စစ်တပ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြရာကနေ အဖမ်းခံရပြီး စစ်တပ်ထဲ အတင်းသွင်းခံရလို့ ရှမ်းပြည်တောင်ပိုင်း မိုင်းရှုးနယ်သား မောင်စိုင်းအောင်နဲ့ သူငယ်ချင်းတသိုက် အသက်မပြည့်ဘဲ ကလေးစစ်သားဖြစ်ခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးလက်နက်ချလာတဲ့ ကလေးစစ်သား စိုင်းအောင်ကို ဒေါ်ခင်မျိုးသက် တွေ့ဆုံမေးမြန်းထားပါတယ်။
မြန်မာနိုင်ငံမှာ ရေနံနဲ့သဘာဝ ဓါတ်ငွေ့သိုက်တွေ မြန်မာနိုင်ငံရဲ့ ဘယ်မှာ အဓိက ဖြစ်တည်နေတယ် ဆိုတာနဲ့ သူတို့ရဲ့ စီးပွါးဖြစ် အလားအလာကို ရေနံဘူမိဗေဒ ပညာရှင် ဦးလှမိုင်းပြည့်ကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
မြန်မာနိုင်ငံမှာ စစ်အစိုးရ၊ အရပ်သားအစိုးရနဲ့ အာဏာသိမ်းစစ်တပ်လက်အောက် ၁၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့တဲ့ ချင်းလူမျိုး ထောက်ပို့ တပ်သားလေး ထျန်ကျိုးထျန် ဟာ စစ်တပ်အာဏာသိမ်းပြီး ၃ နှစ်နီးပါးအကြာမှာ တပ်ထဲမှာ မနေနိုင်တော့ပဲ ပြည်ပကို ထွက်ပြေးခိုလှုံလာခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။
မြန်မာကလေးငယ်တိုင်း အင်တာနက်သုံး စရာ မလိုပဲ ဒစ်ဂျစ်တယ် နည်းပညာကို သုံးနိုင်အောင် လုပ်ထားတဲ့ myME box နဲ့ ၂၁ ရာစု ပညာရေးကို သင်နိုင်အောင် ဘယ်လို လုပ်ပေးထားတယ် ဆိုတာကို myMe box တီထွင်သူ ဦးတင်မောင်မောင်အေးက ရှင်းပြထားပါတယ်။ ဒေါ်ခင်မျိုးသက်က တင်ပြပေးမှာပါ။
အာဏာသိမ်း ၃ ကြာချိန် ထိုင်း - မြန်မာနယ်စပ် မဲဆောက်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေနဲ့ ပြည်တွင်းက လိုအပ်နေသူတွေကို ကျန်းမာရေးစောင့်ရှောက်မှု ပေးတဲ့အလုပ်တွေ ပို ခက်ခဲလာတယ်လို့ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာဒေါ်စင်သီယာမောင်က ပြောပါတယ်။ ဒေါ်ခင်မျိုးသက် တွေ့ဆုံ မေးမြန်းထားပါတယ်။
ကလေးငယ်တိုင်း အများနည်းတူ အတန်းပညာ သင်ယူခွင့်မရသူတွေ၊ အင်တာနက် ရဖို့ ခက်ခဲတဲ့ ဝေးလံခေါင်ဖျား နေရာက ကလေးငယ်တွေ အင်တာနက်သုံး စရာ မလိုပဲ ဒစ်ဂျစ်တယ် နည်းပညာကို သုံးနိုင်အောင် လုပ်ထားတဲ့ myME box မှာပါဝင်တဲ့ ပစ္စည်းတွေ၊ အသုံးပြုနည်းတွေကို တီထွင်သူ ဦတင်မောင်မောင်အေးက ရှင်းပြထားပါတယ်။
အတန်းပညာကို အများနည်းတူ သင်ယူခွင့်မရသူတွေ၊ ဝေးလံခေါင်ဖျား အင်တာနက် ရဖို့ ခက်ခဲတဲ့ နေရာရောက်နေသူတွေ အတွက် အင်တာနက်သုံးစရာမလိုပဲ ဒစ်ဂျစ်တယ် နည်းပညာကို သင်ယူနိုင်အောင် ဘယ်လိုလုပ်ပေးခဲ့တယ် ဆိုတာကို myME အဖွဲ့တည်ထောင်သူ ဦတင်မောင်မောင်အေးကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဓါတုဗေဒမှာ အဓိက ဆန့်ကျင်ဘက်တွေ ဖြစ်တဲ့ အန္တရာယ်ကြီးတဲ့ အက်ဆစ်နဲ့ ဗေ့စ် ဓါတ် ၂ မျိုးပေါင်းရင် လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးဝင်လှတဲ့ ဆားတွေကိုရပါတယ်။ ဆားအရေးပါပုံအကြောင်း ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုကိုဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ မငြိမ်းချမ်းပဲ ဖြစ်နေပေမယ့် အခု ၂၀၂၃ ခုနှစ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကိုကြည့်ရင် ကျေနပ်အားရ စရာကောင်းတယ်လို့ ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူက သုံးသပ် ပါတယ်။ဘာကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်
ဒီနှစ်ကျရောက်တဲ့ ခရစ္စမတ်အခါသမယကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာလူငယ် လေးတွေလည်း SAW အမျိုးသမီးနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖေါင်ဒေးရှင်း က ကြီးမှူးကျင်းပတဲ့ ခရစ္စမတ်ပွဲမှာ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
ဘာသာအမျိုးပေါင်း ၃၀ ကျော်လောက်ကို အသံနဲ့ပါ ဘာသာပြန်ပေးနိုင်တဲ့ Voice Tra application ဟာ ဘာသာစကားကြောင့် အတားအဆီးမဖြစ်စေဖို့ ကြိုးစားတဲ့ ဂျပန်အစိုးရရဲ့ အစီစဉ်တခုဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ မြန်မာဘာသာကို ထည့်သွင်းနိုင်အောင် တာဝန်ယူသုတေသန လုပ်ခဲ့သူတဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
COP28 ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ဆွေးနွေးပွဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ကမ္ဘာကို ပိုပူနွေးစေတဲ့ အားကြီးတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ မီသိန်း အတွက် အဓိကထားဆွေးနွေးခဲ့တာပါ။ မီသိန်းဓါတ်ငွေ့ဟာ ဘယ်လောက်အန္တရာယ်ကြီးပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လူသားတွေ အတွက် အင်မတန် အသုံးဝင် လှတဲ့ ဆားကို ဘာကြောင့် Salt လို့ခေါ်ကြပါသလဲ။ သီးခြားရပ်တည်နေရင် အန္တရာယ်ကြီးလှတဲ့ ဆိုဒီယမ် နဲ့ ကလိုရင်း ဓါတုပစ္စည်း ၂ ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဆား အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ် မတိုင်ခင် ကမ္ဘာမှာ ခဲနဲ့ ငွေ အများဆုံးထုတ်တဲ့ နမ္မတူက ဘော်တွင်းမိုင်း၊ မုံရွာက ကြေးနီ၊ မော်ချီးနဲ့ဟိန္ဒားက သံဖြူ-အဖြိုက်နက်မိုင်းတွေလို ကမ္ဘာ့အဆင့်မီ သတ္တုတွင်းတွေနဲ့ ထင်ရှားတဲ့ မြန်မာမှာ သတ္တုသိုက် ၂၀၀၀ လောက်ရှိတဲ့ထဲက ၃-၄၀ လောက်သာ စီးပွါးဖြစ်ထုတ်နိုင် သေးတယ်လို့ ပညာရှင်တွေကပြောပါတယ်။
မြေရှားသတ္တုလို ရှားပါးသတ္တုရနိုင်တဲ့ ကျောက်မျိုးရှိနေတဲ့ သတ္တုသယံဇာတတွေ ခိုအောင်းနိုင်တဲ့ ကျောက်သားဟာ မြန်မာ့မြေမျက်နှာပြင်ရဲ့ ၇၀ % ကျော်ရှိပြီးပြီး၊ လောင်စာသယံဇာတ ခိုအောင်းတဲ့ ကျောက်သားနဲ့ ပေါင်းရင် ၈၅ % ကို ဖုံးအုပ်နေတယ်လို့ Australia နိုင်ငံက ဘူမိဗေဒပညာရှင် ဒေါက်တာအောင်ပွါးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေနံ သဘာဝဓါတ်ငွေ့ ၊ ရှားပါးကျောက်မျက်နဲ့ မြေရှားသတ္တုလို အဖိုးတန် သတ္တုတွင်းထွက် အမျိုးအစားပေါင်း ၆၀ ကျော်ရှိပြီး သူတို့ကိုတွေ့ရှိထားတဲ့ နေရာ ၂၀၀၀ ကျော်အပြင် မတွေ့ရသေးတဲ့ အလားအလာရှိတဲ့ သတ္တုသိုက်တွေပါ ရှိနေပါတယ်။
တစ်သျှူးငှက်ပျော ဆိုတာဘာပါလဲ။ ကချင်ပြည်နယ်ထဲ တရုတ်လုပ်ငန်းရှင်တွေ တစ်သျှူးငှက်ပျော လာစိုက်တဲ့အတွက် ပျက်စီးခဲ့ရတဲ့ မြန်မာ့သဘာဝ ဝန်းကျင်ကိုဘယ်လို ပြန်ကောင်းအောင် လုပ်နိုင်ပါသလဲ။ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုတွေ၊ သတ္တုတူးဖေါ်မှုတွေ စည်းမဲ့ကမ်းမဲ့ စိုက်ပျိုးမှုတွေကြောင့် သဘာဝဝန်းကျင်နဲ့ ဂေဟစနစ် ပျက်သုဉ်းရတဲ့ အခြေနေနဲ့ ဒါတွေကို ဘယ်လိုပြန်ကုစား နိုင်မယ်ဆိုတာကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတဲ့ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်းကထင်ရှားတဲ့ ကျောက်ကြမ်းပြတ်ရွေ့ဟာ အင်းလေးကန်အတွက် ငလျင်အန္တရာယ် ဘယ်လောက်စိုးရိမ်ရပါသလဲ။ အင်းလေး ရေရှည်တည်တံ့ရေးသုတေသနမှာ ဒီကျောက်ကြမ်းပြတ်ရွေ့ကိုပါ ထည့်သွင်းလေ့လာနေတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန JAMSTEC က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ယူနက်စကို ဇီဝဝန်းကျင်ထိမ်းသိမ်းရေးတင်မကပဲ အာဆီယံယဉ်ကျေးမှု အမွေနှစ်စာရင်းပါ ဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်