လစ်ဗျား ထိန်းသိမ်းရေးစခန်းက ရွှေ့ပြောင်းလာသူများ
လစ်ဗျားနိုင်ငံက ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ စခန်း ပြီးခဲ့တဲ့ သတင်းပတ်က ဗုံးကျဲတိုက်ခိုက်ခံခဲ့ရ တဲ့အတွက် အရပ်သား ငါးဆယ်ကျော်သေဆုံးပြီး အနည်းဆုံး ၁၃၀ လောက် ထိခိုက်ဒဏ်ရာခဲ့တာကြောင့် ဒီတိုက်ခိုက်မှုအပေါ် ကမ္ဘာတ၀ှမ်းက အစိုးရတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချနေကြပါတယ်။ ဒါပေမဲ့လည်း ဥရောပနိုင်ငံတွေမှာ ဘ၀သစ်ရှာဖို့ အသည်းအသန်ကြိုးပမ်းနေကြတဲ့ ရွှေ့ပြောင်းလာသူတွေကို ဒီလို ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုတွေက မဟန့်တားနိုင်သေးပါဘူး။ VOA သတင်းထောက် Heather Murdock - Tripoli မြို့ကနေ သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။