မြန်မာနိုင်ငံဟာ သတင်းထောက်ဖမ်းဆီးမှု ကမ္ဘာ့ဒုတိယအဆိုးဆုံးနေရာမှာရှိတယ်လို့ နိုင်ငံတကာသတင်းထောက်အခွင့်အရေးအဖွဲ့အစည်းတွေက ပြောပါတယ်။ ကမ္ဘာ့၊မြန်မာ့မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံစစ်ရေးပဋိပက္ခတွေအတွင်း ကလေးသူငယ်နဲ့ အမျိုးသမီး ထိခိုက်နစ်နာမှု ကြီးမားပြီး သက်ကြီးရွယ်အိုတွေအပြင် သူတို့အတွက် စားနပ်ရိက္ခာ၊ ကျန်းမာရေးစောက့်ရှောက်မှုနဲ့ လုံခြုံရေးလိုအပ်ချက်က အထူးများပြားတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်းကွင်းကို ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ထားပါတယ်။
နိုင်ငံရေးပဋိပက္ခတွေနဲ့ မြန်မာနိုင်ငံအရေးကိစ္စဟာကမ္ဘာကို ခြိမ်းခြောက်ကြီးတခုအဖြစ် Foreign Policy မဂ္ဂဇင်းကဖော်ပြပါတယ်။ နှစ်သစ် ကမ္ဘာ့အရေးဖြစ်နိုင်ခြေတွေကို ခန့်မှန်းသုံးသပ်ရာမှာ ထည့်သွင်းထားတာပါ။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
၂၀၂၃ ခုနှစ်ထဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ထူးခြား ဖြစ်စဉ်တချို့နဲ့သုံးသပ်ချက်တွေကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတို့က တင်ဆက်ထားပါတယ်။
စစ်ပွဲတွေ၊ တိုက်ပွဲတွေ နေရာအနှံ့မှာဖြစ်ပွါးနေတဲ့ မြန်မာနိုင်ငံမှာတော့ မိသားစုဝင်တွေပြန်လည်ဆုံတွေ့ကြဖို့ အခြေအနေမပေးသလို ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့လည်း ခရစ္စမတ်ပွဲတော်ကို စိတ်အေးချမ်းစွာ ကျင်းပပြုလုပ်နိုင်တဲ့ ပတ်ဝန်းကျင် အနေအထားမျိုးလည်း မရှိပါဘူး။
အောက်တိုဘာလကုန်ပိုင်းက စတင်ခဲ့တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးဟာ ရပ်တန့်သလောက်ဖြစ်နေသလို ပင်လယ်ရေကြောင်းကတစ်ဆင့် ကုန်သွယ်ရေးဟာလည်း ဒေါ်လာငွေပြတ်လပ်မှု၊ သွင်းကုန်ကန့်သတ်မှုတွေကြောင့် အတော်လေး ကျဆင်းနေပါတယ်။
မြန်မာနိုင်ငံမှာ စစ်ရေးထိုးနှက်ချက်တွေနဲ့ ကြုံနေရချိန် စီးပွားရေးပိုင်းမှာလည်း ဖိအားတွေနဲ့ အာဏာသိမ်း စစ်ကောင်စီ ရင်ဆိုင်နေရပါတယ်။ ကျပ်ငွေတန်ဖိုးကျဆင်းမှု၊ ဒေါ်လာငွေရှားပါး ပြတ်လပ်မှုတို့ကို ကိုင်တွယ်ဖို့ လုပ်ဆောင်ရာကနေ ပြည်တွင်းမှာ လောင်စာဆီပြတ်လပ်တဲ့ အခြေအနေရောက်သွားတာပါ၊
မြန်မာစစ်ကောင်စီဟာ ရှုံးနိမ့်နေပြီး စစ်ကောင်စီပြိုကျသွားချိန်မှာ အာဏာလေဟာနယ်တွေပေါ်လာပြီး ဖရိုဖရဲအခြေအနေတွေ ကြုံရနိုင်တယ်လို့သုံးသပ်သူတွေကထောက်ပြကြပါတယ်။အဲဒီလိုအခြေအနေမျိုးက ရှောင်လွှဲနိုင်အောင် နိုင်ငံတကာအနေနဲ့ NUG အစိုးရနဲ့ ဆက်သွယ် ကူညီဖို့လိုတယ်လို့ မီဒီယာတွေက တိုက်တွန်းရေးသားကြတာတွေ့ရပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရရုံသာမက ပြည်သူလူထုအနေနဲ့ နောက်ထပ်အကျပ်အတည်းအဖြစ် ရာသီဥတုပြောင်းလဲမှုဒဏ်ကိုပါ ပိုတိုးခံစားလာရတယ်လို့ ကုလသမဂ္ဂကျွမ်းကျင်သူတွေက သတိပေးပါတယ်။
မြန်မာနိုင်ငံမှာ ဒီကနေ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ စီးပွါးရေးအကြပ်အတည်း၊နိုင်ငံရေးအကြပ်အတည်းနဲ့ စစ်ရေးပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာရတဲ့ မလုံခြုံမှုနဲ့ မငြိမ်းချမ်းမှုတွေဟာ ၂၀၂၁၊ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းတာကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေဆိုတာကတော့ အထူးပြောနေဖို့ လိုမယ်မထင်ပါဘူး။
မြန်မာနိုင်ငံနေရာအနှံ့မှာ လတ်တလောအသစ်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအရောက်ပို့ပေးနိုင်ရေး အထူးခက်ခဲနေပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေကြား ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
စစ်ကောင်စီရဲ့ စစ်စခန်းကြီးငယ် စုစုပေါင်း စခန်း ၉၀ ဝန်းကျင် သိမ်းယူလိုက်နိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ လက်ရှိအချိန်မှာ နိုင်ငံရေး စီးပွားရေးအကြပ်အတည်းတွေနဲ့အတူ စစ်ရေးအရပါ ဖိအားတွေ ရင်ဆိုင်နေရပြီလို့ သုံးသပ်ကြပါတယ်။ ကမ္ဘာ့၊မြန်မာမာ့မီဒီယာမြင်ကွင်းမှာ သုံးသပ် တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နိုင်ငံရေးပဋိပက္ခအကျပ်အတည်းတွေနဲ့အတူ လူထုမှာ နေ့စဉ်စားဝတ်နေရေး၊ စီးပွားကုန်သွယ်မှု၊ နေထိုင်ရပ်တည်ရေးတွေ ပိုမို ကျပ်တည်းလာကြပါတယ်။
စစ်ကောင်စီက ပို့ကုန်ရငွေကို ထိန်းချုပ်တာ၊ သွင်းကုန်တွေကို ကန့်သတ်တာ၊ ကုန်ဈေးနှုန်းတွေ သတ်မှတ်တာ လုပ်ပြီး စီးပွားရေးကိုကိုင်တွယ်ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ အမိန့်ပေးစီးပွားရေးစနစ်နဲ့သွားနေတဲ့ မြန်မာ့စီးပွားရေးအခြေအနေကို စာရေးသူ ပြည်သွေးနိုင်က အလိမ္မာနဲ့အတူ တင်ဆက်ထားပါတယ်။
NCA စာချုပ်ဟာ အစိုးရ၊လွှတ်တော်၊စစ်တပ်(တပ်မတော်)နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေပါဝင်လက်မှတ်ရေးထိုးကြတာပါ။ခုချိန်မှာ ပြည်သူကရွေးချယ်ထားတဲ့ တရားဝင်အစိုးရ၊တရားဝင်လွှတ်တော် မရှိပါဘူး။စစ်တပ်က အာဏာသိမ်းထားချိန်ဖြစ်ပါတယ်။
နိုင်ငံမှာ ပြည်သူတရားဝင်တင်မြှာက်ထားတဲ့ အစိုးရမရှိပဲ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားရဲ့ တရားဝင်မှုအပေါ် ဆန်းစစ်မှုတွေ ရှိပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေပေမယ့်လည်း၊ ဒီထက် ထိရောက်တဲ့အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကိုကူညီနေသူတွေကပြောပါတယ်။ ဒီတပတ် ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
NUG အနေနဲ့ ပြည်တွင်းအင်အားစုတွေနဲ့ ဟန်ချက်ညီ ချိန်ညှိလုပ်ဆောင်သလို ပြည်ပရောက် မြန်မာတိုင်းရင်းသားပေါင်းစုံနဲ့ လက်တွဲကြိုးပမ်းပြီး နိုင်ငံတကာရဲ့ ထောက်ခံမှုရယူနိုင်ဖို့လိုအပ်ပါတယ်။ ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်