ဓါတုဗေဒမှာ အဓိက ဆန့်ကျင်ဘက်တွေ ဖြစ်တဲ့ အန္တရာယ်ကြီးတဲ့ အက်ဆစ်နဲ့ ဗေ့စ် ဓါတ် ၂ မျိုးပေါင်းရင် လူသားတွေ အတွက် မရှိမဖြစ်လိုအပ်တဲ့ အသုံးဝင်လှတဲ့ ဆားတွေကိုရပါတယ်။ ဆားအရေးပါပုံအကြောင်း ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုကိုဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေနဲ့ မငြိမ်းချမ်းပဲ ဖြစ်နေပေမယ့် အခု ၂၀၂၃ ခုနှစ်အတွက် သိပ္ပံနဲ့နည်းပညာ ကဏ္ဍကိုကြည့်ရင် ကျေနပ်အားရ စရာကောင်းတယ်လို့ ဂျပန် အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူက သုံးသပ် ပါတယ်။ဘာကြောင့်ပါလဲ။ ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်
ဒီနှစ်ကျရောက်တဲ့ ခရစ္စမတ်အခါသမယကို ထိုင်းမြန်မာနယ်စပ် မဲဆောက်မှာရောက်နေတဲ့ ရွှေ့ပြောင်း မြန်မာလူငယ် လေးတွေလည်း SAW အမျိုးသမီးနဲ့ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး ဖေါင်ဒေးရှင်း က ကြီးမှူးကျင်းပတဲ့ ခရစ္စမတ်ပွဲမှာ ပါဝင် ဆင်နွှဲခဲ့ကြပါတယ်။
ဘာသာအမျိုးပေါင်း ၃၀ ကျော်လောက်ကို အသံနဲ့ပါ ဘာသာပြန်ပေးနိုင်တဲ့ Voice Tra application ဟာ ဘာသာစကားကြောင့် အတားအဆီးမဖြစ်စေဖို့ ကြိုးစားတဲ့ ဂျပန်အစိုးရရဲ့ အစီစဉ်တခုဖြစ်ပါတယ်။ ဒီစီမံကိန်းမှာ မြန်မာဘာသာကို ထည့်သွင်းနိုင်အောင် တာဝန်ယူသုတေသန လုပ်ခဲ့သူတဦးကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။
COP28 ကုလသမဂ္ဂ ဥတုရာသီဆိုင်ရာ ဆွေးနွေးပွဲမှာ ကာဗွန်ဒိုင်အောက်ဆိုဒ်ထက် ကမ္ဘာကို ပိုပူနွေးစေတဲ့ အားကြီးတဲ့ ဖန်လုံအိမ်ဓါတ်ငွေ့ မီသိန်း အတွက် အဓိကထားဆွေးနွေးခဲ့တာပါ။ မီသိန်းဓါတ်ငွေ့ဟာ ဘယ်လောက်အန္တရာယ်ကြီးပါသလဲ။ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လူသားတွေ အတွက် အင်မတန် အသုံးဝင် လှတဲ့ ဆားကို ဘာကြောင့် Salt လို့ခေါ်ကြပါသလဲ။ သီးခြားရပ်တည်နေရင် အန္တရာယ်ကြီးလှတဲ့ ဆိုဒီယမ် နဲ့ ကလိုရင်း ဓါတုပစ္စည်း ၂ ခု ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ ဆား အကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ် မတိုင်ခင် ကမ္ဘာမှာ ခဲနဲ့ ငွေ အများဆုံးထုတ်တဲ့ နမ္မတူက ဘော်တွင်းမိုင်း၊ မုံရွာက ကြေးနီ၊ မော်ချီးနဲ့ဟိန္ဒားက သံဖြူ-အဖြိုက်နက်မိုင်းတွေလို ကမ္ဘာ့အဆင့်မီ သတ္တုတွင်းတွေနဲ့ ထင်ရှားတဲ့ မြန်မာမှာ သတ္တုသိုက် ၂၀၀၀ လောက်ရှိတဲ့ထဲက ၃-၄၀ လောက်သာ စီးပွါးဖြစ်ထုတ်နိုင် သေးတယ်လို့ ပညာရှင်တွေကပြောပါတယ်။
မြေရှားသတ္တုလို ရှားပါးသတ္တုရနိုင်တဲ့ ကျောက်မျိုးရှိနေတဲ့ သတ္တုသယံဇာတတွေ ခိုအောင်းနိုင်တဲ့ ကျောက်သားဟာ မြန်မာ့မြေမျက်နှာပြင်ရဲ့ ၇၀ % ကျော်ရှိပြီးပြီး၊ လောင်စာသယံဇာတ ခိုအောင်းတဲ့ ကျောက်သားနဲ့ ပေါင်းရင် ၈၅ % ကို ဖုံးအုပ်နေတယ်လို့ Australia နိုင်ငံက ဘူမိဗေဒပညာရှင် ဒေါက်တာအောင်ပွါးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ရေနံ သဘာဝဓါတ်ငွေ့ ၊ ရှားပါးကျောက်မျက်နဲ့ မြေရှားသတ္တုလို အဖိုးတန် သတ္တုတွင်းထွက် အမျိုးအစားပေါင်း ၆၀ ကျော်ရှိပြီး သူတို့ကိုတွေ့ရှိထားတဲ့ နေရာ ၂၀၀၀ ကျော်အပြင် မတွေ့ရသေးတဲ့ အလားအလာရှိတဲ့ သတ္တုသိုက်တွေပါ ရှိနေပါတယ်။
တစ်သျှူးငှက်ပျော ဆိုတာဘာပါလဲ။ ကချင်ပြည်နယ်ထဲ တရုတ်လုပ်ငန်းရှင်တွေ တစ်သျှူးငှက်ပျော လာစိုက်တဲ့အတွက် ပျက်စီးခဲ့ရတဲ့ မြန်မာ့သဘာဝ ဝန်းကျင်ကိုဘယ်လို ပြန်ကောင်းအောင် လုပ်နိုင်ပါသလဲ။ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ကချင်ပြည်နယ်မှာ သစ်တောပြုန်းတီးမှုတွေ၊ သတ္တုတူးဖေါ်မှုတွေ စည်းမဲ့ကမ်းမဲ့ စိုက်ပျိုးမှုတွေကြောင့် သဘာဝဝန်းကျင်နဲ့ ဂေဟစနစ် ပျက်သုဉ်းရတဲ့ အခြေနေနဲ့ ဒါတွေကို ဘယ်လိုပြန်ကုစား နိုင်မယ်ဆိုတာကို ကိုယ်တိုင်ပါဝင် ဆောင်ရွက်နေတဲ့ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံအရှေ့ပိုင်းကထင်ရှားတဲ့ ကျောက်ကြမ်းပြတ်ရွေ့ဟာ အင်းလေးကန်အတွက် ငလျင်အန္တရာယ် ဘယ်လောက်စိုးရိမ်ရပါသလဲ။ အင်းလေး ရေရှည်တည်တံ့ရေးသုတေသနမှာ ဒီကျောက်ကြမ်းပြတ်ရွေ့ကိုပါ ထည့်သွင်းလေ့လာနေတဲ့ ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန JAMSTEC က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
ယူနက်စကို ဇီဝဝန်းကျင်ထိမ်းသိမ်းရေးတင်မကပဲ အာဆီယံယဉ်ကျေးမှု အမွေနှစ်စာရင်းပါ ဝင်နေတဲ့ အင်းလေးဒေသ ရေရှည်တည်တံ့ဖို့ သုတေသနပညာရှင်တွေ ဘာတွေလုပ်ဆောင်နေတယ် ဆိုတာကို ဂျပန်အဏ္ဏဝါဘူမိသိပ္ပံနဲ့ နည်းပညာဌာန (JAMSTEC) က ဒေါက်တာမိုးကျော်သူကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
လက်နဲ့ကိုင်ရင် လျှောထွက်သွားတတ်တဲ့ ပြဒါးလို့ခေါ်တဲ့ မာကျူရီဟာ အဆိပ်သင့်စေပြီး၊ အခန်းအပူချိန်မှာ အရည်အဖြစ်နဲ့တွေ့ရတဲ့ တခုထဲသော သတ္တုဖြစ်သလို လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာလောက်ဆိုရင် တပေါင်လောက်ကို လေးပါတယ်။ ဒီပြဒါးအကြောင်း ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်း တင်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နည်းလမ်းပေါင်းစုံနဲ့ အာဏာရှင်ကို တော်လှန်နေကြတဲ့အထဲ အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ ပါဝင်နေသူတွေဟာ သူတို့ယုံကြည်ရာလမ်းကြောင်းနဲ့ အာဏာရှင်စနစ် အမြစ်ပြတ်ရေးမှာ ဆက်ပြီးပါဝင်သွားမယ်လို့ ပြောပါတယ်။
ပတ်ဝန်းကျင်ညစ်ညမ်းမှုသိပ်မရှိဘဲ တခြားနျူကလီယားဓါတ်ပေါင်းဖိုေတွနဲ့ ယှဉ်ရင် အန္တရာယ်ပိုနည်းတဲ့ သိုရီယံသုံး Breeder Reactor ခေါ် ရေရှည်ခံ နျူကလီယား လောင်စာသုံး ဓါတ်ပေါင်းဖိုအကြောင်း ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ လာမယ့်ပွင့်လင်းရာသီမှာ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်တွေအတွက် သွားရောက်လည်ပတ်သင့်တဲ့ ဒေသ ၁၄ ခုကို ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
စိုက်ပျိုးရေးအပြင် Chanel N0. 5 လို ကမ္ဘာကျော်ရေမွှေးအပါအဝင် လူအသုံးအဆောင်တွေမှာ မြက်မြစ်မွှေးလို့ ခေါ်ကြတဲ့ ဗက်တီဗာကို ဘယ်လိုသုံးတယ်ဆိုတာ ဇီဝနည်းပညာရှင် ဒေါက်တာသန်းသန်းစိန်ကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းတင်ပြ ထားပါတယ်။
လျှပ်စစ်ဓါတ် electricity ဆိုတဲ့ ဝေါဟာရဟာ ဂရိဘာသာနဲ့ elektron လို့ခေါ်တဲ့ ပယင်းကနေ စတင် ပေါက်ဖွားလာတာပါ။ ပယင်းမှာ စတွေ့တဲ့ static electricity လျှပ်ငြိမ်လျှပ်စစ်ဓါတ်ဟာ လူသားတွေကို တိုးတက်ပြောင်းလဲစေတဲ့ သိပ္ပွံပညာမှာ ဘယ်လိုအရေးပါတယ်ဆိုတာ ဒေါက်တာခင်မောင်ညိုကို မေးမြန်းပြီး ဒေါ်ခင်မျိုးသက် တင်ပြမှာပါ။
သိုရီယံနဲ့ ကျန်းမာရေးအန္တရာယ် အိမ်နီးချင်းအိန္ဒိယနဲ့ တရုတ်နိုင်ငံတွေမှာ လောင်စာစွမ်းအင်အတွက်သုံးနေတဲ့ ရေဒီယိုသတ္တိကြွ သိုရီယံကို မြန်မာတချို့က ဆေးဘက်ဝင်အသုံးအဆောင်အဖြစ် သုံးနေတာဟာ အန္တရာယ်ဘယ်လောက်ကြီးပါသလဲ ဓါတုပညာရှင် ဒေါက်တာခင်မောင်ညိုကို ဒေါ်ခင်မျိုးသက်က မေးမြန်းတင်ပြမှာပါ။
နောက်ထပ်ကြည့်ရှုရန်