အဆီစားတာနဲ့ ဆေးလိပ်သောက်တာ နှစ်မျိုးစလုံးက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်စေနိုင်တာမို့လို့ နှစ်မျိုးစလုံးကို လျှော့ချရှောင်ကျဉ်ဖို့လိုပါတယ်။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
သံဓါတ်ချို့တဲ့ရင် သွေးအားနည်းတတ်တာမို့ အထူးသဖြင့် အမျိုးသမီးတွေ ပိုပြီး သတိထားရမှာပါ။ ဒါကြောင့် သံဓါတ်ပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးဖို့ လိုပါတယ်။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ကလေးတွေဝက်သက်ပေါက်ပြီဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ လိုက်ပါလာတာမို့ အရေးအကြီးဆုံးကတော့ ဆရာဝန်ဒါမှမဟုတ် ဆေးပညာနားလည်တတ်ကျွမ်းသူနဲ့ အမြန်ဆုံးပြသတိုင်ပင်သင့်တယ်လို့ ဆိုပါတယ်။ ဒေါက်တာသန့်ဇော်ရဲ့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ကူးစက်ရောဂါမဟုတ်တဲ့ တခြားရောဂါတွေအားလုံးကို အုပ်စုကြီးတစုအနေနဲ့ သတ်မှတ်နိုင်ပါတယ်။ ဒီရောဂါတွေအကြောင်း သိထားပြီး ဘယ်လို ကာကွယ်နိုင်မလဲ သဘောပေါက်နိုင်ဖို့ လူထုနဲ့ ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ဆက်ပေးထားပါတယ်။
အေးမြခြောက်သွေ့တဲ့ ရာသီမှာဆိုရင် အထူးသဖြင့် အရေပြားခြောက်သွေ့စေတဲ့အပြုအမူတွေကို ရှောင်ရှားမှ အသားကွဲတာ အသားပတ်တာလိုမျိုး အရည်ပြားကို ထိခိုက်စေမယ့် အခြေအနေတွေကို ကာကွယ်နိုင်ပါမယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
၆ လ တန်သည် တနှစ်တန်သည် အချိန်အပိုင်းအခြားတခုရောက်တိုင်းမှာ ကျန်းမာရေးပုံမှန်စစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒီလို စစ်တဲ့နေရာမှာလည်း သေချာ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ လိုအပ်တဲ့ အပိုင်းတွေအားလုံးကို စစ်ဆေးဖို့လိုပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အိမ်ထောင်တခုတည်ဆောက်တဲ့နေရာမှာ အချိန်နဲ့ငွေပေးဆပ်နိုင်တာကိုမူတည်ပြီး ကိုယ့်မိသားစုကို ဘယ်လိုပုံဖော်မလဲ စနစ်တကျစဉ်းစားထားမှ ဖိစီးမှုတွေနဲ့ အခုခေတ်ကာလမှာ နေပျော်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ်နဲ့သင့်တော်တဲ့ သားဆက်ခြားနည်းလမ်းတွေကို သိထားဖို့ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ပင်ပန်းနွမ်းနယ်မှုကို ဖြေဖျောက်ပြီး ချက်ခြင်း ပြန်ပြီး လန်းဆန်းတတ်ကြွစေနိုင်တဲ့ အားဖြည့်အချိုရည်ဟာ လူကို ရုတ်တရက်ပြန်လန်းဆန်းစေအောင် ဓါတုပစ္စည်းတွေနဲ့ ပြုလုပ်ထားတာမို့လို ဒီအချိုရည်တွေကို စွဲစွဲမြဲမြဲ မသောက်သင့်ပါဘူး။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဖေဖော်ဝါရီ ၄ ရက်နေ့က ကမ္ဘာ့ကင်ဆာ တိုက်ဖျက်ရေးနေ့ပါ။ ကင်ဆာရောဂါနဲ့ ပတ်သက်တဲ့ အသိပညာပေးမှုတွေမှာ ပူးပေါင်းပါဝင်ကြရင် ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းကို လျော့ချတဲ့နေရာမှာ လူတိုင်းပါဝင်နိုင်ပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ခွေးရူးပြန်ရောဂါဟာ ရာနှုန်းပြည့် ကြိုတင် ကာကွယ်နိုင်တဲ့ ရောဂါတခုပါ။ ဒါကြောင့် ခွေးကိုက်ခံရပြီဆိုရင် ပေါ့ပေါ့ဆဆသဘောမထားဘဲ ကုသမှုတွေကို စနစ်တကျခံယူပြီး ကြိုတင်ကာကွယ်မှုလုပ်သင့်ပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဆောင်းတွင်းလည်း ဆောင်းတွင်မို့၊ မိုးရာသီလည်း မိုးရာသီမို့ သူ့ရာသီအလိုက် ရောဂါတွေက ဝင်လာတတ်ကြတာဖြစ်ပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောဂါတွေအကြောင်း သိထားရင်တော့ ဘယ်လို သတိထားကြိုတင်ကာကွယ်ရမလဲဆိုတာလည်း သိကြမှာဖြစ်ပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ခန္ဓာကိုယ်ထဲက ကြွက်သားတွေ ကြံခိုင်သန်မာရင် အဆစ်အမြစ်တွေ ရောင်ယမ်းနာကျင်တာမျိုးလည်း မဖြစ်နိုင်တာကြောင့် အဆစ်ရောင်ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ကြဖို့ လိုပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
ဆေးလိပ်ကြောင့်ဖြစ်တဲ့ ရောဂါတွေ လျော့နည်းအောင်အတွက် ဆေးလိပ်သောက်သုံးမှုအန္တရာယ် အသိပေးလှုံ့ဆော်မှုတွေ အားလုံးဝိုင်းဝန်းလုပ်ဆောင်ဖို့လိုတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အရွယ်မတိုင်ခင် မအိုအောင် မျက်နှာပေါ်မှာ အရေးအကြောင်းများအများကြီးမထင်အောင် ဘယ်လိုနေကြရပါမလဲ။ ကြီးလာရင် အရွယ်မကျအောင် ငယ်ငယ်ကတည်းက ဂရုတစိုက်ထိမ်းသိမ်းသင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ထားပါတယ်။
မြွေအန္တရာယ်ကြုံတွေ့လာတဲ့အခါ ရှေးဦးသူနာပြုစုနည်းကလည်း အရေးကြီးသလို၊ ကိုယ့်ကို ကိုက်တဲ့မြွေအမျိုးအစားကို သိဖို့ကလည်း အရေးကြီးတာပါ။ မြွေကောင်း မြွေဆိုး မခွဲနိုင်တဲ့အခါတွေမှာတော့ မြွေဆိပ်ဖြေဆိပ်ရအောင် အရေးတကြီး လုပ်ဆောင်ကြရမှာပါ။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေလိုမျိုး တစ်ဦးကနေတစ်ဦးကိုမကူးစက်တဲ့ရောဂါ ဖြစ်ပွားမှုနှုန်းတွေ လျော့နည်းသွားဖို့ ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုနေမလဲဆိုတာ အတွက် ဆရာဝန်တွေက နယ်တွေသွားပြီး ကျန်းမာရေးဗဟုသုတ ဖြန့်ဖြူးပေးတာတွေရှိပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နှလုံး၊ သွေးတိုးနဲ့ ဆီးချိုရောဂါတွေလိုမျိုး တစ်ဦးကနေတစ်ဦးကိုမကူးစက်တဲ့ရောဂါ ဖြစ်ပွားမှုနှုန်းလျှော့ချနိုင်ဖို့ ကျန်းမာရေးပညာပေးမှုတွေ တင်မက သက်ဆိုင်ရာကလည်း ကျန်းမာရေးနဲ့ညီညွတ်တဲ့ပတ်ဝန်းကျင်အခြေအနေဖန်တီးပေးဖို့ လိုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မိခင်နို့ရည်ကြောင့်ရင်သွေးရဲ့ ကာယ၊ ဏ စွမ်းရည်ဖွံဖြိုးရေး အထောက်အကူဖြစ်တဲ့အပြင်၊ ရောဂါကာကွယ်နိုင်စွမ်းကိုလည်း အပြည့်အဝပေးတာကြောင့် ကလေးအသက် ၆လ မကျော်မချင်း မိခင်နို့ရည် တိုက်ကျွေးပေးဖို့ တတ်ကျွမ်းသူတွေက တိုက်တွန်းပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အမျိုးသမီးတွေ အသက်ကြီးလာရင် အရိုးပွရောဂါ မဖြစ်အောင် အထူးသဖြင့် အသက် ၄၀ နား ကပ်လာရင် ဘယ်လို အမူအကျင့်တွေကို သတိထားရှောင်ကျဉ်ရမလဲဆိုတာ သိရှိထားဖို့လိုအပ်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
မိုးရာသီမှာ ရေကတဆင့် ကူးစက်ရောဂါဖြစ်တဲ့ ဝမ်းပျက်ဝမ်းလျော ရောဂါဖြစ်ဖို့ ပိုပြီး လွယ်တာကြောင့် အစားအသောက်ရော သောက်သုံးရေပါ သန့်ရှင်းစင်ကြယ်ဖို့ သေချာ ဂရုစိုက်ပြီး ဝမ်းပျက်ဝမ်းလျော ရောဂါကိုကာကွယ်ရပါမယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်