ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းက ရာဂီမုန်တိုင်းကြောင့် မိုးအဆက်မပြတ်ရွာသွန်းပြီး ရက်ရှည်ရေကြီးခဲ့တာကြောင့် လယ်ယာမြေတွေ ပျက်စီးကုန်ပါတယ်။ စိုက်ပျိုးလယ်မြေတွေမှာ ထုနဲ့ထည်နဲ့ ဖုံးလွှမ်းသွားတဲ့ သဲမြေတွေကြောင့် လယ်မြေတွေဟာ ယာမြေတွေအဖြစ် ပြောင်းလဲကုန်ပါတယ်။ ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
မြန်မာနိုင်ငံက စိုက်ပျိုးထွက်ကုန်တွေဟာ ပိုလျှံပြီး ပြည်ပကိုတင်ပို့နိုင်တယ်ဆိုပေမယ့် လက်တွေ့မှာတော့ အမှန်တကယ်ကိန်းဂဏန်းအချက်အလက်တွေနဲ့ ကွဲပြားနေတယ်လို့ စစ်ကောင်စီခေါင်းဆောင် က ဝန်ခံလိုက်ပါတယ်။
ကမ္ဘာမှာ စားနပ်ရိက္ခာအခက်အခဲကြုံတွေ့တာတွေရှိနေသလို တဖက်မှာလည်း စိုက်ပျိုးရေးအတွက် နည်းပညာတွေကို အသုံးချလာတာ၊ သဲကန္တာရမှာ စိုက်ပျိုး မွေးမြူရေးလုပ်တာတွေရှိလာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံက လူအများစုတောင်သူလယ်သမားတွေကတော့ နည်းပညာတွေနဲ့ အလှမ်းဝေးနေသေးတဲ့အကြောင်း ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေကြား စိုက်ပျိုးရေးကို ဇောက်ချပြီး ဧကကျယ်ကြီးတွေနဲ့ စီးပွားဖြစ်လုပ်ကိုင်ကြသူတွေက အင်မတန်နည်းပါးနေသေးပေမယ့် မိမိအိမ်ခြံဝန်းထဲမှာ တပိုင်တနိုင် စိုက်ပျိုးရောင်းချနေကြသူတွေက အတော်ကို များပြားပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ပြထားပါတယ်။
တရုတ်အစိုးရက မြန်မာ့အရေး ထဲထဲဝင်ဝင် စွက်ဖက်နေတဲ့အပေါ်မှာ နိုင်ငံတကာလှုပ်ရှားမှုကြီး ဖော်ဆောင်ကာ တုံ့ပြန်သွားရေး မဟာဗျူဟာတရပ် ချမှတ်သွားမယ်လို့ ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ပြောပါတယ်။ ခင်မောင်စိုးမင်းက သတင်းပေးပို့ ထားပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲများ ကျင်းပရေးကော်မတီ OGSCC ရဲ့ အခု သတင်းစာရှင်းလင်းပွဲမှာ အမေရိကန်အစိုးရသစ်အဖြစ် တာဝန် ထမ်းဆောင်ရတော့မယ့် ရွေးချယ်ခံ သမ္မတသစ် ဒေါ်နယ်ထရန့် အစိုးရကို ဘယ်လို ချည်းကပ်ဖို့ ဆောင်ရွက်သင့်သလဲ ဆိုတာကို ပြောဆိုကြပါတယ်။
ဒီနှစ် ၂၀၂၄ နွေရာသီက ကမ္ဘာမှာ အပူဆုံးဒေသအဖြစ် ထူးခြားစံချိန်တင် ဖော်ပြခံခဲ့ရတဲ့ မြေလတ်ပိုင်းရှိ ချောက်၊ ရေနံချောင်းမြို့နယ်တွေမှာ ဒေသခံ သစ်ပင်စိုက်ပျိုးရေးအဖွဲ့တွေဟာ စိုက်ပျိုးပြီးသား အပင်တွေကို ရှင်သန်ရေးအတွက် အခက်အခဲမျိုးစုံကြားကနေ ဆက်လက်လုပ်ဆောင်နေကြပါတယ်။
သိပ္ပံပညာရှင်တွေက ကင်ဆာရောဂါကိုစောစောစီးစီးသိစေဖို့အတွက် အမေရိကန် ပြည်ထောင်စုတဝန်း ဓါတ်ခွဲခန်းတွေမှာ တိရစ္ဆာန်တွေ၊ အင်းဆက်ပိုးတွေကို အသုံးပြု စမ်းသပ်နေကြပါတယ်။ လတ်တလော သုတေသနလုပ်ဆောင်ချက်တွေအရ ပျားတွေ နဲ့ ခွေးတွေဟာ စက်တွေထက် အချိန်စောပြီး ရောဂါရဲ့ အနံကိုရရှိကြောင်း အကြံပြုထားတယ်လို့ ဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသားတွေထဲမှာ ဟင်းသီးဟင်းရွက် စိုက်ပျိုးရောင်းချသူတွေ ၊ မွေးမြူရေးလုပ်ကြသူတွ ရှိကြပေမယ့် ၂ခုစလုံးတွဲပြီးလုပ်ကိုင်ကြသူတွေကတော့ အင်မတန်ကို နည်းပါးပါတယ် ။
မြန်မာလယ်သမားတွေဟာ တဆက်တစပ်တည်းရှိကြတဲ့ကွင်းတခုလုံးက လယ်မြေတွေပေါ် စပါးအမျိုးအစားကောင်းတခုတည်းကို ညှိနှိုင်း စိုက်ပျိုးကြရမယ့်အစား မျိုးမတူတာတွေကို စိုက်ပျိုးကြတဲ့အတွက် စပါးပင်တွေ ဝတ်မှုန်ကူးပြီး မူရင်းမျိုးတွေပျောက်၊ မျိုးကွဲတွေ ပေါ်ထွက်လာပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
စစ်အာဏာရှင် အဆက်ဆက် ချင်းပြည်နယ်မှာ ပိတ်ပင်ထားတဲ့ ချင်းနှစ်သစ်ကူးနေ့ အခမ်းအနားကို အမေရိကန် ပြည်ထောင်စု မေရိလန်းပြည်နယ် မှာ ပြီးခဲ့တဲ့ စနေနေညပိုင်း က ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း ကိုယ်တိုင်သွားရောက် ရိုက်ကူးခဲ့တဲ့ ဗွီအိုအေအဖွဲ့သား ကိုခင်မောင်စိုးမင်း က အခုလို သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ စိုက်ပျိုးရေးလုပ်ငန်းတွေ နိမ့်ကျလာချိန်မှာ အမေရိကန်က မြန်မာတွေကတော့ ဟင်းသီးဟင်းရွက်စိုက်ပျိုးရောင်းချရာက အဆင်ပြေနေကြပါတယ်။ အထူးသဖြင့် ကယ်လီဖိုးနီးယားက မြန်မာတဦးဟာ ဧကအလိုက်မြေငှားစိုက်ပျိုးပြီး အောင်မြင်မှုရနေပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက မေးမြန်းပြီး စုစည်းတင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံ အညာဒေသ ရဲ့ဌာနေမျိုးရင်း အရိပ်ရ အလေ့ကျအပင်ကြီးမျိုးဖြစ်တဲ့ ထနောင်းပင်တွေကို အခုအခါမှာ ပင်စည်အခေါက်တွေကို ခွာယူရောင်းချတာတွေရှိနေတဲ့အတွက် သင်းသပ်သလိုဖြစ်ပြီး အပင်တွေ သေဆုံးမျိုးတုံးကုန်မှာကို စိုးရိမ်နေကြရပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်းက ဒီတပတ် မြေကြီးသြဇာအစီအစဉ်ကနေ တင်ဆက်ထားပါတယ်။
အစ္စရေးနိုင်ငံမှာ စိုက်ပျိုးရေးပညာသင်ကြားဖို့ ရောက်ရှိခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေဟာ လယ်ယာလုပ်သားတွေလို ပင်ပင်ပန်းပန်း လုပ်ကိုင်ခဲ့ကြရသလို လုပ်အား နဲ့ လုပ်အားခတွေ ခေါင်းပုံဖြတ်တာလည်း ခံခဲ့ကြရပါတယ်။
တူရကီနိုင်ငံမှာ တင်းကြပ်တဲ့ စည်းမျဥ်စည်းကမ်း ကန့်သတ်ချက်တွေကြားကနေပဲ "စပျစ်ဝိုင်" ထုတ်လုပ်တဲ့ လုပ်ငန်းဟာ အရှိန်ရ တိုးတက်လာပါတယ်။ ဒီအကြောင်း AFP သတင်းတပုဒ်ကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက ပြောပြပါမယ်။
Yagi မုန်တိုင်းဒဏ်ကို ဗီယက်နမ်နိုင်ငံရော ၊ မြန်မာနိုင်ငံရော ပြင်းပြင်းထန်ထန်ခံကြရပြီး ပျက်စီးဆုံးရှုံးတဲ့အထဲမှာ စိုက်ပျိုးခင်းတွေအများအပြားပါဝင်ပါတယ်။ ဒါပေမယ် မုန်တိုင်းတိုက်ခတ်မှုကို တိုက်ရိုက်ခံရတဲ့ ဗီယက်နမ်နိုင်ငံထက် အဖျားခတ်ခံရတဲ့ မြန်မာနိုင်ငံက စိုက်ပျိုးခင်းတွေ ပိုပြီးတော့ ပျက်စီးကုန်ပါတယ်။
ဂျပန်နိုင်ငံမှာ နွေရာသီ အပူလှိုင်းဒဏ်ခံနိုင်ရည်ရှိတဲ့ စပါးမျိုးကွဲသစ်တမျိုးကို ဖန်တီး စမ်းသပ်စိုက်ပျိုးနေတာ အောင်မြင်မှုရှိပြီး အနာဂတ်မှာစားနပ်ရိက္ခာဖူလုံမှုရှိစေလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းဆောင်းပါတပုဒ်ကို ကိုခင်မောင်စိုးမင်းက ပြောပြပါလိမ့်မယ်။
အသက် ၆၅ နှစ်အထိ မြန်မာနိုင်ငံသားတိုင်း မိမိဒေသကို လက်နက်ကိုင် ကာကွယ်ကြရမယ်ဆိုတဲ့ စစ်ကောင်စီ အမိန့်ကြောင့် နဂိုကမှ စစ်မှုထမ်း ဥပဒေကိုရှောင်ရှားနေရတဲ့ လူငယ်လယ်ယာလုပ်သားတွေ အစား စိုက်ပျိုးရေးမှာ ကိုယ်တိုင်ဝင် လုပ်ကိုင်နေကြရတဲ့ မိဘတွေစိုးရိမ်နေကြရပါပြီ။
ဆီထွက်သီးနှံအပါအဝင် စိုက်ပျိုးထုတ်ကုန်တွေကို ၂ ဆတိုး ထုတ်လုပ်ကြဖို့ သီးထပ်စိုက်ပျိုးရေးကို လမ်းညွှန်ချက်အနေနဲ့ စစ်ကောင်စီခေါင်းဆောင်က ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မန္တလေးမြို့မှာ ပြောကြားခဲ့ပါတယ်။ ဒါဟာလက်တွေ့အခြေအနေနဲ့ ကိုက်ညီပါရဲ့လားဆိုတာ မြေကြီးသြဇာအစီအစဥ်မှာ ကိုခင်မောင်စိုးမင်း တင်ဆက်ထားပါတယ်။
၂၀၂၂ ဖေဖော်ဝါရီလ ရုရှား ကျူးကျော်စစ်မတိုင်ခင်ကဆိုရင် ယူကရိန်းနိုင်ငံမှာ အမေရိကန်ဘောလုံးကစားနည်းဟာ လူကြိုက်များလာခဲ့ပါတယ်။ အခုတော့ ကစားသမားတွေကိုယ်တိုင်က ရှေ့တန်းစစ်မျက်နှာသွား ရောက်နေတဲ့အတွက် ကလေးတွေနဲ့ လူငယ်တွေကသာ ကစားနေကြရတဲ့အကြောင်း ကိုခင်မောင်စိုးမင်းက ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်