အမေရိကန် ပြည်ထောင်စုမှာ မကြာသေးခင်က အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတွေ ကြုံခဲ့ရပြီးနောက် သေနတ်ကိုင် အကြမ်းဖက်မှုတွေကို တားဆီးရေး ဖိအားပေးမှုတွေနဲ့ သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ဖို့ တောင်းဆိုမှုတွေလည်း ပေါ်ပေါက်လာပါတယ်။ ဦးကျော်ဇံသာနဲ့ ဆွေးနွေးတင်ဆက်ထားပါတယ်။
မေလ(၁၂)ရက် ကြာသပတေးနေ့ စတင်ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးစည်းဝေးပွဲကနေ မြန်မာ့အရေးအတွက် ဘာတွေ မျှော်လင့်နို်င်မလဲဆိုတာ VOA အယ်ဒီတာ ဦးကျော်ဇံသာကို ကိုဥာဏ်ဝင်းအောင် ဆွေးနွေး မေးမြန်းထားပါတယ်။
မတ် ၂၊ ၂၀၂၂ - ယူကရိန်းနိုင်ငံအပေါ် ရုရှားရဲ့ကျူးကျော်မှုကို မြန်မာစစ်ကောင်စီက တက်တက်ကြွကြွ ထောက်ခံနေတာဟာ မြန်မာနိုင်ငံအတွက် အကျိုးစီးပွား တစုံတရာ ဖြစ်ထွန်းနိုင်ပါသလား။ အမေရိကန်တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ၊ မြန်မာ့အရေးကျွမ်းကျင်သူ Christina Fink နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၂၃၊ ၂၀၂၂ - ပြည်ထောင်စုသားတွေ လိုချင်တောင့်တနေကြတဲ့၊ လိုလည်းလိုလားအပ်တဲ့ ဒီကိစ္စမှာ ဘယ်ဘက်က ပိုပြီး လက်တွေ့ ခရီးပေါက်နိုင်ပါသလဲ။ မြန်မာ့အေရးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၆၊ ၂၀၂၂ - နိုင်ငံတကာတရားရုံး (ICJ) မှာ Gambia နိုင်ငံက မြန်မာနိုင်ငံအပေါ် စွဲဆိုတဲ့အမှု မကြာခင်မှာ ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ်။ အမှုသွား အမှုလာ ဘယ်လို ရှိနိုင်ပါသလဲ။ ဥပဒေအထောက်အကူပြုကွန်ရက်က လူ့အခွင့်အရေးရှေ့နေကြီး ဦးအောင်ထူးနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၉၊ ၂၀၂၂ - အာဏာသိမ်းစစ်ကောင်စီအနေနဲ့ သူတိုလုပ်ရပ်တွေကို ရပ်တန့်ပြီး၊ နောက်ပြန်ဆုတ်စရာအကြောင်း မတွေ့ရသလို၊ ပြည်သူတွေကလဲ အာဏာသိမ်းတာကို လက်ခံပြီး၊ စစ်အုပ်ချုပ်ရေး လက်အောက်ပြန်သွားမယ့် အခြေအနေ လုံးဝမရှိဘူးလို့ ICG ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းအကြံပေး Richard Horsey က သုံးသပ်ပါတယ်