လူသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ပိုတက်ဆီယမ် K ဓါတုပစ္စည်းနဲ့ ဗိုက်တာမင် K ဘာကွာပါသလဲ။ သူတို့ဟာ လူ့ကိုယ်ခန္ဓာထဲမှာ ဘယ်လို အလုပ်လုပ်ပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာစာနဲ့ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင် အပါအဝင် တိုင်းရင်းသား ဘာသာစကားတွေ ကြားမှာရော မျက်မမြင်စာကိုပါ စက်နဲ့ ဘာသာပြန်တဲ့ NMT နည်းပညာဟာ အတော်ခရီးရောက်နေပြီလို့ နက်တက် (NECTEC) ထိုင်းအမျိုးသား ကွန်ပြူတာနည်းပညာဌာနရဲ့ ဘာသာစကား သုတေသနဆိုင်ရာ ပါမောက္ခ ဒေါက်တာရဲကျော်သူ ကပြောပါတယ်။
ကမ္ဘာမှာ မြေရှားသတ္တု တတိယအများဆုံးထုတ်လုပ်တဲ့ မြန်မာနိုင်ငံမှာ တန်ဖိုးကြီးတဲ့ လေးတဲ့မြေရှားသတ္တုထွက်ပေမယ့် ဒါတွေကို တရားဝင် တူးဖေါ်ထုတ်လုပ်တာမျိုး မဟုတ်သလို စနစ်တကျ ရှာဖွေစူးစမ်းမှုလည်း မလုပ်နိုင်သေးပါဘူး။
ကမ္ဘာမှာ မြေရှားသတ္တု ထုတ်လုပ်မှု တတိယလိုက်တဲ့ မြန်မာရဲ့ အိမ်နီးချင်းတွေ ဖြစ်တဲ့ ကမ္ဘာမှာ စံတင်လောက်အောင် အများဆုံးထုတ်တဲ့ တရုတ်နဲ့ ထုတ်လုပ်မှု ပဉ္စမလိုက်တဲ့ ထိုင်းနိုင်ငံတွေမှာ မြေရှားသတ္တုကို ဘယ်လို တူးဖေါ်နေကြပါသလဲ။
ကမ္ဘာမှာ မြေရှားသတ္တု ထုတ်လုပ်မှု တတိယအများဆုံး ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မြေရှားသတ္တုတွေကို ဘယ်နေရာမှာ တွေ့နိုင်ပါသလဲ။ Australia နိုင်ငံ ဓါတ်သတ္တု ရှာဖွေတူးဖေါ်ရေး အကြံပေး ဒေါက်တာဦးအောင်ပွါးကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
ကမ္ဘာ့ဈေးကွက်မှာ မြန်မာ့မြေရှားထုတ်လုပ်မှုဟာ ၂၀၂၁ မှာ မက်ထရစ်တန်ချိန် ၃ သောင်းခွဲနဲ့ တတိယနေရာမှာ ရှိနေပြီး၊ မနှစ်က စတုတ္ထ နေရာမှာလည်း ၃ သောင်း ၈ ထောင်ထုတ်လုပ်ဆဲမို့ မြန်မာမှာ မြေရှားသတ္တုတွေ ဘယ်လောက် ကြွယ်ဝနေတာပါလဲ။
လူ့ကိုယ်ခန္ဓာထဲမှာ အနည်းအကျဉ်းလောက်သာ ပါတဲ့ trace elements တွေထဲမှာ Iron လို့ခေါ်တဲ့ သံဓါတ်တို့၊ Zinc တို့လို ဒြပ်မျိုးတွေက ကျန်းမာရေးအတွက် လိုအပ်သလို အာဆင်းနစ်တို့၊ ခဲတို့၊ မာကျုရီတို့လို ဒြပ်တွေကတော့ အဆိပ်အတောက် ဖြစ်စေပါတယ်။ ဒီ trace elements က လူတွေ အတွက် ဘယ်လောက် အရေးပါပါသလဲ။
ကျောက်မျက်တွေကို လှပတဲ့ အရောင်အသွေးရအောင် Trace elements တွေက လုပ်ပေးနိုင်ပါတယ်။ Beryl လို တွင်းထွက်ထဲမှာ ပါနေတဲ့ ခရိုမီယမ် က စိမ်းလန်းလှပတဲ့ မြ ဖြစ်အောင် လုပ်ပေးသလို အရောင်မရှိတဲ့ Corundum တွင်းထွက်မှာ ခရိုမီယမ် အနည်းငယ်ပါနေရင် ပတ္တမြား ဖြစ်သွားပြီး titanium ပါလာရင်တော့ နီလာ ဖြစ်သွားတာပါ။
ကွန်ပြူတာ ချစ်ပ်တွေ၊ တပိုင်းလျှပ်ကူးပစ္စည်း semiconductors တွေလို သက်မဲ့ပစ္စည်းတွေ တီထွင်ထုတ်လုပ်ရာမှာရော၊ ကျောက်မျက်ရတနာတွေ အတွက်နဲ့ လူသားတွေလို သက်ရှိတွေအတွက်ပါ trace elements ဟာ ဘယ်လို အရေးပါပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စိတ်ကိုပျော်ရွှင်စေတဲ့ ဟော်မုန်းထုတ်ပေးတဲ့ သကြားဟာ ကာဗိုဟိုက်ဒရိတ်တမျိုး ဖြစ်ပြီး စားသုံးသူအတွက် စွမ်းအင်ရဖို့ အရေးပါသလို လွန်ကဲရင်တော့ အန္တရာယ်ရှိတယ်လို့ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။ ဘာကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စာရေးမယ်ဆိုရင် အရင်က လူတိုင်း လက်နဲ့ပဲ ရေးခဲ့ကြတာပါ။ ဒါပေမယ့် နည်းပညာ တိုးတက်လာတာနဲ့ အမျှ တိမ်မြုပ်သွားတဲ့ အကျင့်တွေထဲမှာ စာကို လက်နဲ့ရေးနေကျသူတွေ မရေးပဲ ဖြစ်လာတာပါ။ အခုတော့ လက်ရေးမူနဲ့ စာပြန်ရေးနိုင်တဲ့ နည်းပညာပေါ်လာပါပြီ။ VOA သတင်းထောက် Julie Taboh ရဲ့သတင်းကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။
လက်ဝတ်ရတနာ မှာ ရွှေစစ်စစ်ကို မသုံးပဲ ရွှေကို တခြားသတ္တုတွေ ရောစပ်ပြီး ဘာကြောင့်သုံးရတာပါလဲ။ ရွှေနဲ့ ပလက်တီနမ်၊ ပလေဒီယံ သတ္တုတွေကို စပ်သုံးတာ၊ ကြေးခေါင်းလောင်းတွေ အမြှောက်တွေလုပ်တဲ့ ကြေးနီ ကြေးဝါတွေနဲ့ သတ္တုစပ်တွေ အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဒန်သတ္တုဖြစ်တဲ့ အလူမီနီယံ အပြင် ရွှေ၊ ငွေ၊ ကြေးနီ၊ သံ၊ သွပ် လိုမျိုး လူသုံးများတဲ့ သတ္တုတွေကို သူ့ချည်း သက်သက် မသုံးပဲ သတ္တုစပ် alloy အဖြစ် ရောစပ်သုံးလေ့ရှိပါတယ်။ ဘာကြောင့်ပါလဲ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စကားထစ်နေသူတွေ၊ ပုံမှန်စကားမပြောနိုင်သူတွေအတွက် သူတို့ရဲ့ပင်ကိုယ်အသံနဲ့ ပြန်ပြောနိုင်စေမယ့် AI သုံးနည်းပညာကို တီထွင်နိုင်ပြီဖြစ်တာကြောင့် အခုဆို သန်းနဲ့ချီတဲ့ ဝေဒနာရှင်တွေဟာ အဆင်ပြေပြေ ဆက်ဆံပြောဆိုခွင့်ရတော့မှာ ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ဘက်စုံဖိနှိပ်မှုတွေကြားက ဆင်းရဲကြပ်တည်းနေရတဲ့ ပြည်သူလူထု ဝန်ထုပ်ဝန်ပိုး လျော့ကျရေး ဆောင်ရွက်နေတာမှာ ကြုံရတဲ့အခက်အခဲတွေကို တော်လှန်ရေးအနိုင်ရရင် ဖြေရှင်းနိုင်မယ်လို့ NUG စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဒေါ်ခင်မမမျိုးက ပြောပါတယ်။ ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
"ငလျင်မလှုပ်ခင်မှာ မြေပြင်လှုပ်ရှားမှု ဒါမှမဟုတ် လျှပ်စစ်သံလိုက်ဓါတ် တိုင်းတဲ့ စနစ်မှာတွေ့ရတဲ့ အပြောင်းအလဲတွေကို စစ်ဆေးနိုင်ပါတယ်။ ဒါကြောင့် အဲဒီမှာ အပြောင်းအလဲတွေ တွေ့မယ်ဆိုရင်တော့ ငလျင်လှုပ်တော့မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။" (Alexandros Savvaidis- TexNet က စုံစမ်းစစ်ဆေးရေးမှူး)
ဘက်ထရီသတ္တု Lithium ကို ထိုင်းနိုင်ငံမှာ လက်ရှိ တူးဖေါ်နေတာ ဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အလားတူ ကျောက်တွေရှိရာ ရှမ်းကုန်းပြင်မြင့်အပြင် အလယ်တကျောဖြစ်တဲ့ တနင်္သာရီတောင်ဖျားကနေ ကချင်ပြည်နယ် မြောက်ဖျားအထိ ဂရင်းနစ် ကျောက်စိုင်တွေ ရှိရာ နေရာမှာ ရှာဖွေနိုင်တယ်လို့ ပြောပါတယ်။
ကင်မန်ကျွန်းဟာ တရုတ်ပြည်မကြီးနဲ့ ကီလိုမီတာ အနည်းငယ်ပဲ ဝေးတဲ့ တိုင်ဝမ်ပိုင်ကျွန်းကလေးဖြစ်သလို ထိုင်ဝမ်အစိုးရရဲ့ တရုတ်ရန်ခုခံဖို့ ပထမစည်းလည်း ဖြစ်ပါတယ်။ ဒီကျွန်းက နာမည်ကြီး ပန်းပဲဆရာတဦးကတော့ စစ်ကျန်လက်နက်တွေကို အသုံးအဆောင်ပစ္စည်းတွေအဖြစ် ငြိမ်းချမ်းစွာ သုံးနိုင်ဖို့ ကြိုးစားနေပါတယ်။
EV လျှပ်စစ်ကားတွေ အသုံးများလာတဲ့ ခေတ်မှာ လျှပ်စစ်ကားလုပ်ငန်းရှင် Elon Musk က Lithium ဘက်ထရီ ဟာ ရေနံအသစ်တမျိုးလို့ သတ်မှတ်ခဲ့သလို Lithium သတ္တုကို ကမ္ဘာတလွှား အပြိုင်အဆိုင် ရှာဖွေလာကြတာပါ။
IT နည်းပညာ တိုးတက်လာတာနဲ့ အမျှ အရေးပါလာတဲ့ ဘက်ထရီသတ္တုလို့ ခေါ်ကြတဲ့ Lithium ကို ဘယ်လို တွေ့နိုင်တယ် ဆိုတာနဲ့ မြန်မာနိုင်ငံမှာ Lithium သတ္တုသိုက် ရှိမရှိ ဩစတေးလျနိုင်ငံက ဘူမိဗေဒနဲ့ ဓါတ်သတ္တုရှာဖွေတူးဖေါ်ရေးအကြံပေး ဒေါက်တာဦးအောင်ပွါးကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်