ Legal Clinic Myanmar အဖွဲ့က ရှေ့နေ မလှလှရီက ပြောပါတယ်။

“ဓလေ့ ရိုးရာယဉ်ကျေးမှုနဲ့လည်း ဆိုင်လိမ့်မယ်ပေါ့နော်။ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေ အိမ်ထဲမှာဖြစ်တဲ့ (family matter) မိသားစု ပြဿနာလိုပဲ မြန်မာ society တော်တော်များများက ခံယူထားကြတယ်။ အဲဒီ ခံယူထားကြတဲ့အပေါ်မှာ အိမ်တွင်းအကြမ်းဖက်မှု ကိစ္စတွေ ဖြစ်လာတယ်ဆိုရင် report လုပ်ရင်တောင်မှ ရဲစခန်းက အရေးယူပေးမှုအပိုင်း အားနည်းတာတွေကို ကျမတို့ တွေ့ရတယ်။”

Legal Clinic Myanmar အဖွဲ့ဟာ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးတွေနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးနိုင်ဖို့ အခမဲ့ ဆွေးနွေးတိုင်ပင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အမျိုးသမီးတွေ ဒီလိုအကြမ်းဖက်မှု ခံနေရပေမဲ့ နိုင်ငံတော်က ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုအပိုင်းမှာ အားနည်းနေသေးတယ်လို့ ရှေ့နေ မလှလှရီက ထောက်ပြပါတယ်။

“အဲဒီတော့ အမျိုးသမီးတွေ ဒီလိုအကြမ်းဖက်မှု တားဆီးကာကွယ်ရေးဥပဒေ လုပ်မယ်ဆိုတာက ၂၀၁၃မှာ ကျမ စွမ်းစွမ်းတမံ ပါဝင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ကျမ ဒီ Issue တွေနဲ့ ၂၀၁၁ ကနေ လုပ်လာတာ။ ကိုယ်တိုင်ကလည်း အမျိုးသမီး ဖြစ်တဲ့အတွက်နဲ့ အမျိုးသမီး Issue ကလည်း ဘယ်လောက်ကြီးသလဲဆိုတာ ကျမသိတယ်။ ဒီလောက်အထိ ၇ နှစ်လုံးလုံး ကြာရှည်လာတဲ့ ဥပဒေကြမ်းက ကျမတို့ အမျိုးသမီးတွေရဲ့ အခွင့်အရေးကို ကာကွယ်မပေးနိုင်ဘူးပေါ့နော်။ အဲလိုမျိုး ကျမမြင်တဲ့အတွက် တော်တော်လေး စိတ်မကောင်းပါဘူး။ ပြီးရင် ကျမရဲ့ သမီးအပါအဝင် နောက် အမျိုးသမီးတွေရဲ့ သမီးတွေ နောင်တချိန်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတဲ့အခါမှာ ဒီဥပဒေက ပြည့်ပြည့်၀၀ ကာကွယ်ပေးနိုင်တဲ့ အနေအထားမှာ ရှိမနေသေးတဲ့အတွက် တော်တော်လေးကို ရင်ပူရပါတယ်။”

မြန်မာအစိုးရရဲ့ ၂၀၁၆ စာရင်းတွေအရ အမျိုးသမီး ၅ ဦးမှာ ၁ ဦးက အကြမ်းဖက်မှု ကြုံနေရတာပါ။ ၂၀၁၇ ခုနှစ်ထဲမှာဆိုရင် အဓမ္မပြုကျင့်ခံရ မှုပေါင်း (၁၄၀၀)ကျော်ရှိပြီး၊ ၂၀၁၆ ခုနှစ်ထက်စာရင် (၃၀၀)လောက် ပိုများလာပါတယ်။ အဲဒီထဲက သုံးပုံနှစ်ပုံဟာ မိန်းကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိန်းဂဏန်းက လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ အပေါ်ယံမျှသာဖြစ်ပြီး တိုင်တန်းမှုမရှိကြတာ၊ တိုင်ကြားရင်လည်း အရေးမယူတာတွေကြောင့် လက်တွေ့မှာ ဒီထက်မက များနိုင်တယ်လို့ ရှေ့နေ မလှလှရီက ပြောပါတယ်။

မတ်လ (၈)ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာ အမျိုးသမီးများနေ့မှာတော့ ကျားမ တန်းတူညီမျှရေးအပါအဝင် ကမ္ဘာတလွှား အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေပေါ် အကြမ်းဖက်ဆက်ဆံမှုတွေ ရပ်တန့်ကြဖို့ တောင်းဆိုမှာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG