ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေအပေါ် သတင်းမှားတွေရဲ့ သားကောင်မဖြစ်ကြဖို့ အရေးကြီးတယ်လို့ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။ ဒီလိုအချိန်မှာ လူသားဆန်မှုနဲ့ စာနာစိတ်နဲ့ ပြဿနာကိုချည်းကပ်ဖို့လိုတယ်လို့လည်း သူက အကြံပြုပါတယ်။
ရခိုင်ပြည်နယ်တွင်းတိုက်ပွဲတွေမှာ ရိုဟင်ဂျာတွေ ကြုံတွေ့ခံစားနေရတဲ့အခြေအနေအပေါ် နှစ်ဖက်ပြောဆိုမှုတွေ ကွဲလွဲနေပြီး သတင်းမှားတွေရဲ့ သားကောင်မဖြစ်ကြဖို့ အရေးကြီးတယ်လို့ NUG လူ့အခွင့်အရေး ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက ပြောဆိုပါတယ်။ မဆုမွန် တွေ့ဆုံမေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်ရဲ့ နိုင်ငံရေး အုပ်ချုပ်ရေး အပြောင်းအလဲတွေကြားမှာ ဘင်္ဂလားဒေ့ရှ်မှာ လာရောက်ခိုလှုံနေကြရတဲ့ သိန်းချီတဲ့ရိုဟင်ဂျာတွေရဲ့အရေး ကရော ဘယ်လိုသက်ရောက်မှု အပြောင်းအလဲဖြစ်လာနိုင်ပါသလဲ။ ကော့ဇ်ဘဇားခရိုင်ထဲက ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ကို Skpe ကနေ မဆုမွန် ဆက်သွယ်မေးမြန်းထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေကို ဆက်လက် ကူညီစောင့်ရှောက်မယ့်အကြောင်း ကြားဖြတ်အစိုးရခေါင်းဆောင် Muhammad Yunus က ဒီကနေ့ ပြောလိုက်ပါတယ်။
ရိုဟင်ဂျာတွေအတွက် ဥပဒေရေးရာအရ လုံခြုံရေးဆိုင်ရာ အကာအကွယ်ပေးမှုအပါအဝင် စိတ်ချလုံခြုံတဲ့နေရာဖန်တီးပေးမှု၊ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့အကူအညီပေးရေးဆိုင်ရာ အချက်အလက်တွေ ထည့်သွင်းမယ့် ဥပဒေကို အမေရိကန်လွှတ်တော်ကပြဋ္ဌာန်းဖို့ရှိတယ်လို့ ဦးဆောင်လှုပ်ရှားသူတဦးဖြစ်တဲ့ မဝေဝေနုက ဗွီအိုအေကိုပြောပါတယ်။
ရခိုင်ပြည်နယ်တွင်းက လူနည်းစုရိုဟင်ဂျာတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ထွက်ပြေးတိမ်းရှောင်ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေကို အမေရိကန်လွှတ်တော်မှာ အကာအကွယ်ပေးနိုင်မယ့် ဥပဒေတရပ် တင်သွင်းပြဌာန်းတော့မှာဖြစ်ပါတယ်။ ဒီဥပဒေနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမဆုံး အမျိုးသမီးဒုသမ္မတ ကမ်မလာဟဲရစ်ဟာ အခုကျင်းပမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက် ရီပတ်ပလင်ကန် သမ္မတလောင်းထရမ့်နဲ့ယှဉ်ပြီး ပထမဆုံးအမျိုးသမီးသမ္မတအဖြစ် ယှဉ်ပြိုင်ရွေးချယ်နိုင်စွမ်းရည်ရှိပါမလား။ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုနဲ့ မဆုမွန်က အမျိုးသမီးကဏ္ဍမှာ ဆွေးနွေးတင်ပြထားပါတယ်။
စစ်အာဏာသိမ်းထားတဲ့မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်မှုထမ်းဥပဒေကို အသက်သွင်းမယ်လို့ ထုတ်ပြန်ကြေညာပြီးတဲ့နောက် စစ်ကောင်စီလက်အောက် စစ်မှုမထမ်းချင်လို့ အိမ်နီးချင်းနိုင်ငံတွေဆီကို လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ပြေးခဲ့ကြပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မဆုမွန် စုစည်းတင်ပြထားပါတယ်။
ကမ္ဘာ့ဒုက္ခသည်များနေ့ ၂၀၂၄ “Solidarity with Refugees 2024" “ဒုက္ခသည်တွေနဲ့ တစည်းတလုံးတည်း အတူရပ်တည်ကြ” ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ပြသကြတဲ့ ကမ္ဘာ့ဒုက္ခသည်များနေ့ အထူးအစီအစဉ်အဖြစ်၂၀၂၄ခုနှစ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည်တွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုအခက်အခဲတွေ အကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။
အာရက္ခတပ်တော် AA နဲ့ မြန်မာစစ်ကောင်စီတပ်ကြား စစ်ရေးပဋိပက္ခတွေပြင်းထန်နေတဲ့ရခိုင်ပြည်နယ်မှာ စစ်ပြေးဒုက္ခသည်တွေအတွက် အရေးပေါ် လူသားချင်းစာနာမှုအကူအညီတွေပေးအပ်နိုင်ရေး စီစဉ်နေတာနဲ့ပတ်သက်လို့ NUG လူ့အခွင့်အရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအောင်ကျော်မိုးကို မဆုမွန်က Skype ကနေဆက်သွယ်မေးမြန်းထားပါတယ်။
စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေပိုပြင်းထန်လာပြီး အရပ်သားပြည်သူတွေ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေ ဆက်တိုက်ဆိုသလိုဖြစ်လာနေပါတယ်။ ဒီလိုအခြေအနေအပေါ် NUG လူ့အခွင့်အရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုစုံစမ်းဖော်ထုတ်အရေးယူ ဆောင်ရွက်နေပါသလဲ။
စစ်ဘေးဒုက္ခဒဏ်ခံနေရတဲ့ ကရင်နီနယ်ထဲက လူငယ်တွေကို တူရိယာစုံ တီးခတ်တတ်အောင် သင်ပေးနေတဲ့ ထဲဖိုးဂီတပညာသင်ကျောင်းအကြောင်း ကျောင်းတည်ထောင်သူ ဂီတဆရာမ မော်ဖရေးမြာကို မစုမြတ်မွန်မေးမြန်းပြီး လူမှုရှုခင်း အစီအစဉ်မှာ တင်ပြထားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေဖြစ်ပေါ်နေသလို ကမ့်တွေထဲမှာကို AA အာရက္ခတပ်တော်ကိုစစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ စစ်သား အတင်းအဓမ္မစုဆောင်းမှုတွေကြား အခုလို အသက်အန္တရာယ်ပါ သေဆုံးထိခိုက်နေလို့ ရိုဟင်ဂျာတွေကြား နေ့နေ့ညည လုံခြုံရေး စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ဒုက္ခသည်စခန်းတွေထဲမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေဖြစ်ပေါ်နေသလို ကမ့်တွေထဲမှာကို AA အာရက္ခတပ်တော်ကို စစ်ကောင်စီနဲ့ပူးပေါင်းတိုက်ခိုက်ဖို့ စစ်သား အတင်းအဓမ္မစုဆောင်းမှုတွေကြား အခုလိုအသက်အန္တရာယ်ပါ သေဆုံးထိခိုက်နေလို့ ရိုဟင်ဂျာတွေကြား နေ့နေ့ညည လုံခြုံရေး စိုးရိမ်မကင်းဖြစ်နေကြရပါတယ်။
ရခိုင်ပြည်နယ်မှာ AA နဲ့ စစ်ကောင်စီတိုက်ပွဲတွေပြင်းထန်နေချိန် ဒေသခံရခိုင်နဲ့မူဆလင်တွေ ဖမ်းဆီးခံရတာ နေအိမ်မီးရှို့ခံရတာတွေရှိလာနေပါတယ်။ နှစ်ဘက်အသိုင်းအဝိုင်းခေါင်းဆောင်တွေလူမှုအဖွဲ့အစည်းတွေကနေ ဖြစ်စဉ်တွေကို လူထုအခြေပြု သတိထားစောင့်ကြည့် သတိပေးသင့်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရောက်ရိုဟင်ဂျာတွေက အကြံပြုပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေထဲ ရိုဟင်ဂျာတွေ စားဝတ်နေရေးအတွက် အထောက်အကူတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနေတာ နောက် တတိယနိုင်ငံတွေဆီ ပို့ဆောင်နိုင်ရေး စီစဉ်ပေးမှုတွေက False Hope တလွဲမျှော်လင့်ချက်တွေ ဖြစ်လာနိုင်တဲ့အတွက် ဒါဟာ အကျပ်အတည်းတွေကို ဖြေရှင်းရာ မရောက်ဘူးလို့လည်း သတိပေးပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု အကျပ်အတည်း အခက်အခဲတွေ ပြေလည်ရေးနဲ့ နေရပ်ရင်းကို အမြန်ဆုံးပြန်နိုင်ရေး ပူးပေါင်းဆောင်ရွက်သွားကြဖို့ ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာခဲ့တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာ လွှတ်တော်အမြဲတမ်းကော်မတီ-ကိုယ်စားလှယ်အဖွဲ့က တိုက်တွန်းလိုက်ပါတယ်။
ဒေသတွင်းမှာရော ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာပါ စားနပ်ရိက္ခာဖြတ်တောက်မှုတွေ အပါအဝင် အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ ပြည်ပကို ထွက်ခွာပြေးဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းနေကြရတဲ့ ထောင်ချီတဲ့ ရိုဟင်ဂျာတွေရဲ့ ပင်လယ်ပြင်လမ်းခရီးက ကြမ်းတမ်းပါတယ်။
နောက်ထပ်ကြည့်ရှုရန်