သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကမ္ဘာလုံး အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် အရေအတွက် ၂ ဆတိုး


နယူးဇီလန် အမျိုးသမီးလွှတ်တော်အမတ်များ။ (စက်တင်ဘာ ၁၉၊ ၂၀၁၈)
နယူးဇီလန် အမျိုးသမီးလွှတ်တော်အမတ်များ။ (စက်တင်ဘာ ၁၉၊ ၂၀၁၈)

(Zawgyi / Unicode)

လွန်ခဲ့တဲ့ ၂၅ နှစ်က ကုလသမဂ္ဂရဲ့ ၄ ကြိမ်မြောက် ကမ္ဘာ့အမျိုးသမီး ညီလာခံကို တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ စတင်ကျင်းပခဲ့ပြီးချိန်ကစလို့ ကမ္ဘာပေါ်မှာ အမျိုးသမီး လွှတ်တော်အမတ်ဦးရေ နှစ်ဆကျော် တိုးတက်လာခဲ့တယ်လို့ ကမ္ဘာ့ပါလီမန်များ သမဂ္ဂ (IPU) က ပြောကြားလိုက်ပါတယ်။

၁၉၉၅ ခုနှစ်တုန်းက အမျိုးသမီးပါလီမန်အမတ် အများဆုံးနိုင်ငံတွေကတော့ ဆွီဒင်နဲ့ စကင်ဒီနေးဗီးယားနိုင်ငံတွေ ဖြစ်ခဲ့ပေမယ့် အခုနှစ်တွေထဲမှာတော့ ရဝမ်ဒါနိုင်ငံမှာ အမျိုးသမီးအမတ် ၆၀ ရာခိုင်နှုန်းကျော် ရှိလာပြီး ကျူးဘား၊ ဘိုလီးဗီးယားနဲ့ UAE ခေါ် အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတို့ဟာ ထိပ်ဆုံးရောက်လာကြတယ်လို့ ဆိုပါတယ်။

IPU အထွေထွေအတွင်းရေးမှူး Martin Chungong က လွှတ်တော်အမတ် အရေအတွက်ကို ကျား/မ ခွဲတမ်းစနစ် သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ အမျိုးသမီးအမတ် အရေအတွက် ပိုတိုးလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Metoo လုပ်ရှားမှုကြောင့်လည်း အမျိုးသမီးများရဲ့ နိုင်ငံရေး ကိုယ်စားပြုမှုဟာ ပိုမိုကျယ်ပြန့်လာတယ်လို့ ပြောပါတယ်။

ဒီလှုပ်ရှားမှုဟာ လိင်ခွဲခြားမှု၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု၊ အကြမ်းဖက်မှုတို့ကို ရင်ဆိုင်ခဲ့တဲ့ လှုပ်ရှားမှု ဖြစ်ပါတယ်။

#voawomen

------------------------------

(Unicode)

တကမ်ဘာလုံး အမြိုးသမီး လှှတျတောျကိုယျစားလှယျ အရအေတှကျ ၂ ဆတိုး

လှနျခဲ့တဲ့ ၂၅ နှဈက ကုလသမဂ်ဂရဲ့ ၄ ကွိမျမွောကျ ကမ်ဘာ့အမြိုးသမီး ညီလာခံကို တရုတျနိုငျငံ ဘဂေငြျးမွို့မှာ စတငျကငြျးပခဲ့ပွီးခြိနျကစလို့ ကမ်ဘာပေါျမှာ အမြိုးသမီး လှှတျတောျအမတျဦးရေ နှဈဆကြောျ တိုးတကျလာခဲ့တယျလို့ ကမ်ဘာ့ပါလီမနျမြား သမဂ်ဂ (IPU) က ပွောကွားလိုကျပါတယျ။






တိုက်ရိုက် လင့်ခ်


XS
SM
MD
LG