အမေရိကန် ပြည်ထောင်စု ကိုလိုရာဒိုပြည်နယ် အော်ရိုရာမြို့မှာ ၇၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီပြည်နယ်မှာနေထိုင်နေကြတဲ့ ၂၀၀ ကျော်ခန်ံရှိတဲ့ မွန်တိုင်းရင်းသားတွေက နေ့ထူးနေ့မြတ်ဖြစ်တဲ့ မွန်အမျိုးသားနေ့ကို ဒီပြည်နယ်ပြုလုပ်လာတာဟာ ဒီနှစ်ပါဆိုရင် ၁၄ နှစ်တင်းတင်းပြည့်ခဲ့ပြီးဖြစ်ပါတယ်။
မြန်မာ နဲ့ ယူကရိန်း တွေမှာ ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေကလည်း ရပ်တန့်မသွားဘဲ အရှိန်အဟုန်မြင့်တက်နေဆဲပဲဖြစ်ပါတယ်။ စစ်ပွဲအရဲ့ အစပြုတဲ့အချိန်ကပြီး စစ်ရဲ့ အနိဋ္ဌာရုံတွေကြားမှာ ဖြတ်သန်းလာရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံသူ အန်နာ နဲ့ ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
အရှိန်အဟုန်မြင့်လာနေတဲ့ နှစ်ဖက်စစ်ပွဲတွေကြားမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေတဲ့ မွန်ပြည်နယ်က ဒေသကာကွယ်ရေးတပ်ဖွဲ့ ရေးဘီလူးအကြောင်းကို ယူကရိန်းမြန်မာ လွက်မြောက်ရေးတိုက်ပွဲနှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဒုတိယပိုင်းအနေနဲ့ ဟောင်ဆာက တင်ဆက်ထားပါတယ်။
အရှိန်အဟုန်မြင့်လာနေတဲ့ တော်လှန်ရေးနှစ်ဖက်စစ်ပွဲတွေကြားမှာ တစ်ဖက်တစ်လမ်းကနေ ပါ၀င်နေတဲ့ မွန်ပြည်နယ်က ရေးဘီလူး ဒေသကာကွယ်ရေးတပ်ဖွဲ့အကြောင်းကို ပထမပိုင်းအနေနဲ့ ဟောင်ဆာက တင်ဆက်ထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်ဆီးခံခဲ့ရတဲ့ Frontier Myanmar ရဲ့ အင်္ဂလိပ်ပိုင်း မဂ္ဂဇင်းမှာ အယ်ဒီတာ တာဝန်ထမ်းဆောင်နေတဲ့ Danny Fenster ဟာ ဘယ်လိုပုံစံနဲ့ ဖမ်းစီးခံရပြီးတော့ အင်းစိန်ထောင်မှာ ဘယ်လိုဖြတ်သန်းရလဲဆိုတဲ့အကြောင်းကို ဟောင်ဆာက ဆက်သွယ်မေးမြန်းထားပါတယ်။
စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ ဆန္ဒပြပွဲကနေ လက်နက်ကိုင်လမ်းစဥ်ထိ လျှောက်လှမ်းနေကြတဲ့သူထဲမှာ လူငယ်အများအပြားပါဝင်သလို ဘက်ပေါင်းစုံက အမျိုးသမီးငယ်တွေကလည်း တော်လှန်ရေးမှာ တတ်နိုင်တဲ့ဘက်ကနေ အာဏာသိမ်းစစ်တပ် ပြုတ်ကျရေးအတွက် တတ်နိုင်တဲ့ဝန်ကနေ ပါဝင်နေလျှက်ရှိပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေးမှာ လူငယ်တွေအများကြီး ပေးဆပ်မှုတွေ ရှိနေပါတယ်။ အဲလို ဘဝရင်းပြီး တော်လှန်ရေးအတွက် ပေးဆပ်နေရတဲ့ လူငယ်အကြောင်းကို ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက ဒုတိယပိုင်းအဖြစ် တင်ဆက်ထားပါတယ်။
လူငယ်တွေနဲ့ အစပြုခဲ့တဲ့ မြန်မာ့ နွေဦးတော်လှန်ရေးဟာ အောင်မြင်မှုတွေရရှိနေတယ်လို့ သတ်မှတ်ကြပေမဲ့ တဖက်မှာလည်း ပေးဆပ်မှုပေါင်းများစွာရှိနေပါတယ်။ ဒီအကြောင်းကို ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက ပထမပိုင်းအနေနဲ့ တင်ဆက်ထားပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းစစ်ဟာ အရင်နှစ်ပေါင်းများစွာ အခြေအနေနဲ့ လတ်တလောဖြစ်ပွားနေတဲ့ စခန်းသိမ်းတိုက်ပွဲတွေအကြား ခြားနားချက်တွေရှိနေပါတယ်။ အရင်က ပြည်တွင်းစစ်နဲ့ ယခုနွေဦးတော်လှန်ရေး ကွားခြားချက်အကြောင်းကို ယူကရိန်းမြန်မာနှိုင်းယှဥ်ချက်အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ထွက်ပြေးတိမ်းရှောင်ရတဲ့အထဲ အနုပညာသမားတွေလည်း အများကြီးပါဝင်ကြပါတယ်။ အမေရိကန်ပြည်ထောင်စု ဘက်ဖလိုးမြို့မှာ နေထိုင်ပြီးတော့ ကိုယ်ကျွမ်းကျင်တဲ့အနုပညာနဲ့ တော်လှန်ရေးမှာပါဝင်နေတဲ့ ကဗျာဆရာ ဦးစောဝေ အကြောင်း ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက်အစီအစဥ်ကနေ တင်ဆက်ထားပါတယ်။
မကြာခင်မှာ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ရောက်ရှိတော့မယ့်အချိန်မှာ မငြိမ်းသေးတဲ့ စစ်ပွဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနဲ့ မြန်မာပြည်သူတွေရဲ့ နှစ်သစ်ဆုတောင်းက ငြိမ်းချမ်းရေးပဲ ဖြစ်ပါတယ်။ ဟောင်ဆာ တင်ဆက်ထားပါတယ်။
မကြာခင်မှာ ခရာဇ်ယာန်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ဖြစ်တဲ့ ခရဇ်စမတ်အချိန်ကျရောက်လာတော့မှာဖြစ်ပါတယ်။ မြန်မာအပါအဝင် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတဲ့ ယူကရိန်းမှာ ခရဇ်စမတ်ပွဲတော်ကို ဘယ်လိုပုံစံနဲ့ ဖြတ်ကျော်ကြမလည်း ဆိုတာကို ယူကရိန်းမြန်မာ နှိုင်းယှဥ်ချက် အစီအစဥ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
ယူကရိန်းကို ကျုးကျော်တဲ့ ရုရှား ကျုးကျော်စစ်နဲ့ မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ မြေမြုပ်မိုင်းတွေ အလွန်အကျွံ အသုံးပြုခဲ့တဲ့ဆယ်ဆိုတဲ့ နိုင်ငံတကာ မြေမြှုပ်မိုင်းဆန့်ကျင်တားဆီးရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေ မကြာခင်က ထွက်ပေါ်ခဲ့ပါတယ်။
ယူကရိန်းနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အရပ်သားတွေ ထိခိုက်သေဆုံးရတဲ့ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း လူသားချင်းစာနာမှုအကူအညီတွေ ပေးနေကြတဲ့ အခြေအနေ လက်တွေ့ကူညီနေသူတွေရဲ့ ပြောပြချက် နိုင်းယှဉ်ချက်တွေကို ဟောင်ဆာက တင်ပြထားပါတယ်။
အစ္စရေးနဲ့ ဟာမတ်စ်ကြား ယာယီအပစ်ခတ် ရပ်စဲရေး ပျက်ပြယ်သွားချိန်မှာ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေအတွက်လည်း အခက်အခဲတွေ အကြီးအကျယ် ရင်ဆိုင်နေရပြီး အရေးပေါ် လိုအပ်နေတဲ့ အကူအညီတွေ အမြန်ဆုံးရောက်အောင် ပေးပို့ခွင့်ပြုဖို့ တောင်းဆိုနေပါတယ်။ ဂါဇာဒေသ အကူအညီပေးရေး အခြေအနေ ဟောက်ဆာက တင်ပြထားပါတယ်။
လွိုင်ကော်မြို့တဝိုက်က တိုက်ပွဲတွေထဲ ထိခိုက် ဒါဏ်ရာရတဲ့ အရပ်သားတွေ၊ တော်လှန်ရေးရဲဘော်တွေနဲ့ လက်နက်ချခဲ့တဲ့ စစ်ကောင်စီတပ်သားတွေကို Free Burma Rangers အဖွဲ့ဝင်တွေက ဝင်ရောက်ကယ်ဆယ်ပြီး ဆေးကုသပေးနေပါတယ်။ Free Burma Rangers ဒုတိယပိုင်း အဖြစ် ဟောင်ဆာက တင်ဆက်ပေးထားပါတယ်။
နိုဝင်ဘာလ ၁၁ ရက်နေ့က စခဲ့တဲ့ ကရင်နီဒေသတဝိုက်မှာ နေ့စဉ်ရက်ဆက်ဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ အဲဒီတိုက်ပွဲထဲကနေ ထိခိုက်ဒါဏ်ရာရသူတွေကို ကယ်ဆယ်ပေးနေတဲ့ Free Burma Rangers အဖွဲ့ဝင်အကြောင်းကို ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲ နှိုင်းယှဉ်ချက်အစီအစဉ်ကနေ ဟောင်ဆာက ပထမပိုင်းအဖြစ် တင်ဆက်ပေးထားပါတယ်။
မြန်မာပြည်ထဲ အရင်ကထက် တိုက်ပွဲတွေ ပိုပြင်းထန်လာနေပါတယ်။ တော်လှန်ရေး ဒါမှမဟုတ် စစ်ပွဲတခုမှာ အောင်မြင်မှုရဖို့ လက်နက်အင်အားက အရေးကြီးသလို နည်းဗျူဟာပိုင်းကလည်း ဘယ်လောက်အရေးပါလဲဆိုတဲ့အကြောင်း ယူကရိန်းမြန်မာ လွတ်မြောက်ရေးတိုက်ပွဲနှိုင်းယှဉ်ချက် အစီအစဉ်ကနေ ဟောင်ဆာက တင်ဆက်ထားပါတယ်။
ယူကရိန်းနဲ့ မြန်မာတို့မှာ မပြီးဆုံးသေးတဲ့လွတ်မြောက်ရေးတိုက်ပွဲတွေကြား ခိုအောင်းနေပြီးတော့ လူထုလိုအပ်ချက်တွေကို ဖြည့်ဆည်းလုပ်ဆောင်နေကြသူ အများအပြားရှိတာပါ။ ယူကရိန်းထောက်ပို့စေတနာ့ဝန်ထမ်း အမျိုးသမီးတဦး အကြောင်းကို ယူကရိန်း၊ မြန်မာလွတ်မြောက်ရေး နှိုင်းယှဥ်ချက်အစီအစဥ်မှာ ဟောင်ဆာ တင်ဆက်ထားပါတယ်။
ရုရှား ကျူးကျော်မှုကာကွယ်ဖို့ နိုင်ငံတကာရောက် ယူကရိန်းနိုင်ငံသားတွေ နိုင်ငံကို ပြန်လာသလို မြန်မာမှာ စစ်အာဏာရှင်တိုက်ထုတ်ရေး ပြည်ပကလူငယ်တချို့ ပြန်လာပြီး တော်လှန်ရေးနယ်မြေမှာ စစ်ဘေးရှောင်နဲ့ တပ်ဖွဲ့တွေကို ကူညီကြပါတယ်။ ယူကရိန်း၊ မြန်မာ လွတ်မြောက်ရေး နှိုင်းယှဥ်ချက်အဖြစ် ဟောင်ဆာ တင်ဆက်ပေးထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်