ကချင်ပြည်နယ် ပူတာအိုမြို့နယ် ဆွမ်ပီယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA ကချင်တိုင်းရင်းသားအဖွဲ့ကြား မတ်လ ၃ ရက် ကြာသပတေးနေ့ ညနေကစတင်ခဲ့တဲ့ တိုက်ပွဲတွေ သောကြာနေ့အထိလည်း ဆက်ဖြစ်နေပြီး တိုက်ပွဲတွေအတွင်း ဒေသခံပြည်သူတွေရဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
ရုရှားရဲ့ ကျုးကျော် တိုက်ခိုက်မှု ခံနေရတဲ့ ယူကရိန်းနိုင်ငံ လက်နက်တွေ ဝယ်ယူနိုင်အောင် ထောက်ပံ့မယ့် အစီအစဉ်သစ်တခု ကိုအီးယူ ဥရောပသမဂ္ဂက တနင်္ဂနွေနေ့က ကြေညာပါတယ်။ အရင်က တိုက်ခိုက်ရေးလက်နက်တွေ ထောက်ပံ့ခဲ့ခြင်း မရှိတဲ့ ဥရောပ သမဂ္ဂအနေနဲ့ ပထမဆုံး ကြေညာလိုက်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်
ကချင်ပြည်နယ် ပူတာအိုမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လက်နက်ကိုင် KIA တို့ နေ့တိုင်းနီးပါး တိုက်ပွဲဖြစ်နေတဲ့အတွက် လမ်းပမ်းဆက်သွယ်ရေး ပြတ်တောက်နေပြီး စက်သုံးဆီအပါအဝင် စားသောက်ကုန်တွေ အဆမတန် ဈေးတက်နေပါ တယ်။
ICJ အနေနဲ့ အမှုကို စစ်ဆေးဖို့မသင့်ဘူးဆိုတာကို မြန်မာဘက်က ကိုယ်စားလှယ်တွေနဲ့ ဥပဒေ အကျိုးဆောင်တွေက မနေ့က တင်ပြပါတယ်။ OIC ရဲ့ ညွှန်ကြားချက်နဲ့ ကိုယ်စားလှယ်လုပ်ပြီး စွဲဆိုတာဖြစ်သလို မြန်မာနဲ့ ဂမ်ဘီယာအကြားမှာ တစုံတရာ အငြင်းပွားမှု မရှိခဲ့ဘူးဆိုတာကို အဓိက ထောက်ပြခဲ့ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ကွယ်လွန်သွားပေမယ့် MNDAA ခေါ် ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှာ မူဝါဒ အပြောင်းအလဲရှိမှာမဟုတ်ဘူးလို့ MNDAA ရဲ့ ပြန်ကြားရေးအဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချဖို့နဲ့ လေယာဉ်ဆီ မရောင်းချဖို့အပါအဝင် အရေးယူ ဒဏ်ခတ်မှုတွေချမှတ်နိုင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အမေရိကန်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်ကောင်စီကို လက်နက်မရောင်းချဖို့ လေယာဉ်ဆီ မရောင်းချဖို့ အပါအဝင် အရေးယူ င်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းနဲ့ လက်တွဲကြိုးပမ်းဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီက အမေရိကန် အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
“ပြည်သူ့အုပ်ချုပ်ရေးကဏ္ဍမှာ ထန်တလန်စိုးမိုးနယ်မြေ ရွာပေါင်း (၅၁) ရွာရှိတယ်။ အဲဒီမှာ ရပ်ရွာဥက္ကဋ္ဌ ပေါ့နော် ။ အဲဒါကို ရွေးကောက်ပြုလုပ်ပြီးမှ (၅၁) ရွာလုံးလုံးပေါ့နော်။ ဥက္ကဋ္ဌ တယောက်ချင်းစီရွေးနိုင်တယ်။ အဲဒါကနေ အစပြုတာပေါ့နော။ ပညာရေး၊ ကျန်းမာရေး၊ ပြည်သူ့ရဲ ပေါ့နော်။” ( ရော်မျိုးရမ်- ထန်တလန် CDF ပြန်ကြားရေး)
မြန်မာ့အကြပ်အတည်းတွေ အဆုံးသတ်ပြီး စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းဘက်က ခိုင်မာပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ပျက်ကွက်နေတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဟန့်တားနိုင်ရေးမှာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဘက်ကပျက်ကွက်နေတဲ့အကြောင်း ကုလသမဂ္ဂက မြန်မာအရေးကျွမ်းကျင်သူ အရာရှိဟောင်း ၃ ဦး ဦးဆောင်ဖွဲ့စည်းထားတဲ့ မြန်မာ့အရေး အထူးအကြံပေးကောင်စီက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဦးသိန်းထိုက်ဦး ပြောပြပေးပါလိမ့်မယ်။
မြန်မာစစ်တပ်ပိုင် ကုမ္ပဏီက ထုတ်လုပ်တဲ့ ဘီယာအမှတ်တံဆိပ်အချို့ကို ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် အတွင်းမှာ ရောင်းဝယ်တာ၊ သယ်ယူပို့ဆောင်တာ မလုပ်ဖို့အတွက် ကချင်လက်နက်ကိုင် KIO အဖွဲ့က တားမြစ်ခဲ့တဲ့နောက် နေရာအတော်များများမှာ ရောင်းချတာတွေ မတွေ့ရတော့ကြောင်း ဒေသခံတွေက ပြောကြပါတယ်။
မြန်မာနိုင်ငံမှာ မီးဖိုချောင်သုံးပစ္စည်းတွေ ဈေးတက်နေတဲ့အတွက် ဝင်ငွေနည်းပါးလာတဲ့ မိသားစုတွေ အခက်ကြုံနေကြရပါတယ်။ လက်ရှိအခြေအနေမှာ အလုပ်အကိုင်လည်း ရှားနေတာကြောင့် အများစုက စားဝတ်နေရေးအတွက် အကြပ်ရိုက်နေကြရ။
မန္တလေးနဲ့တခြားမြို့ကြီးတွေမှာပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာတာဝန်ယူခဲ့ကြတဲ့ ကော်မရှင်အဖွဲ့ဝင်ဟောင်းတွေ ဖိအားပေးအရေးယူခံနေရတာတွေရှိနေပါတယ်။ မဲမသမာမှုနဲ့ပက်သက်ပြီး တရား စွဲဆိုတိုင်ကြားခံထားရတဲ့ အမည်မဖော်လိုသူ ကော်မရှင်အဖွဲ့ဝင်ဟောင်းကို ဦးသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုရိုနာဗီဇပြောင်းပိုး အိုမီခရွန် ကမ္ဘာမှာပျံ့နှံ့နေချိန်မှာပဲ ကမ္ဘာမှာ စတ္တုထမြောက်လူဦးရေ အထူထပ်ဆုံး အင်ဒိုနီးရှားနိုင်ငံမှာ အားဖြည့်ကာကွယ်ဆေး စတင်းထိုးပေးနေပါပြီ။ အေပီနဲ့ ရိုက်တာ သတင်းတွေကို အခြေခံပြီး မအေးသန္တာကျော် ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ မဲပေးခွင့်ကန့်သတ်တဲ့ ဥပဒေတွေ ပြည်နယ်တွေက မပြဌာန်းနိုင်အောင် တားဆီးမယ့် ဥပဒေကြမ်းတရပ် အတည်ပြုရေး သမ္မတ Biden တိုက်တွန်း ကြိုးပမ်း နေပါတယ်။ VOA သတင်းထောက် Anita Powell သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
နေရပ်ပြန်ဖို့ဆန္ဒရှိနေတဲ့ မွတ်ဆလင် ၂,၀၀၀ ကို မြန်မာနိုင်ငံထဲ ပြန်လွှဲပြောင်းမယ်လို့ ပြီးခဲ့တဲ့ ၂၀၂၁ ဒီဇင်ဘာလထဲမှာ တရုတ်က မြန်မာဘက်က တာဝန်ရှိသူတွေကို စာပေးပို့ပြီးတဲ့နောက် အခု တနင်္လာနေ့မှာ ပထမဦးဆုံးအနေနဲ့ အယောက် ၄၀ ကျော်ကို စပြီးပို့ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရခိုင်စစ်ပြေးဒုက္ခသည်စခန်းတွေမှာ စားရေးသောက်ရေး မလုံလောက်တဲ့ပြဿနာကြုံနေကြတဲ့အပြင် ဆောင်းရာသီဖြစ်တာကြောင့် စောင်နဲ့ အနွေးထည်တွေ လိုအပ်နေကြပါတယ်။
“ရိုက်နှက်ခံရတဲ့သူတွေက ကြားနာစစ်ဆေးဆဲ အချုပ်တရားခံတွေ ဖြစ်တဲ့အတွက် အထူးတရားရုံးတွေကို လာတဲ့အခါ ဒဏ်ရာကြီး၊ငယ်တွေပါလာခဲ့တာ တွေ့ခဲ့ရတယ်။ နှိပ်စက်ညှင်းပန်းမှုကလည်း တော်တော်ပြင်းပြင်းထန်ထန် လုပ်တာဖြစ်တဲ့အတွက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေရဲ့ ရှေ့နေတွေကတဆင့် တရားသူကြီးတွေကို ကျနော်တို့ ဒဏ်ရာတွေပြတယ်။” (ရှေ့နေ)
ကိုဗစ် 19 ရောဂါကူးစက်မှုတွေကြောင့် အမေရိကန် ကုမ္ပဏီကြီးတချို့ ဒီနှစ် Las Vegas မှာ ကျင်းပမယ့် ၂၀၂၂ နိုင်ငံတကာ အီလက်ထရောနစ် လူသုံးကုန် ပြပွဲမှာ မပါဝင်ကြသလို လာရောက်ကြည်မယ့် ပရိတ်သတ်တွေအပေါ်မှာလည်း ကန့်သတ်ထားပါတယ်။ AP သတင်းဆောင်းပါးကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံရေးမှာ လွှတ်တော် ဝင်ရောက် စီးနင်းခံရတာနဲ့ ဆက်စပ်ပြီး သမ္မတဟောင်းကို အရေးယူရေး လုပ်ဆောင်ချက်တွေ၊ ကိုဗစ်ကြောင့် ထိခိုက်ရတဲ့ စီးပွားရေး လုပ်ငန်းတွေ ထောက်ပံ့ရေး ဥပဒေပြုဖို့ ကြိုးပမ်းချက်တွေ လွှမ်းမိုးခဲ့ပါတယ်။ ဦးသိန်းထိုက်ဦးက စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်