မြန်မာနိုင်ငံနေရာအနှံ့မှာ လတ်တလောအသစ်ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ထွက်ပြေးရသူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအရောက်ပို့ပေးနိုင်ရေး အထူးခက်ခဲနေပါတယ်။
ရှမ်းမြောက်ဒေသ ညီနောင်သုံးဖွဲ့နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုရဲ့ အကျိုးသက်ရောက်မှုတွေဟာ ပိုမိုကျယ်ပြန့်တဲ့ တော်လှန်ရေးလှုပ်ရှားမှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ကမ္ဘာ့မီဒီယာတွေက သုံးသပ်ရေးသားကြပါတယ်။
စစ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့အထိ နိုင်ငံတဝန်း စစ်ရေးပဋိပက္ခတွေကြား အရပ်သားနေအိမ် ခုနစ်သောင်းခွဲကျော် မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ သီးခြားလွတ်လပ်တဲ့ လူ့အခွင့်ရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Data for Myanmar က ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ကယားဒေသအခေါ် ကရင်နီပြည်နယ် ဖရူဆိုမြို့နယ်မြောက်ပိုင်း ငွေတောင်ရွာသစ်တဝိုက်မှာ နိုဝင်ဘာ ၆ ရက် မနေ့ကအထိ ၇ ရက်ဆက်တိုက် ကရင်နီပူးပေါင်းတပ်ဖွဲ့ နဲ့ စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲ တွေ ဖြစ်ပွားနေပါတယ်။
စစ်ကောင်စီရဲ့ စစ်စခန်းကြီးငယ် စုစုပေါင်း စခန်း ၉၀ ဝန်းကျင် သိမ်းယူလိုက်နိုင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ကြည့်မယ်ဆိုရင် စစ်ကောင်စီဟာ လက်ရှိအချိန်မှာ နိုင်ငံရေး စီးပွားရေးအကြပ်အတည်းတွေနဲ့အတူ စစ်ရေးအရပါ ဖိအားတွေ ရင်ဆိုင်နေရပြီလို့ သုံးသပ်ကြပါတယ်။ ကမ္ဘာ့၊မြန်မာမာ့မီဒီယာမြင်ကွင်းမှာ သုံးသပ် တင်ဆက်ထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ် ၃ ဖွဲ့နဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေချိန်မှာပဲ စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာလည်း စစ်တပ်နဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
ကာလရှည်ကြာပိတ်ပင်ထားတဲ့ ထောင်ဝင်စာလူတွေ့ခွင့် စစ်ကောင်စီဘက်က ပေးလိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက အလားတူ အခွင့်အရေးရဖို့မျှော်လင့်နေသလို ဒေါ်အောင် ဆန်းစုကြည်ရဲ့ သားငယ် ကိုထိန်လင်း(ကင်မ်) ကလည်း မိခင်ကျန်းမာရေးနဲ့ပတ်သတ်လို့ ဖုန်းစကား ပြောခွင့်ရဖို့၊ တွေ့ဆုံခွင့်ရဖို့ လိုလားနေတာပါ။
နိုင်ငံမှာ ပြည်သူတရားဝင်တင်မြှာက်ထားတဲ့ အစိုးရမရှိပဲ အာဏာသိမ်းစစ်ကောင်စီက ကျင်းပတဲ့ NCA ၈ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားရဲ့ တရားဝင်မှုအပေါ် ဆန်းစစ်မှုတွေ ရှိပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
မြန်မာနိုင်ငံတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီတွေပေးနေပေမယ့်လည်း၊ ဒီထက် ထိရောက်တဲ့အကူအညီတွေ ပိုလိုအပ်နေတယ်လို့ ဒုက္ခသည်တွေကိုကူညီနေသူတွေကပြောပါတယ်။ ဒီတပတ် ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာ တင်ဆက်ပေးထားပါတယ်။
ရှမ်း-ကယားဒေသက မိုးဗြဲနဲ့ ဖရူဆိုမြို့နယ် တွေမှာ နေ့စဉ်ဆိုသလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ မိုးဗြဲမှာ တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့တဲ့ တနင်္လာနေ့ကစပြီး အခုချိန်ထိ ပစ်ခတ်သံကြားနေရပါတယ်။
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဒေသအခေါ် ဝင်းရော်ဒေသ ခလယ်ကျေးရွာတဝိုက်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲတွေပြင်းထန်ခဲ့လို့ ဒေသခံထောင်နဲ့ချီ အိုးအိမ်စွန်ပြီး ဘေးလွတ်ရာ ပြေးခဲ့ကြရပါတယ်။
မကြာသေးခင်က တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့တာကြောင့် ဒေသခံအများအပြား တိမ်းရှောင်ခဲ့ကြရတဲ့ ဒေသမှာ စစ်ရေးတင်းမာမှုတွေ ပေါ်ပေါက်နေတာကြောင့် စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံမှာ လူထုကိုနှိပ်ကွပ် ထင်ရာလုပ်နေတဲ့ စစ်အာဏာရှင်တွေကို ဒီတိုင်းစောင့်ကြည့်မနေဘဲ မြန်မာနိုင်ငံ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ရေးကြိုးပမ်းဖို့ အာဆီယံနိုင်ငံတွေရဲ့ လူထုက လိုလားနေပါတယ်။ ဒီအကြောင်း ပြည်သွေးနိုင်က သုံးသပ်ပြီး အလိမ္မာနဲ့အတူ တင်ဆက်ပေးထားပါတယ်။
ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက မြို့နယ်တွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံတပ်တွေနဲ့ စစ်ပွဲတွေ တကျော့ပြန် ပြင်းထန်နေပါတယ်။
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောင်ခြမ်းကို စစ်ကောင်စီတပ်တွေက သြဂုတ်လ ၃၀ ရက်နေ့မှာ စစ်ကြောင်း ဝင်ရောက်ခဲ့တဲ့အတွက် ကျေးရွာ ၁၄ ရွာထက်မနည်းက ဒေသခံ ၂ သောင်းကျော် ထွက်ပြေးနေကြရပါတယ်။ ဒေသခံတချို့ သတ်ဖြတ်ခံရပြီး ဖမ်းဆီးခံရသူလည်း ရှိတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။
စစ်ကောင်စီအတွက် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့ အရေးယူလိုက်ပါတယ်။
အာဆီယံအနေနဲ့ မြန်မာစစ်ကောင်စီကိုလုပ်သင့်၊လုပ်ထိုက်တာတွေကို လက်ခံယုံကြည်နိုင်လောက်တဲ့ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာအောင် မလုပ်ဆောင်နိုင်ဘဲအရှေ့တီမောအနေနဲ့ အာဆီယံအပေါ်မှာယုံကြည်မှုမရှိဘူးလို့ ဆိုပါတယ်။ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်း သုံးသပ်ချက်ကို ဆောင်းပါးရှင် ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ပေးထားပါတယ်။
ကရင်နီဒေသမှာ စစ်ရေး ပဋိပက္ခတွေကြောင့် စစ်ပြေးဒုက္ခသည် အရေအတွက် တနေ့တခြား တိုးလာနေပြီး စားနပ်ရိက္ခာ မလုံလောက်တဲ့အတွက် လူတိုင်းကို မကူညီနိုင်တဲ့ အခြေအနေ ရောက်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ကလည်း ပြောပါတယ်။
အခုတလော စစ်တပ်ထိပ်တန်းဗိုလ်ချုပ်ကြီးတွေ၊အဆင့်မြင့်စစ်တပ်အရာရှိကြီးတွေ၊ဖမ်းဆီးခံရတာ၊ရာထူးကဖယ်ရှားခံရတဲ့သတင်းတွေမကြာခဏ တွေ့နေရပါတယ်။ စစ်အာဏာ သိမ်းပြီးကတည်းက နိုင်ငံရဲ့ အထွေထွေ အကြပ်အတည်း ပိုဆိုးသထက် ဆိုးလာချိန်မှာပဲ ဒီလို တပ်တွင်းပြောင်းလဲမှုတွေက ဘာသဘော ဖြစ်နိုင်ပါလဲ။
စစ်ကောင်စီက ဖမ်းဆီးပြစ်ဒဏ်ချထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်တဲ့ သတင်းတွေ ခပ်စိတ်စိတ်ထွက်လာနေတာဟာ အဘက်ဘက်ကအကြပ်ရိုက်နေတဲ့ စစ်ကောင်စီ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထုတ်ကစားပြီလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။ ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းအစီအစဉ်မှာ ဆောင်းပါးရှင်ပြည်သွေးနိုင်နဲ့အတူ အလိမ္မာတင်ဆက်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်