Cryotherapy လို့ခေါ်တဲ့ အေးခဲစေတဲ့နည်းပညာဟာ ရောဂါတစ်ချို့ကို ကုသတဲ့နေရာမှာ အသုံးဝင်တဲ့ နည်းပညာတစ်ခုဖြစ်ပြီး အဆင့်နိမ့်သေးတဲ့ သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်မှာလည်း ထိရောက်တဲ့ ကုသမှုနည်းလမ်းတစ်ခုဖြစ်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
MRI ဆိုတဲ့ သံလိုက်ဓါတ်မှန်ရိုက်တာဟာ သံလိုက်ဆွဲအားကို အသုံးပြုပြီးတော့ စစ်ဆေးစမ်းသပ်တာမို့လို့၊ ကိုယ်ပေါ်မှာ သံနဲပတ်သက်တဲ့ အသုံးအဆောင်ပစ္စည်းတွေရှိမယ်၊ ကိုယ်ထဲမှာ ကိုယ်အင်္ဂါအစားထိုးပစ္စည်းတွေ ရှိနေမယ်ဆိုရင် သတိထားသင့်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဆီးချို သွေးချို ရောဂါသည်တွေမှာက အနာတခုခုဖြစ်ပြီဆိုရင် တော်တော်နဲ့ မပျောက်ပဲ အဲဒီကနေမှ အနာကြီးပြီး ကိုယ်လက်အင်္ဂါ ဖြတ်ထုတ်ရအထိ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဆီးချိုသွေးချို လူနာတွေအနေနဲ့ အနာမဖြစ်အောင် ဘယ်လို ဂရုစိုက်ရမလဲဆိုတာ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကင်ဆာရောဂါဆိုးဟာ အသက်ကြီးရင့်သူတွေသာမက ကလေးငယ်တွေမှာပါ ဖြစ်ပွားနိုင်စေတာပါ။ ဒီလို ကလေးတွေမှာ ကင်ဆာ ရောဂါကို ဘယ်လိုရှာဖွေကုသမလဲဆိုတာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ရည်မှန်းချက်တွေ ချမှတ်လုပ်ဆောင်နေပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
သဘာဝအတိုင်းမဟုတ်ဘဲ ဓာတုဗေဒအချိုဓာတ်ထည့်ထားတဲ့ အစားအသောက်တွေဟာ ရင်သွေးငယ်လေးတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဘယ်လိုအကြောင်းတွေကြောင့် ဒီအစားအသောက်တွေ ကလေးတွေကို မကျွေးပဲ ရှောင်ကြဉ်သင့်လဲဆိုတာ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ကင်ဆာရောဂါ ခံစားရပြီဆိုရင် ရောဂါလည်းပြင်းထန် အသက်အန္တရာယ်အတွက်လည်း အင်မတန်စိုးရိမ်ရတာမို့လို ကင်ဆာရောဂါကို အစောပိုင်းအဆင့်မှာ သိရှိပြီး ကုသနိုင်ဖို့ ကိုယ့်ဖက်က ဘာတွေ သိထားသင့်တယ်ဆိုတာကို ပညာရှင်တွေနဲ့မေးမြန်းပြီး ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
အဆစ်အမြစ် ကိုက်ခဲရောင်ရမ်းမှုကို အသေအချာ ဂရုတစိုက်မကုပဲ ထားလိုက်ရင် နောက်ဆုံး ခွဲရစိတ်ရတဲ့အခြေအနေထိကို ရောက်ရှိနိုင်တာပါ။ ဒါကြောင့် ရောဂါအခြေအနေ ဆိုးမလာခင် စောစောစီးစီး ဆရာဝန်ပြကုသ သင့်ပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
ဆီးချိုကု ဆရာဝန်တွေ ဘယ်လိုရှာ မြန်မာနိုင်ငံမှာ ဆီးချိုဝေဒနာရှင်များပေမယ့် သူတို့ကိုကုသပေးနိုင်မယ့် အထူးကုအရေအတွက် မလုံလောက်တာကြောင့် အဲဒီ့နေရာတွေအတွက် အထွေထွေရောဂါကုဆရာဝန်တွေကိုပဲ ဖြည့်စွက်သင်ကြားပေးဖို့ ပညာရှင်တွေက အကြံပြုကြပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
သွေးတိုးရောဂါရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ရှောင်ကျဉ်နိုင်ဖို့ဆိုရင် ရောဂါလက္ခဏာခံစားရတဲ့အထိမစောင့်ဘဲ သွေးပေါင်ချိန်ကို မကြာခဏတိုင်းတာစစ်ဆေးပေးသင့်ပါတယ်လို့ ပညာရှင်တွေက သတိပေးပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော်က တင်ဆက်ထားပါတယ်။
သွားနဲ့ခံတွင်းကျန်းမာရေးဟာ တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေ ကျန်းမာရေးနည်းတူ အရေးကြီးပြီး သွားနဲ့ခံတွင်းကျန်းမာရေးက အဲဒီတနေရာတည်း အတွက်မဟုတ်ဘဲ ကိုယ်ခန္ဓာတွင်းကျန်းမာရေးနဲ့ပါ ဘယ်လိုဆက်စပ်နေတယ်ဆိုတာ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
အဆုတ်ကင်ဆာဆိုတာ ဖြစ်မိပြီဆိုရင် ပျောက်ကင်းအောင် ကုသဖို့ မလွယ်လှပါဘူး။ ဒါကြောင့်မိုလို့ ရောဂါမဖြစ်အောင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးကုသမှု နည်းလမ်းဖြစ်တယ်လို့ ကင်ဆာပညာရှင်တွေက ပြောပါတယ်။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ဆီးချိုသွေးချို ကုသစောင့်ရှောက်မှုဌာနတွေ ပေါ်လာလို့ လူနာတွေ ရောဂါရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ဘယ်လို ရှောင်ကျဉ်နိုင်လဲဆိုတာ သိကြရပြီး ရောဂါမရှိသူတွေလိုပဲ သက်တမ်းစေ့ နေထိုင်သွားနိုင်ကြတာပါ။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
အလှအပဆိုတာ လူကြီး/ငယ် ကျားမ မရွေး နှစ်သက်သဘောကျတတ်ကြတာမို့ လှပနုပျိုအောင် ပုံစံမျိုးစုံနဲ့ ငွေကုန်ကြေးကျခံ လုပ်ဆောင်ပေမယ့်လည်း ဓါတုဆေးဝါးကြောက်သူတွေအတွက် နည်းလမ်းတွေရှားပါးတာမို့ သူတို့အတွက် ကိုယ့်ရဲ့ သွေးကိုအသုံးပြုနိုင်တဲ့နည်းကို ရှာဖွေတွေ့ရှိထားပြီလို့ ဆိုပါတယ်။ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
HIV ပိုး ကူးခံရသူတွေအတွက် ဆေးရှိပြီဆိုပေမယ့် ဆေးရဖို့ခက်တာ၊ ဆေးဖိုး မတတ်နိုင်တာမျိုးတွေဖြစ်နိုင်လို့ အစကတည်းကိုက HIV မကူးအောင် နေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ဒေါက်တာသန့်ဇော်က လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေမှာ HIV ပိုးရှိတယ်ဆိုရင် မိခင်ကနေတဆင့် ကလေးကိုလည်းကူးစက်နိုင်ပေမယ့် အဲ့လို မိခင်ကနေ ကလေးကို ကူးစက်တာမျိုးမဖြစ်စေချင်ဘူးဆိုရင် HIV ထိန်းချုပ်တဲ့ ART ဆေးဝါးတွေကို စနစ်တကျ မှီဝဲဖို့လိုတယ်လို့ ပညာရှင်တွေက ပြောပါတယ်။ ဒေါက်တာသန့်ဇော် လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
ကိုလိုဂျင်ဓါတ်ကို အသုံးပြုပြီး အသားအရည် နုပျိုသွားအောင်လို့ ဆေးဝါးနဲ့နည်းပညာအသုံးပြုပြီးတော့ ပြင်ဆင်နိုင်တယ်လို့ အရည်ပြားဆိုင်ရာ ဆေးပညာကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒီတော့ ဘယ်လိုနည်းနဲ့ လုပ်လို့ရတာလည်းဆိုတာ ဒေါက်တာသန့်ဇော် လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
AIDS ကိုယ်ခံအားကျဆင်းတဲ့ ဝေဒနာရဲ့ အရင်းခံ HIV ပိုးရှိသူတွေအနေနဲ့ လူ့သက်တမ်းစေ့ နေသွားနိုင်အောင် ဘယ်လို ကုသနိုင်လဲ၊ ရောဂါမဖြစ်အောင် ဘာတွေ ရှောင်ကျဉ်သင့်လဲဆိုတာတွေကို ဒေါက်တာသန့်ဇော် လူထုနဲ့ကျန်းမာရေး အစီအစဉ်မှာ တင်ပြထားပါတယ်။
အမျိုးသမီးမိတ်ဆွေသူငယ်ချင်းအချင်းချင်းကြားမှာ သတိပေးတာ၊ အချက်အလက်ဝေမျှတာတွေက ရင်သားကင်ဆာဖြစ်ပွားမှုနှုန်းကို တော်တော်ကြီးကို လျှော့ချပေးနိုင်တာကြောင့် ရင်သားဆိုင်ရာကျန်းမာရေး အသိပေးစကားဝိုင်းလေးတွေ လုပ်ထားသင့်တယ်လို့ ပညာရှင်တွေက အကြံပြုပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဆီးချိုရောဂါ၊ သွေးချိုရောဂါ၊ ဒီလိုရောဂါတွေနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံမှာ ဘယ်လို အယူမှားတွေ ရှိနေသလဲ။ ဒါတွေကြောင့် ရောဂါ ဝေဒနာ ပိုပြိးတော့ ဘယ်လို ဆိုးဝါးစေလဲ ဆိုတာတွေကို ဆေးပညာရှင်တွေကို မေးမြန်းပြိး လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် တင်ပြထားပါတယ်။
ဆီးချိုဝေဒနာခံစားနေရတဲ့ သူတွေ သွေးတွင်းသကြားဓာတ် ပမာဏကို ပုံမှန်ရှိသင့်တဲ့အနေအထားရှိနေအောင် ထိန်းထားတဲ့နေရာမှာ ဆေးကိုချည်း အားကိုးမနေပဲ အစားအသောက်ကိုလည်း ဂရုတစိုက် စားသုံးပြီး ဆီးချိုကိုထိန်းသင့်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ လူထုနဲ့ကျန်းမာရေးအစီအစဉ်မှာ ဒေါက်တာသန့်ဇော် ပြောပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်