တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသူတွေကို မက္ကဆီကိုဘက်က ထိထိရောက်ရောက် ဟန့်တားမပေးတဲ့ အတွက် အမေရိကန်တောင်ပိုင်း မက္ကဆီကိုနဲ့ နယ်ခြားဂိတ်တွေကို ပိတ်ပစ်မယ်လို့ သမ္မတ Donald Trump က ခြိမ်းခြောက်ပြောဆိုနေပါတယ်။ VOA သတင်းထောက် Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
အမေရိကန်သမ္မတ Donlad Trump ရဲ့ မဲဆွယ်စည်းရေးအဖွဲ့နဲ့ ရုရှားအကြား ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း မရှိဘူးလို့ မစ္စတာ Mueller အစီရင်ခံစာမှာ ဖော်ပြထားပေမယ့် သမ္မတအနေနဲ့ ဥပဒေကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိဆိုတဲ့ကိစ္စမှာတော့ မှတ်ချက် တစုံတရာ ပေးထားခြင်း မရှိပါဘူး။
အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွင်း ရုရှားရဲ့ ဝင်ရောက်စွတ်ဖက်မှုတွေမှာ သမ္မတ Trump အနေနဲ့ ပူးပေါင်းကြံစည်တာ မရှိဘူးဆိုတဲ့ ကနဦး ထွက်လာတဲ့ အကျဉ်းချုပ်ဖေါ်ပြချက်အပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းကြားမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပေးမှာပါ။
အမေရိကန် မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ်အတွက် နိုင်ငံတော်အရေးပေါ်အခြေအနေ ကြေညာထားတဲ့ သမ္မတ Donald Trump ရဲ့ ကြေညာချက်ကို လွှတ်တော်နှစ်ရပ်စလုံးက ပယ်ချပြီးတဲ့နောက် သမ္မတဘက်ကလည်း သူ့ရဲ့လုပ်ပိုင်ခွင့် ဗီတိုအာဏာနဲ့ ထပ်မံ ပယ်ချလိုက်ပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ် နှိပ်စက်မှုက လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အထက်လွှတ်တော်အနေနဲ့ မဲခွဲဆုံးဖြတ်ပေးဖို့ ရိုဟင်ဂျာအရေးထောက်ခံမှုပြသတဲ့နေ့အဖြစ် အမေရိကန်လွှတ်တော်အတွင်း အဖွဲ့အစည်းအသီးသီးက တက်ကြွလှုပ်ရှားသူတွေ တွေ့ဆုံပြီး စည်းရှုံးလှုပ်ရှားခဲ့ကြပါတယ်။ သတင်းသွားယူထားတဲ့ ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
လူသားချင်းစာနာမှုဆိုင်ရာ သတင်းစကားတခုကို ကျနော်တို့နဲ့ တွေ့ဆုံတဲ့ အထက်လွှတ်တော် အမတ်တိုင်း၊ ကွန်ဂရက်စ် လွှတ်တော်က တာဝန်ရှိသူတိုင်းကို ကျနော်တို့ ပြောဆို တိုက်တွန်းသွားမှာပါ။
အမေရိကန်အပါအဝင် နိုင်ငံ ၅၀ ကျော်က ယာယီသမ္မတအဖြစ် အသိအမှတ်ပြုထားတဲ့ ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် Juan Guaido နဲ့ ဗင်နီဇွဲလားသမ္မတ Nicolas Maduro တို့ကြား အာဏာလွန်ဆွဲပွဲအပေါ် ဝါရှင်တန်နိုင်ငံရေးအသိုင်းအဝိုင်းက တိုးပြီးအာရုံစိုက်လာပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
သမ္မတ Donald Trump ရဲ့ ကိုယ်ရေး ရှေ့နေဟောင်း Michael Cohen သမ္မတနဲ့ပတ်သက်ပြီး ဝေဖန် ပြောဆိုချက်တွေဟာ ၁၉၇၀ ခုနှစ်တွေအတွင်း သမ္မတဟောင်း Richard Nixon ကို ရာထူးက ဖယ်ရှားခဲ့တဲ့ Watergate အရှုပ်တော်ပုံကို ပြန်သတိရစရာ ဖြစ်စေတယ်လို့ ပြောဆိုနေကြပါတယ်။ Jim Malone ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ကတင်ပြပါမယ်။
မက္ကဆီကို နယ်ခြားနဲ့ တံတိုင်းကာရေး သမ္မတ Trump ရဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာချက်ကို လက်ခံ၊ မခံ အမေရိကန် အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ဖို့ လုပ်နေပါတယ်။ အထက်လွှတ်တော်က ထပ်ပြီး ပယ်ချခဲ့ရင် သမ္မတ Trump က ဗီတိုအာဏာနဲ့ ပယ်ချနိုင်ပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ဗီယက်နမ်နိုင်ငံမှာကျင်းပခဲ့တဲ့ မြောက်ကိုရီးယားခေါင်းဆောင်Kim Jong Un နဲ့ ဆွေးနွေးပွဲမှာ နျူကလီးယားအရေးနဲ့ပတ်သက်ပြီးသမ္မတ Trump မျှော်လင့်ထားသလိုသဘောတူညီချက်မရခဲ့ပါဘူး။
ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို တုန့်ပြန်ဖို့ တပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် အသုံးပြုမှု ကင်းစင်ရေး အစီအစဉ်တခုကို အမေရိကန် အထက်လွှတ်တော်က မကြာခင် စဉ်းစားတော့မယ်လို့ မျှော်လင့်ရပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန် တောင်ပိုင်း မက္ကဆီကိုနယ်ခြားဒေသမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် သမ္မတ Doanld Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အတွက် ဝါရှင်တန်နိုင်ငံရေးမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အကြား အာဏာလွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ကတင်ပြပါမယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်ခြား တံတိုင်းကာဖို့ တောင်းထားတဲ့ အသုံးစရိတ် လွှတ်တော်က ချမပေးရင်လည်း မဖြစ် ဖြစ်အောင် ဆောက်မယ်လို့ Trump က ပြောဆိုနေပါတယ်။ အစိုးရအသုံးစရိတ်နဲ့ပတ်သက်လို့ အခြေခံအားဖြင့် ပါတီ၂ရပ်က လွှတ်တော်အမတ်တွေ သဘောတူလိုက်ပါပြီ။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန် အစိုးရလုပ်ငန်းတွေ ထပ်မံ မရပ်ဆိုင်းရေး ညှိ့နိုင်းနေတဲ့ ပါတီနှစ်ဖက်စလုံးက အမတ်တွေအကြား အစိုးရ အသုံးစရိတ်ကိစ္စ မူအားဖြင့် သဘောတူညီချက် ရသွားပြီလို့ တနလာၤနေ့ညက ပြောပါတယ်။ Michael Bowman သတင်းပေးပို့ချက်နဲ့အတူ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဗင်နီဇွဲလားနိုင်ငံလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့ဇန္နဝါရီလမှာတာဝန်ယူခဲ့တဲ့လက်ရှိ ယာယီသမ္မတအဖြစ် ကြေညာထားတဲ့ Juan Guaido ဟာ လူထုအုံကြွမှုတွေဖြစ်မလာခင်အချိန်အထိ လူသိများ တဲ့ သူတယောက်တော့မဟုတ်ပါဘူး။ လူငယ်နိုင်ငံရေးသမား Juan Guaido အကြောင်း Bill Rodgers ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနှစ် သမ္မတ Donald Trump နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမယ့်အချိန် အမေရိကန်လွှတ်တော်ဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်နဲ့ မတူတော့ဘဲ ဒီမိုကရက်အမတ်တွေရဲ့ ဆန့်ကျင်ဝေဖန်မှုတွေ သဘောထားကွဲလွဲမှုတွေ ပိုတိုးလာနေတဲ့အချိန်ဖြစ်ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
နာမည်ကျော် မောင့်လပြည့်ဝန်း သီချင်းကို ရေးခဲ့တဲ့ အချိန်တုန်းကတော့ သူ့အသက် ၂၆ နှစ် အရွယ်ပဲ ရှိသေးတဲ့ တေးရေးကိုနေဝင်းရဲ့ အနုပညာခရီးတစိတ်တပိုင်းကို ကိုသိန်းထိုက်ဦးနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ နွားဖမ်းပွဲကြောင့် နှစ် နှစ်အတွင်း လူ ၃၀ ကျော်၊ နွား ၃၀ကျော် သေဆုံးခဲ့လို့ ဒီကစားပွဲကိုပိတ်ပေးဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ပြည်နယ်အစိုးရကို တောင်းဆိုပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အမေရိကန်သမိုင်းမှာ ရက်အကြာဆုံး အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့တာ အဆုံးသတ်သွားပြီမို့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ကို ပြန်လာနေကြပါပြီ။ ဒါပေမဲ့လည်း အမေရိကန်နဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ်အတွက် သဘောတူညီမှု ကတော့မရသေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမယ့် ပါတီဝင်တွေ ခပ်စောစော ခြေလှမ်းတွေ ပြင်နေကြပါတယ်။ ဒါပေမဲ့ ဒီမိုကရက်ပါတီတွင်းမှာ ရှေ့ဆုံးက ဘယ်သူ ဦးဆောင်မယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးတဲ့အကြောင်း VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်