သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနှစ် (၂၀) WLB အတွေ့အကြုံ


WLB အမျိုးသမီးများအဖွဲ့ချုပ်မှ မနန်းယဉ် နှင့် နော်ဆဲဆဲ၊ ကိုဇော်ဝင်းလှိုင် (VOA)
WLB အမျိုးသမီးများအဖွဲ့ချုပ်မှ မနန်းယဉ် နှင့် နော်ဆဲဆဲ၊ ကိုဇော်ဝင်းလှိုင် (VOA)
အနှစ် (၂၀) WLB အတွေ့အကြုံ
please wait

No media source currently available

0:00 0:11:37 0:00
တိုက်ရိုက် လင့်ခ်

ဒီမိုကရေဒီနိုင်ငံပေါ်ထွန်းရေးမှာ အမျိုးသမီးတွေ အမျိုးသားတွေနဲ့ တန်းတူပါဝင်လုပ်ကိုင်ပေမယ့် ဗျုဟာကျ နိုင်ငံရေးကဏ္ဍတွေမှာ ပါဝင်နိုင်မှုအားနည်းနေဆဲပါ။ ဒါကိုပြောင်းလဲနိုင်ဖို့ ရည်ရွယ်တဲ့ အနှစ် (၂၀) သက်တမ်းပြည့် WLB အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ ဖြတ်သန်းခဲ့ရတာတွေကို ကိုဇော်ဝင်းလှိုင် မေးမြန်းထားပါတယ်။

မေး ။ ။ ပထမဦးဆုံးတော့ Founder တဦးဖြစ်တဲ့ မနန်းယဉ်ကိုပဲ မေးချင်ပါတယ်။ WLB စတင်ပေါ်ပေါက်လာပုံလေးနဲ့ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာလေးကို ပြောပြပေးလို့ ရမလား။

ဖြေ ။ ။ WLB စတင် ပေါ်ပေါက်လာတယ်လို့ ပြောမယ်ဆိုရင် ကျမတို့ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးကို ကြည့်ရမှာရှိတယ်။ နောက်တပိုင်းက ကျမတို့က ၁၉၅၅ ဘေဂျင်းညီလာခံကြီး စတုတ္ထအကြိမ် အမျိုးသမီးညီလာခံကြီးအပြီးမှာ အမျိုးသမီးအရေးနဲ့ ပတ်သက်ပြီးတော့မှ တစုံတရာ နိုးကြားလာတဲ့ အနေအထားလည်းဖြစ်တာ ပါတာပေါ့။ ဆိုတော့ မြန်မာနိုင်ငံအခြေအနေနဲ့ ကြည့်လိုက်ရင် အမျိုးသမီးအဖွဲ့အစည်းဆိုတာ နဂိုကတည်းက ရှိခဲ့တယ်။

ဥပမာ တိုင်းရင်းသားဒေသတွေမှာဆိုရင် တိုင်းရင်းသားအခြေခံ၊ လက်နက်ကိုင်အင်အားစုတွေနဲ့ တွဲဘက်ပြီးတော့ ပေါ်လာတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ကရင်အမျိုးသမီးအစည်းအရုံး၊ ကရင်နီအမျိုးသမီးအစည်းအရုံး ရှိခဲ့တာတွေတော့ ရှိခဲ့တယ်။ ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေက အမျိုးသမီးသက်သက်နဲ့ Social Welfare ကူညီပံ့ပိုးပေးတဲ့နေရာတွေမှာပဲ ရှိနေခဲ့တယ်။ ဒါပေမဲ့ ဒီနောက်ပိုင်းမှာ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးအပြီးမှာကြတော့ ထွက်လာတဲ့ ကျောင်းသားကျောင်းသူတွေက နယ်စပ်ကိုထွက်လာတော့ အမျိုးသမီးတွေက နယ်စပ်ရောက်လာတဲ့အခါမှာ နိုင်ငံရေးအရ သွားနေကြတဲ့ အခင်းအကျင်းကို ကြည့်တဲ့အခါမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို မတွေ့ရဘူး။ တော်လှန်ရေးမှာ တောက်လျှောက်ပါခဲ့ကြပေမယ့် အမျိုးသမီးတွေရဲ့ ပါဝင်မှုကိုကြည့်လိုက်ရင် ပါဝင်မှုမရှိသလို ဖြစ်နေတယ်။ ဒီအခြေအနေကိုမြင်တဲ့ ကျောင်းသူတွေက အမျိုးသမီးအဖွဲ့အစည်းတွေဖွဲ့ဖို့လိုတယ်။ အမျိုးသမီးတွေ အားကောင်းကောင်းနဲ့ နိုင်ငံရေးမှာပါဖို့လိုတယ်ဆိုပြီးတော့ ဖွဲ့လာကြတယ်။

တပြိုင်နက်ထဲမှာ ပိုပြီးနားလည်မှု ရလာတာက အဖွဲ့အစည်းတဖွဲ့တည်းနဲ့ ဆောင်ရွက်လို့ကတော့ ကိုယ်တွေလိုချင်ကြတဲ့ အခြေအနေကို ဘယ်လိုမှ မရောက်နိုင်ဘူးဆိုတော့ ကျန်တဲ့အမျိုးသမီးအဖွဲ့အစည်းတွေ တိုင်းရင်းသူအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ပါ ပေါင်းချိတ်ပြီးတော့မှလုပ်တဲ့ စုပေါင်းအားနဲ့လုပ်တဲ့ အဖွဲ့ချုပ်လိုမျိုးကို ဖွဲ့နိုင်တယ်ဆိုရင်တော့ တကယ်ပဲ ကိုယ်တွေလိုချင်တဲ့ နိုင်ငံရေးအရပါ ပါဝင်ပတ်သက်တဲ့ အဖွဲ့ချုပ်ဆိုတာမျိုးကို ဖော်ထုတ်နိုင်မှသာ ရမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိလာတယ်။ ဒါကြောင့်မို့ ဒီအမျိုးသမီးအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ အဖွဲ့ချုပ်ပေါ်ဖို့အတွက် ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ဒီအမျိုးသမီးအဖွဲ့ ဖွဲ့စည်းပြီးပြီဆိုတော့ သူ့ရည်မှန်းချက်တွေလည်း ရှိတာပေါနော်။ နော်ဆဲဆဲ က Founder အဖွဲ့ထဲမှာ မပါခဲ့ဘူးဆိုပေမယ့် ဒီရည်မှန်းချက်တွေက ဒီနေ့အထိ အခြေခံယုံကြည်ချက်အနေနဲ့ တည်ရှိနေတယ်ပေါ့။ ခေတ်ကာလအပြောင်းအလဲကြောင့် အပြောင်းအလဲနည်းနည်း ရှိကောင်းရှိမယ်။ အဲဒီအခြေခံ ယုံကြည်ချက်တွေ၊ ဦးတည်ချက်တွေဆိုတာ ဘာတွေလဲ ပြောပြလို့ရမလား။

ဖြေ ။ ။ ကျမတို့ အမျိုးသမီးအဖွဲ့ချုပ် မြန်မာနိုင်ငံက ကျမတို့ကြတော့ သူတို့ တည်ထောင်ခဲ့တဲ့အပေါ်ကို လေ့လာခဲ့တာ တဖွဲ့ချင်းအနေနဲ့ ရှိနေခဲ့ပြီး၊ ဒီလိုမျိုး စုပေါင်းရခြင်းက အဓိကဦးတည်နေတာက စနစ်ကို တိုက်ဖျက်ဖို့၊ နိုင်ငံရေးအရကို ကျမတို့က ဝိုင်းဝန်းစဉ်းစားပြီးတော့ အဖြေရှာဖို့ဆိုပြီးတော့ အမျိုးအဖွဲ့ စုစုပေါင်း (၁၃) ဖွဲ့မှာ တိုင်းရင်းသားအမျိုးသမီးအဖွဲ့တွေ ဖွဲ့စည်းလာတဲ့အနေအထားမှာ ကျမတို့ အခုလက်ရှိ နိုင်ငံရေးအခြေအနေကိုလည်း သုံးသပ်ပြီးတော့ Congress မှာ အမြဲတမ်း၊ ပြီးတော့ ကျမတို့ကို Guiding လုပ်တဲ့ ဖွဲ့စည်းပုံကိုလည်း Vision, Mission တို့ကို ပြင်ဆင်ပြီး လုပ်ခဲ့ပေမယ့် အခုအချိန်အထိ ကိုင်စွဲနေတာကတော့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ - ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ ဒီမိုကရေစီရေးကို အခြေခံတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ကို ကျမတို့ (၁၃) ဖွဲ့နဲ့ ဒီနေ့ဒီအချိန်အထိ စတင်ပြီးတော့ ဒီစနစ်ပြုပြင်ပြောင်းလဲဖို့ ကျမတို့ လိုလားတဲ့ အမျိုးသမီးဆုံးဖြတ်ချက် ချမှတ်တဲ့နေရာမှာပဲဖြစ်ဖြစ်၊ ပြီးတော့ အမျိုးသမီးတွေ အနည်းဆုံး (၃၀) ရာခိုင်နှုန်း ပါဝင်နိုင်ရေး အခြေခံပေါ်မှာ အခုအချိန်အထိ တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။

မေး ။ ။ ရပ်တည်လှုပ်ရှားလာတဲ့ အနှစ် (၂၀) အတွင်းမှာလည်း ဘယ်လိုပဲ အခက်အခဲတွေ ရှိပေမယ့် အောင်မြင်မှုတွေ စိန်ခေါ်မှုတွေလည်း အများကြီး ရှိခဲ့မှာပါ။ စိန်ခေါ်မှုတွေကတော့ ပိုများမှာပေါ့။ ဒါပေမဲ့ အဲဒီအထဲကမှ အောင်မြင်မှုတချို့ကို မီးမှောင်းထိုးပြရမယ်ဆိုရင် ဘာတွေလို့ ပြောလို့ရမလဲ။ WLB အနေနဲ့ လုပ်ကိုင်ခဲ့တာတွေကို ပြောပြပေးပါလား။


ဖြေ ။ ။ ပထမဦးဆုံး ပြောချင်တာက ကျမတို့အနေနဲ့ ဂုဏ်ယူစရာအကောင်းဆုံးက WLB က Generation ကို မွေးခဲ့နိုင်တယ်။ Generation ကို မွေးခဲ့နိုင်တယ်ဆိုတာ စပြီးထူထောင်ကတည်းက ကျမတို့ တော်တော်များများပါခဲ့တယ်။ ဒါပေမဲ့ အခုအချိန်မှာ အကြံပေးအနေနဲ့ ပံ့ပိုးမှုကိုပဲယူတယ်။ အဓိက ဆုံးဖြတ်ပြီး သွားနေကြတာက Generation မျိုးဆက်သစ်တွေ တကယ်ပဲ Institutionalize ဖြစ်အောင် လုပ်သွားနိုင်တဲ့ကိစ္စတခုက တော်တော်ဂုဏ်ယူစရာတခု ဖြစ်တယ်။ ဒီနေ့ ရေရှည်သွားနိုင်တာကလည်း ကျမတို့ ဒီလိုမျိုး စနစ်တကျနဲ့ Mandate တို့၊ ဆုံးဖြတ်ပိုင်ခွင့်တွေလည်း အသီးသီး ခွဲဝေပေးထားတာတွေ ရှိတယ်။ ဆိုတော့ ဒီဟာလည်း အဖွဲ့ချုပ်ရဲ့ Substainable သွားပေးနိုင်တယ် လမ်းကြောင်းတခုလည်း ဖြစ်တယ်။

မေး ။ ။ လူသစ်တွေ၊ မျိုးဆက်သစ်တွေ ပါလာတော့ အတွေးအခေါ်သစ်တွေလည်း ပါလာတာပေါ့။ ဆိုတော့ WLB ဟာ ပြည်ပမှာ အခြေစိုက်ပြီးတော့ စတင်သန္ဓေတည်လာတဲ့ အဖွဲ့အစည်းဖြစ်ပြီး အခုမြန်မာနိုင်ငံ ပြောင်းလဲမှုတွေ ဖော်ဆောင်ပြီးတဲ့နောက်ပိုင်းမှာ ပြည်ပအဖွဲ့အစည်းတွေ ပြန်ဝင်လာတာ WLB လည်း ပါလာခဲ့တယ်။ ဆိုတော့ ပြည်တွင်းမှာ အခုရပ်တည် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတခု ဖြစ်လာပြီ။ ပြည်တွင်းကို ပြောင်းလာပြီးနောက်ပိုင်းမှာ ဘယ်လိုစိန်ခေါ်မှုတွေကို ရင်ဆိုင်ရသလဲ။ ထူးခြားချက်တွေ၊ အားနည်းချက်၊ အားသာချက်တွေ ဘာတွေများ ရှိပါသလဲ။ နော်ဆဲဆဲ ပြောပြပေးပါ။

ဖြေ ။ ။ ကျမတို့ ပြည်တွင်းမှာ ပြန်ဝင်လာတဲ့ သက်တမ်းက ကျမတို့ သက်တမ်း ဖြစ်တယ်။ အဲဒီမှာဆိုရင် ပြောရမယ်ဆိုရင် အိုးနင်းခွက်နင်းပါပဲ။ ပြီးတော့ ကျမတို့ရဲ့ အနေအထားက တကယ်ဆို ထောင့်တထောင့်ကနေ Strongly ပြောခဲ့တဲ့ အနေအထား ဖြစ်တယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကိုပဲပြောပြော၊ အနည်းဆုံး အမျိုးသမီး (၃၀) ရာခိုင်နှုန်း ပါဝင်မှုကိုပဲပြောပြော ဆုံးဖြတ်ချက်ချမှတ်တယ်ဆို ကျမတို့ Tone တွေက နည်းနည်းပြင်းတယ်။ ပြောရင်လဲ ပြောတဲ့အသုံးအနှုန်းတွေကအစ ပြီးတော့ ကိုယ့်ရဲ့ Action တွေပါ ထိထိရောက်ရောက် လုပ်နိုင်ရင်လဲ ထိုးဖောက်နိုင်တယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဝင်လာတဲ့အခါကြတော့ အကန့်အသတ်တွေ အများကြီးရှိတယ်။ တချို့ကြတော့ အားမရှိဘူး။ ပြောချင်သလောက် ပြောအားမရှိတဲ့ အနေအထားတွေလည်း ရှိတယ်။ ပြီးတော့ တချို့သော လူ့အခွင့်အရေး ချိုးဖောက်မှုတွေပဲဖြစ်ဖြစ် အရင်တုန်းကလို တိုက်ရိုက်ပြောလို့မရတာတွေ ရှိခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုပုဒ်မနဲ့ထိလိုက်၊ ဒီပုဒ်မနဲ့ တရားစွဲလိုက်။ ခဏနေ မြန်မာနိုင်ငံမှာ အဖွဲ့အစည်းတွေကလည်း များသလို၊ ပြီးတော့ ဖြစ်လာတဲ့ အမှုတွေလည်း အများကြီးရှိတယ်။ ပြီးတော့ ဘယ်ပုဒ်မကနေ ဖမ်းပြန်ပြီ၊ ဒီပုဒ်မနဲ့ ဖမ်းပြန်ပြီဆိုတဲ့ ဟာမျိုးတွေလည်း ရှိတယ်ဆိုတော့ ကျမတို့ လုပ်ဆောင်တဲ့အခါမှာလဲ အများကြီးသတိထားပြီးတော့ ပါးပါးနပ်နပ် လုပ်ရတဲ့ အနေအထားမျိုးတွေလည်း ရှိပါတယ်။ ဒါပေမဲ့ တဘက်မှာက ပြည်တွင်းကို ဝင်လာခြင်းကြောင့် ကျမတို့ကို ပိုမိုသိလာတာတွေ ရှိတယ်။ ပိုမိုပြီးတော့ Network တွေ လာပြီးတော့ ချိတ်ဆက်တာတွေ ရှိတယ်။

မေး ။ ။ WLB ကို အဖွဲ့အစည်းအဖြစ် လျှောက်လွှာတင်ထားသလား။ အစိုးရဆီမှာ။

ဖြေ ။ ။ ကျမတို့က အဓိကသွားချင်တာက စနစ်ကို ပြုပြင်ပြောင်းလဲချင်တာ။ စနစ်အောက်ကိုတော့ ကျမတို့ မသွားချင်ဘူး။ ဆိုတော့ ဒီစနစ်က ကျမတို့ လိုလားတဲ့ စနစ်မဟုတ်သရွေ့ကတော့ ကျမတို့ မှတ်ပုံတင်ဖို့ ခက်နေသေးတယ်။ တကယ်လို့ ကျမတို့ လိုလားတဲ့ စနစ်မျိုးဆိုရင်တော့ ဒါတွေကို ထည့်သွင်းစဉ်းစားသွားပါမယ်။

မေး ။ ။ ဒီထဲမှာတော့ ရောက်လာပြီ၊ လုပ်နေကိုင်နေကြပြီဆိုတော့ အနှစ် (၂၀) ခရီးလည်း ရောက်ခဲ့ပြီ။ အနာဂတ်မျှော်လင့်ချက်ကို Founder တဦးအနေနဲ့ ဦးစွာပြောပေးပါအုံး။ ဘယ်လို မျှော်လင့်သလဲ။ WLB အဖွဲ့အစည်းဟာ အနှစ် (၂၀) ပြီးသွားတဲ့နောက် ရှေ့ဆက်အနာဂတ်ခရီးကို -

ဖြေ ။ ။ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ နေရာမှာ အမျိုးသမီးတွေက ထိထိရောက်ရောက် ပါဝင်နိုင်တဲ့ဟာ ဖြစ်စေချင်တယ်။ နောက်တခုက ကျမတို့က Women Movement လုပ်နေကြတယ်။ အခုဟာက Women Movement တခုအနေနဲ့ ဖြစ်မနေသေးဘူး။ ကျမတို့ ဝင်လာတဲ့အချိန်မှာ WLB ရှိသလို၊ ကျန်တဲ့ အမျိုးသမီးရေးနဲ့ ပတ်သက်ပြီး လုပ်နေတဲ့ အဖွဲ့တွေ ရှိတယ်။ အဲဒီအဖွဲ့တွေကို အားကောင်းကောင်းနဲ့ ရေရှည်မှာ တရားမျှတတဲ့ လူ့ဘောင်ကို တည်ဆောက်နိုင်တဲ့ တကယ်ပဲ ကျားမ တန်းတူရေးကို ဖော်ဆောင်နိုင်တဲ့ အဖွဲ့အစည်း Women Movement ကြီးကို ဖော်ဆောင်ပြီးမှ ရေရှည်မှာ မျိုးဆက်သစ်တွေက တည်ဆောက်တဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ထဲထဲဝင်ဝင် ပါဝင်သွားတဲ့ ဆောင်ရွက်နိုင်တဲ့ အဖွဲ့အစည်းအနေနဲ့ ကျမတို့ကတော့ အဲဒီလို မျှော်လင့်ထားတယ်။

မေး ။ ။ နော်ဆဲဆဲ က မျိုးဆက်သစ် ဖြစ်တယ်။ ရှေ့ကိုဆက်ပြီးတော့ မီးရှူးတိုင်ကို သယ်ဆောင်သွားရမယ့်လူ။ ပြီးတော့ ကိုယ်ကလဲ လက်ဆင့်ပြန်ကမ်းခဲ့ရမယ်။ ဆဲဆဲ က အလယ်မှာ ရှိနေတာပေါ့။ မျိးဆက်ဟောင်းတွေနဲ့ လက်တွဲပြီး အကြံဉာဏ်ယူသလို၊ မျိုးဆက်သစ်တွေအတွက်လဲ ကိုယ်က လက်ဆင့်ကမ်းပေးရမယ့်တာဝန်တွေ ရှိလာတယ်။ အခုဆိုရင် နိုင်ငံတကာမှာလည်း အမျိုးသမီးလှုပ်ရှားမှုတွေက အားကောင်းလာတယ်။ … လူငယ်တွေ အထူးသဖြင့် အမျိုးသမီးထုကြားမှာ နိုးကြားစေတဲ့အရာတွေ ဖြစ်လာတော့ ဒါတွေနဲ့ ချိတ်ဆက်ပြီးတော့ ကိုယ့်ရဲ့ လှုပ်ရှားမှု အရှိန်ကောင်းအောင် လုပ်လို့ရသလား။ WLB အဖွဲ့အစည်း အနာဂတ်ကို ဘယ်လိုသယ်ဆောင်သွားချင်သလဲ။

ဖြေ ။ ။ ကျမတို့ ချိတ်ဆက်မှုအပိုင်းကိုတော့ ပိုမိုကောင်းအောင် လုပ်ဆောင်သွားမယ်။ နည်းမျိုးစုံနဲ့ လုပ်ဆောင်သွားမယ်။ ကျမတို့ Activity တွေမှာပဲဖြစ်ဖြစ် ကျမတို့နဲ့ ပူးပေါင်းလုပ်ဆောင်ကြတဲ့ တခြားသော Adovocacy ဆိုင်ရာပဲဖြစ်ဖြစ်၊ ကျမတို့ကတော့ အမြဲတမ်း စဉ်းစားမယ်။ ဆက်လုပ်ဖို့ရှိတယ်။ အဓိကတော့ စနစ်က သယ်ဆောင်လာခဲ့တဲ့ ပြဿနာတွေ - ဒီဟာတွေကို ကျမတို့ Lessons Learned တွေ ထားပြီးတော့ နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းဖို့ လိုမယ်။ ပြီးတော့ အခြားသောအမျိုးသမီးတွေလဲ ကျမတို့ရဲ့ Vision, Mission နဲ့အတူ တွန်းနိုင်အောင်၊ ပါဝင်နိုင်အောင် ကျမတို့က ချိတ်ဆက်ဆောင်ရွက်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆက်လုပ်သွားမယ်။

မေး ။ ။ ဆိုတော့ WLB ဖွဲ့စည်းတာ လာမယ့် ဒီဇင်ဘာ (၉) ရက်နေ့ဆိုရင် အနှစ် (၂၀) ပြည့်ပြီ။ ဆိုတော့ အနှစ် (၂၀) အထိမ်းအမှတ်အနေနဲ့ အခမ်းအနားတခု လုပ်မယ်လို့ ကျနော်တို့ သိရပါတယ်။ ဒီအခမ်းအနားကို ဘယ်လိုပုံစံနဲ့ လုပ်ကြမလဲ။ ဘယ်လောက်ကြီးကြီးကျယ်ကျယ် လုပ်မလဲဆိုတာကို ပြောပြလို့ရမလား။ နောက်ပြီးတော့ လူတိုင်းလာလို့ရသလား။ WLB ရဲ့ ဖြတ်သန်းမှုတွေကို ဘယ်လိုသိရမလဲ။ ဘာတွေလုပ်ကြမလဲ။

ဖြေ ။ ။ အခမ်းအနားတခု ကြီးကြီးမားမား လုပ်ဖို့တော့ ရှိတယ်။ ဒီဇင်ဘာလ (၉) ရက်နေ့မှာ ကျမတို့ အနှစ် (၂၀) ဖြတ်သန်းမှုကိုလည်း ပြခန်းသဘောမျိုး Booths တွေလည်း ထားရိှမယ်။ နောက်ပြီးတော့ ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြခန်းသဘောမျိုး လုပ်မယ်။ အဖွဲ့အစည်းတွေကိုလည်း ပိုမိုသိအောင် ကျမတို့ အဖွဲ့ချုပ်အနေနဲ့ မဟုတ်ဘဲ၊ အဖွဲ့အစည်းတွေလည်း ချိတ်ဆက်ပြီးတော့ သူတို့အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုတွေလဲ ဘယ်နေရာမှာ ဘာတွေလုပ်တယ်ဆိုတာတွေလဲ လူတွေပိုသိအောင် ကျမတို့ ဒီအနှစ် (၂၀) anniversary မှာ ချပြဖို့ရှိတယ်။ ဒီလိုမျိုး ပြခန်းတွေလည်း လုပ်ဆောင်ဖို့ ရှိမယ်။ Sharing လုပ်ဆောင်မှုတွေလည်း ရှိမယ်။ နောက်ပိုင်း ဖျော်ဖြေရေးအပိုင်းတွေလည်း ရှိမယ်။ ဒီဇင်ဘာလ (၉) ရက်နေ့ (၃) နာရီကနေ ည (၉) နာရီအထိ အင်ယားလိတ်မှာ လုပ်သွားပါမယ်။

ကိုဇော်ဝင်းလှိုင် ။ ။ ကျေးဇူးတင်ပါတယ်။ အခုလို လာရောက်ဖြေကြားပေးတဲ့အတွက်။

==== အပြည့်အစုံကို ဆက်လက်ဖော်ပြသွားပါမည် =====






















XS
SM
MD
LG