သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီး သီလရှင်တပါး ဦးဆောင်ခဲ့တဲ့ စာနာကူညီရေးအဖွဲ့


အာရှနည်းဟန်နဲ့ ကြက်ခြေနီအသင်း Asian Red Cross လို့တောင် လူတွေ တင်စားခေါ်ကြတဲ့အထိ လူမှုကူညီရေး ဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာ Tzu Chi ဖောင်ဒေးရှင်းဟာထိုင်ဝမ် သီလရှင်တပါးရဲ့ ဦးဆောင်မှုနဲ့ စခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ ဦးဆောင်ပါဝင်နေတဲ့ပရဟိတအဖွဲ့တခု ဖြစ်တယ်လို့ ဒီအဖွဲ့က မဆပ်ဘရီနာသမ်း (Sabrina Tham)ကပြောပါတယ်။

အမျိုးသမီး သီလရှင်တပါး ဦးဆောင်ခဲ့တဲ့ စာနာကူညီရေးအဖွဲ့

အာရှနည်းဟန်နဲ့ ကြက်ခြေနီအသင်း Asian Red Cross လို့တောင် လူတွေ တင်စားခေါ်ကြတဲ့အထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ စေတနာ့ဝန်ထမ်းတွေ အဓိက ပါဝင်ပြီး လူမှုကူညီရေး ဆောင်ရွက်နေတဲ့ ဗုဒ္ဓဘာသာ Tzu Chi ဖောင်ဒေးရှင်းဟာ ထိုင်ဝမ် သီလရှင်တပါးရဲ့ ဦးဆောင်မှုနဲ့ စခဲ့တာဖြစ်ပြီး အမျိုးသမီးတွေ အများအပြား ဦးဆောင်ပါဝင်နေတဲ့ ပရဟိတ အဖွဲ့တခု ဖြစ်တယ်လို့ ဒီအဖွဲ့က မ ဆပ်ဘရီနာသမ်း (Sabrina Tham) က ပြောပါတယ်။ သဘာဝဘေးဒုက္ခ ရင်ဆိုင်ရတဲ့ နေရာဒေသတွေမှာ အကူအညီ ပေးတာတွေကနေ စွန့်ပစ်အမှိုက် လျှော့ချရေး နဲ့ ကမ္ဘာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေမှာ သူတို့ ဘယ်လို ပါဝင် ကြိုးပမ်းနေကြသလဲ ဆိုတာကို Tzu Chi ဖောင်ဒေးရှင်းမှာ နှစ်ပေါင်း ၃၀ ကျော် ပရဟိတလုပ်ငန်းတွေ ပါဝင် လုပ်ဆောင်နေတဲ့ မ ဆပ်ဘရီနာသမ်းကို မခင်ဖြူထွေးက မေးမြန်းပြီး အမျိုးသမီးကဏ္ဍမှာ တင်ဆက်ထားပါတယ်။

Forum

XS
SM
MD
LG