ရာသီဥတု ပြောင်းလဲမှုတွေနဲ့ ကမ္ဘာကြီး ပူနွေးလာမှုကို တုန့်ပြန်ဖို့ တပြည်လုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ့် ကာဗွန်ဒိုင်အောက်ဆိုက် အသုံးပြုမှု ကင်းစင်ရေး အစီအစဉ်တခုကို အမေရိကန် အထက်လွှတ်တော်က မကြာခင် စဉ်းစားတော့မယ်လို့ မျှော်လင့်ရပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန် တောင်ပိုင်း မက္ကဆီကိုနယ်ခြားဒေသမှာ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် သမ္မတ Doanld Trump နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာလိုက်တဲ့အတွက် ဝါရှင်တန်နိုင်ငံရေးမှာ အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး အကြား အာဏာလွန်ဆွဲပွဲ ပိုပြီး ပြင်းထန်လာပါတယ်။ Michael Bowman ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ကတင်ပြပါမယ်။
အမေရိကန်နဲ့ မက္ကဆီကို နယ်ခြား တံတိုင်းကာဖို့ တောင်းထားတဲ့ အသုံးစရိတ် လွှတ်တော်က ချမပေးရင်လည်း မဖြစ် ဖြစ်အောင် ဆောက်မယ်လို့ Trump က ပြောဆိုနေပါတယ်။ အစိုးရအသုံးစရိတ်နဲ့ပတ်သက်လို့ အခြေခံအားဖြင့် ပါတီ၂ရပ်က လွှတ်တော်အမတ်တွေ သဘောတူလိုက်ပါပြီ။ Zlatica Hoke သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန် အစိုးရလုပ်ငန်းတွေ ထပ်မံ မရပ်ဆိုင်းရေး ညှိ့နိုင်းနေတဲ့ ပါတီနှစ်ဖက်စလုံးက အမတ်တွေအကြား အစိုးရ အသုံးစရိတ်ကိစ္စ မူအားဖြင့် သဘောတူညီချက် ရသွားပြီလို့ တနလာၤနေ့ညက ပြောပါတယ်။ Michael Bowman သတင်းပေးပို့ချက်နဲ့အတူ ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဗင်နီဇွဲလားနိုင်ငံလွှတ်တော်ဥက္ကဋ္ဌအဖြစ် ပြီးခဲ့တဲ့ဇန္နဝါရီလမှာတာဝန်ယူခဲ့တဲ့လက်ရှိ ယာယီသမ္မတအဖြစ် ကြေညာထားတဲ့ Juan Guaido ဟာ လူထုအုံကြွမှုတွေဖြစ်မလာခင်အချိန်အထိ လူသိများ တဲ့ သူတယောက်တော့မဟုတ်ပါဘူး။ လူငယ်နိုင်ငံရေးသမား Juan Guaido အကြောင်း Bill Rodgers ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဒီနှစ် သမ္မတ Donald Trump နိုင်ငံတော် အခြေပြမိန့်ခွန်းပြောကြားမယ့်အချိန် အမေရိကန်လွှတ်တော်ဟာ ပြီးခဲ့တဲ့နှစ်က လွှတ်တော်နဲ့ မတူတော့ဘဲ ဒီမိုကရက်အမတ်တွေရဲ့ ဆန့်ကျင်ဝေဖန်မှုတွေ သဘောထားကွဲလွဲမှုတွေ ပိုတိုးလာနေတဲ့အချိန်ဖြစ်ပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
နာမည်ကျော် မောင့်လပြည့်ဝန်း သီချင်းကို ရေးခဲ့တဲ့ အချိန်တုန်းကတော့ သူ့အသက် ၂၆ နှစ် အရွယ်ပဲ ရှိသေးတဲ့ တေးရေးကိုနေဝင်းရဲ့ အနုပညာခရီးတစိတ်တပိုင်းကို ကိုသိန်းထိုက်ဦးနဲ့တွေ့ဆုံမေးမြန်းထားပါတယ်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း Tamil Nadu ပြည်နယ်မှာ နှစ်စဉ်ကျင်းပတဲ့ နွားဖမ်းပွဲကြောင့် နှစ် နှစ်အတွင်း လူ ၃၀ ကျော်၊ နွား ၃၀ကျော် သေဆုံးခဲ့လို့ ဒီကစားပွဲကိုပိတ်ပေးဖို့ တိရိစ္ဆာန်အခွင့်အရေး ကာကွယ်သူတွေက ပြည်နယ်အစိုးရကို တောင်းဆိုပါတယ်။ AP သတင်းဆောင်းပါးတပုဒ်ကို အခြေခံပြီး ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
အမေရိကန်သမိုင်းမှာ ရက်အကြာဆုံး အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းခဲ့တာ အဆုံးသတ်သွားပြီမို့ ဝန်ထမ်းတွေ လုပ်ငန်းခွင်ကို ပြန်လာနေကြပါပြီ။ ဒါပေမဲ့လည်း အမေရိကန်နဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ်အတွက် သဘောတူညီမှု ကတော့မရသေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြပါမယ်။
ကမ္ဘာအနှံက နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာအကြီးအကဲ စုစုပေါင်း ၃ထောင်လောက်ဟာ ဆွစ်ဇာလန်နိုင်ငံ Davos မြို့က နှစ်စဉ် ကမ္ဘာစီးပွားရေးဖိုရမ်မှာ ကမ္ဘာ့စီးပွားရေးအခြေအနေအလားအလာတွေ သုံးသပ်ဆွေးနွေးဖို့ စုဝေးနေကြပါပြီ။ ဗွီအိုအေ သတင်းထောက် Zlatica Hoke ရေးသားပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦး ပြောပြမှာပါ။
၂၀၂၀ သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်းအဖြစ် ဝင်ရောက်အရွေးခံမယ့် ပါတီဝင်တွေ ခပ်စောစော ခြေလှမ်းတွေ ပြင်နေကြပါတယ်။ ဒါပေမဲ့ ဒီမိုကရက်ပါတီတွင်းမှာ ရှေ့ဆုံးက ဘယ်သူ ဦးဆောင်မယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးတဲ့အကြောင်း VOA သတင်းထောက် Jim Malone သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
အမေရိကန် အစိုးရလုပ်ငန်းတွေ တစိတ်တပိုင်းအားဖြင့် ရပ်ဆိုင်းနေတာ သီတင်းငါးပတ်ထဲ ဝင်လာပြီဖြစ်ပါတယ်။ အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းထားတဲ့အတွက် သိန်းနဲ့ချီတဲ့ ဝန်ထမ်းတွေ ဒုတိယအကြိမ်အဖြစ် ဒီတင်းပတ်ထဲမှာလည်း လစာ မရတော့မယ့်ပုံရှိနေပါတယ်။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
နိုင်ငံခြားရေး ကျွမ်းကျင်သူတွေကတော့ အမေရိကန်ပြည်ထောင်စု အနေနဲ့ နေတိုးမဟာမိတ် နုတ်ထွက်မယ်ဆိုရင် ဒီအဖွဲ့ကြီးကို တလျှောက်လုံး ဝေဖန်နေတဲ့ ရုရှား သမ္မတ Vladimir Putin ကို အကျိုးပြုလိုက်သလို ဖြစ်သွားလိမ့်မယ်ဆိုပြီး သတိပေး ပြောဆိုပါတယ်။ Cindy Saine သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန် အစိုးရလုပ်ငန်းတချို့ ရပ်ဆိုင်းသွားတာ သတင်းလေးပတ်ထဲ ဝင်လာပါပြီ၊ သမ္မတ Donald Trump က မက္ကဆီကိုနဲ့ တံတိုင်းကာဖို့၊ အသုံးစရိတ် ချပေးရေး ဆက်တောင်းဆိုနေသလို၊ ဒီမိုကရက်အမတ်တွေကလည်း ဒါကို လက်မခံသေးပါဘူး။ Michael Bowman သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ် ချထားရေး သမ္မတနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေအကြား သဘောတူညီချက် မရတာကြောင့် အစိုးရလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းထားရပါတယ်။
နိုင်ငံပေါင်း ၁၅၅ နိုင်ငံက နည်းပညာကုမ္ပဏီတွေရဲ့ ပြပွဲပေါင်း လေးထောင်ကျော်ပါဝင်တဲ့ CES ခေါ် အီလက်ထရောနစ် ပစ္စည်းတွေနဲ့ နည်းပညာပြပွဲ အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ် Las Vegas မြို့မှာ ဒီသီတင်းပတ်အတွင်း ကျင်းပပါတယ်။ ဒီအကြောင်း Michelle Quinn ရဲ့ သတင်းလွှာနဲ့အတူ ကိုသိန်းထိုက်ဦး စုစည်း တင်ပြထားပါတယ်။
ရုပ်ရှင်တွေ တီဗွီဇာတ်လမ်းတွေရဲ့ ဇာတ်လမ်းအဆုံးဟာ လူတွေမကြိုက်တဲ့ ဇာတ်လမ်းတခု ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းအဆုံး တခုထက်မကရှိပြီး ကြည့်တဲ့သူက ရွေးချယ်ခွင့် ပြောင်းလဲခွင့်ရှိတဲ့ TV ဇာတ်လမ်းတွေ ပေါ်လာပါတယ်။ Tina Thrinn သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ဒီနှစ်၂၀၁၈ခုနှစ်ဟာကိုရီးယား၂နိုင်ငံအကြားထိပ်သီးတွေ့ဆုံမှုတွေနဲ့သံတမန်ဆက်ဆံရေးတိုးတက်ခဲ့တဲ့သမိုင်းဝင် နှစ်တနှစ်ဖြစ်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာအင်အားပြင်းငလျင်နဲ့ ဆူနာမီရေလှိုင်းကြီးဒဏ် ခံခဲ့ရပါတယ်။၂၀၁၈အတွင်းကြုံခဲ့ရတဲ့ကမ္ဘာတဝှမ်းအဖြစ်အပျက်တွေကို ကိုသိန်းထိုက်ဦးနဲ့ မခင်ဖြူထွေးတို့က စုစည်းတင်ပြထားပါတယ်။
IS စစ်သွေးကြွနှိမ်နှင်းရေး ရည်မှန်းချက်တွေ ပြည့်မြောက် အောင်မြင်သွားတဲ့အတွက် ဆီးရီးယားက အမေရိကန်တပ်တွေ ရုတ်သိမ်းတော့မယ်လို့ သမ္မတ Trump က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။ သုံးသပ်သူတွေကတော့ စစ်သွေးကြွတွေ ပြန်ခေါင်းထောင်လာမယ့်အရေး သတိပေးနေပါတယ်။ Zlatica Hoke သတင်းလွှာကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
နှစ်သစ်ကူးခါနီးအချိန်ဆိုရင် နယူးယောက်မြို့ Taxi အငှားကားမောင်းသမားတွေက သူတို့ ပုံတွေနဲ့ ထုတ်ထားတဲ့ ပြက္ခဒိန်ကို လက်ဆောင်အဖြစ် ပေးနိုင်ဖို့ ပြင်ဆင်နေကြပါတယ်။ ပေါ့ပေါ့ပါးပါးဟာသပုံတွေ ရိုက်ကူးပြီး နှစ်စဉ်ထုတ်နေတဲ့လူကြိုက်များနေတဲ့ ပြက္ခဒိန်အကြောင်းNina Vishnevaရဲ့သတင်းလွှာကို ကိုသိန်းထိုက်ဦး ပြောပြပါမယ်။
နောက်ထပ်ကြည့်ရှုရန်