တရုတ်နိုင်ငံက အွန်လိုင်း အစားအသောက် ရောင်းချတဲ့ ကုမ္ပဏီကြီးတချို့ ၊ လတ်တလော ကာလအတွင်း အရင်ထက် ရောင်းအားတက်လာတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ အသားစား ခွေးတွေ မွေးမြူရောင်းချနေတာကို တားမြစ်တဲ့ ဥပဒေကြမ်းတခု ထွက်ပေါ်လာတာကို မွေးမြူရေးသမားတွေ ဆန္ဒပြကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့နဲ့ စစ်ကောင်စီဟာ မြေပြင်မှာ စစ်ဆင်နေပေမယ့် ၊ တရုတ်အစိုးရကိုတော့ နှစ်ဘက်စလုံးက အပြိုင်အဆိုင် မျက်နှာချိုသွေးနေပုံရကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ − တရုတ်နိုင်ငံမှာ စီချွမ်း ဟော့ပေါ့ စားသောက်ဆိုင်တွေကထွက်တဲ့ စွန့်ပစ်ဆီကို ၊ လေယာဥ် လောင်စာဆီအဖြစ် ပြောင်းလဲ ထုတ်လုပ်နေတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာ သဲ ထုတ်ယူ ရောင်းချတဲ့လုပ်ငန်းတွေကြောင့် အဖြစ်ဆိုးနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
လက်နက်ကိုင် စီးပွားရေးနဲ့ နွေဦးတော်လှန်ရေး I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် အပစ်အခတ် ရပ်စဲထားတုန်း စစ်ရေး၊ စီးပွားရေး အင်အားကြီးထွားလာအောင် လုပ်နိုင်ရင် အကျိုးရှိကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
"အမေရိကန်ကတော့ မီးစတဖက်၊ ရေမှုတ်တဖက် မလုပ်တတ်ဘူး။ တရုတ်ကတော့ ဟိုတုန်းက မီးစတဘက်၊ ရေမှုတ်တဘက် လုပ်ခဲ့ဖူးတဲ့သဘောထားရှိတယ်။ တရုတ်နဲ့ မြန်မာက ထောက်ထားရမဲ့ အချက်တွေက တော်တော်ကြီးတယ်။ ဒီသင်္ဘောတွေကထွက်လာရင် အနည်းဆုံး လေး-ငါး-ခြောက်ရက်က မောင်းရမယ်။" (ဒေါက်တာလှကျော်ဇော)
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ − ထိုင်းနိုင်ငံရဲ့ ရိုးရာ ချည်ထည် အဝတ်အစားတွေကို ထိုင်းလူမျိုးတွေကပါ အမြတ်တနိုး ဝတ်ဆင်လာကြတဲ့အကြောင်းနဲ့ ကြက်ကြော် စားသုံးမှုများတဲ့ တောင်ကိုရီးယားနိုင်ငံမှာတော့ စက်ရုပ်က ကြော်ပေးတဲ့ ကြက်ကြော်တွေ − ရောင်းအား တွင်ကျယ်လာတဲ့ကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ကလေးလူကြီး အမျိုးသမီးတွေကို ရန်သူလို သဘောထားနေပြီး ၊ စစ်ကောင်စီတပ်က ပစ်ခတ်နေလို့ ကလေးတွေအနာဂတ် ပျောက်ဆုံးနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
လုပ်ခလစာတိုးပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့ကြပြီးနောက် ကမ္ဘာကျော် ဖက်ရှင်အင်္ကျီကုမ္ပဏီတချို့က ဘင်္ဂလားဒေ့ရှ်မှာချုပ်တဲ့ သူတို့ အဝတ်အထည်တွေကို ဈေးတိုးပေးပြီး ဝယ်ယူတော့မယ့်အကြောင်း၊ ကမ္ဘောဒီးယားမှာ ဆိုင်ကယ်−စက်ဘီး တာယာအဟောင်းတွေကိုသုံးပြီး ကြီးမားတဲ့ ရုပ်တုတွေ ဖန်တီးတဲ့လုပ်ငန်းနဲ့ ဝင်ငွေရှာလာကြတဲ့အကြောင်း
=အပစ်ရပ်စာချုပ်နဲ့ အလှည့်အပတ် I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်= လွန်ခဲ့တဲ့လက ကျင်းပတဲ့ အပစ်ရပ်စာချုပ် (၈)နှစ်ပြည့် အခမ်းအနား တက်ရောက်သူတွေဟာ မိမိတို့ဘဝ ရပ်တည်ရေးအတွက် စစ်ကောင်စီနဲ့ ဆက်ဆံနေကြတာဖြစ်ကြောင်း ဦးအောင်ခင်ကရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ငွေကြေးဖေါင်းပွမှု ရင်ဆိုင်နေရတဲ့ ဂျပန်နိုင်ငံမှာ စီးပွားရေး ကျားကန်ပေးမယ့် အစီအစဥ်တရပ်ကို ဝန်ကြီးချုပ် Kishida က ကြေညာလိုက်တဲ့အကြောင်းနဲ့ ထိုင်းနိုင်ငံမှာတော့ တလောက စတင်ပြေးဆွဲတဲ့ ရေပေါ်−ရထား ခရီးစဥ်က ခရီးသွားလုပ်ငန်းကို အထောက်အကူ ဖြစ်စေမယ့်အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
စစ်ကိုင်းတော်လှန်ရေးရဲ့ ဝိသေသများ I စစ်ကောင်စီ အာဏာမသိမ်းမီက လက်နက်ကိုင်တပ်ဖွဲ့ မရှိခဲ့တဲ့ စစ်ကိုင်းတိုင်းဟာ စစ်ကောင်စီခေတ်မှာ လက်နက်ကိုင်တပ်ဖွဲ့ အများအပြား ပေါ်ပေါက်လာခဲ့ပြီး ခုခံတော်လှန်ရေးတိုက်ပွဲ အပြင်းအထန် ဆင်နွှဲနေပုံကို ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
H&M နဲ့ Gap တို့လို ကမ္ဘာကျော် အဝတ်အစား အများဆုံး ချုပ်လုပ်−တင်ပို့နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်အလုပ်သမားတွေက ဆန္ဒအကြောင်းနဲ့ ဂျပန်နိုင်ငံ နူကလီးယား ဓါတ်အားပေးစက်ရုံက စွန့်ပစ်လိုက်တဲ့ရေကို စိုးရိမ်ပြီးတရုတ်က ကန့်သတ်ထားချိန်မှာ အမေရိကန်က ကူညီနေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သီချင်းဆိုတာကို နှစ်သက်ကြတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ အိမ်တွင်းသုံး ကာရာအိုကေ စက်တွေ ရောင်းအားသွက်နေတဲ့အကြောင်းနဲ့ ငလျင်ဒဏ် ခံခဲ့ရတဲ့ နီပေါနိုင်ငံမှာတော့ ရှေးဟောင်းအမွေအနှစ်လက်ရာ ပြန်လည်မွန်းမံ ထိန်းသိမ်းရေး အစီအစဥ်နဲ့အတူ ရိုးရာလက်မှုပညာတွေပါ ပြန်အားကောင်းလာတဲ့အကြောင်းကို တင်ပြထားပါတယ်။
-ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက်- ကေအင်ယူ ထိန်းချုပ်တဲ့နယ်မြေ ကျယ်ဝန်းလာတဲ့အလျှောက် ဖြေရှင်းရမယ့် အုပ်ချုပ်ရေးပြဿနာတွေ များလာကြောင်း ဦးအောင်ခင်ကရေးပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကမ္ဘာတလွှား စစ်ရေးပဋိပက္ခ တိုးလာနေချိန်မှာ စစ်သုံးယာဉ်တွေနဲ့ လက်နက်ကြီးတွေ ရောင်းအားမြှင့်တင်နိုင်ဖို့အတွက် တောင်ကိုရီးယားမှာ ကာကွယ်ရေးသုံးလက်နက်ပြပွဲကြီးတခု ကျင်းပ၊ ထိုင်းမှာ အသက်ရွယ်ကြီးရင့်သူ လူဦးရေ တိုးပွားလာနေတာက စီးပွားရေးနဲ့ လူ့အဖွဲ့အစည်းကို ရိုက်ခတ်လာမယ်လို့ ခန့်မှန်းကြတဲ့အကြောင်း။
“ဘယ်သူ့အတွက်ရယ်လို့ မပါပါဘူး။ နိုင်ငံ့အတွက်ဆိုတဲ့ အသိအမှတ်နဲ့ အဖွား သွားလုပ်တာ။ “ငါတို့ဗိုလ်ချုပ်အောင်ဆန်းဟာ တချိန်လည်း လုပ်ကြံခံလို့ သတ်လိုက်ရပြီးပြီ။ အခုတခါလည်း လာလုပ်ကြံပြီးတော့ သတ်ပြန်ပြီလား” စိတ်က အဖွား အဲဒီလို ပိုင်းထားတာပါ။ အဲဒီလိုပိုင်းပြီး ဆင်းသွားတာ။" (ဒေါ်စန်းရီ)
၁၉၈၃ ခုနှစ် ရန်ကုန်မြို့ အာဇာနည်ဗိမာန် ဗုံးခွဲတိုက်ခိုက်မှုရဲ့ လက်သည်တရားခံ − မြောက်ကိုရီးယား သူလျှိုတွေထဲက တဦးကို ဖမ်းဆီးပေးတဲ့အထဲမှာ ၊ လက်ရှိ အသက်(၈၀)ကျော်အရွယ် ဒေါ်စန်းရီလည်း ပါဝင်ခဲ့ပါတယ်။ သူမဟာ ခုတော့ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်မှာ လှည့်လည်အလှူခံ တောင်းရမ်းရင်း နေ့စဥ်ဘဝကို ဖြတ်သန်းနေရတာပါ။
စစ်အာဏာရှင် တိုက်ဖျက်ရေးဆိုတဲ့ ပြည်သူ့စိတ်ဓါတ်နဲ့ အောက်ခြေက စလိုက်တဲ့ လက်နက်ကိုင်တိုက်ပွဲဟာ ၂ နှစ်ကြာလာတဲ့အမျှ တပြည်လုံးအတိုင်းအတာ ပျံနှံလာပါပြီ။ စစ်ကောင်စီအတွက် ထွက်ပေါက်ရှိရဲ့လား၊ ဘယ်လိုအဆုံးသတ်မလဲ ဦးအောင်ခင်ရဲ့ သုံးသပ်ချက်ကို ကိုဥာဏ်ဝင်းအောင်နဲ့အတူ တင်ဆက်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ အကူအညီနဲ့ တည်ဆောက်ထားတဲ့ မြန်နှုန်းမြင့် ကျည်ဆံရထား လမ်းသစ်ကို အင်ဒိုနီးရှားနိုင်ငံမှာ စတင်ဖွင့်လှစ် ပြေးဆွဲနေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံထဲ လာဖွင့်ထားတဲ့ မြောက်ကိုရီးယား စားသောက်ဆိုင်တွေကတော့ တောင်ကိုရီးယားလူမျိုးတွေကို လုံးဝ အဝင်မခံတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နွေဦးတော်လှန်ရေး အလားအလာ I ဦးအောင်ခင်ရဲ့ မြန်မာ့အရေးသုံးသပ်ချက် စစ်အာဏာရှင်စနစ် နိဂုံးချုပ်သွားရုံနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ပေါ်ထွက်လာနိုင် မလား ၊ ဆိုတာနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ အမျိုးမျိုးကို လေ့လာသုံးသပ် နေကြတဲ့အကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်